🔥 Ep 38 🔥

4.1K 192 4
                                    

ဒေါက် ဒေါက် ဒေါက် .....
"အွန်း...ကိုကို တံခါးခေါက်နေတယ် ဘယ်သူလဲမသိဘူး သွားကြည့်လိုက်ဦး "
မနက်စောစောစီးစီး သူများ​​တွေအိပ်နေတုန်း တံခါးလာခေါက်သံ​
အလင်းစိတ်တိုသွားသည်။

"ငယ် ကိုယ့်ဘာကိုသွားကြည့်လိုက် ကိုယ်အိပ်ချင်သေးတယ် "

"ကျစ်"
စောင်ပုံထဲကထွက်ကာခေါင်းကုပ်ပြီး အိပ်မှုံစုပ်ဖွားနဲ့ထလာသည်။

"ဘယ်သူ "
တံခါးဖွင့်လိုက်တော့ဘယ်သူမှမရှိပေ။
အောက်ငုံကြည့်လိုက်တော့မှ

"အော် ဘာကိစ္စလဲ သူများတွေအိပ်နေတာကို "
အရင်ကအိမ်မှာနှစ်ယောက်တည်း​နေနေကြ အိမ်ထဲထိဝင်ပြီးတံခါးလာခေါက်စရာအကြောင်းမရှိ
အခုလည်းအိပ်ချင်မူးတူးနဲ့ထွက်လာကာ တံခါးဖွင့်ကြည့်လိုက်တော့ ဟိုကောင်မလေး အခန်းဝမှာလာရပ်နေသည်။

"ဟို daddy ရော "

"နင့် daddy အိပ်နေတယ် ဘာလုပ်ဖို့လဲ "

"သမီးဗိုက်ဆာလို့ "

ကျစ်....ရှုပ်လိုက်တာ အိပ်ကောင်းခြင်းမအိပ်ရ။
အစောကြီးထပြီးဘာလုပ်မှန်းမသိဘူး ကိုယ့်ဘာကိုမအိပ်ဘူး။

"အစောကြီးပဲရှိသေးတယ်လေ အိပ်မပျော်ဘူးလား "

"မဟုတ်ပါဘူး sunny ဟိုမှာလည်းဒီချိန်ထနေကြပါ အကျင့်ဖြစ်နေလို့ daddy ဆီသွားလို့ရမလား "

"မရ "

"ငယ် ဘယ်သူလဲ "
အိပ်ချင်မူးတူးအသံနဲ့အခန်းထဲကထအော်သည်။

"Daddy sunny ပါ "

"သမီးလား လာလေ ဝင်ခဲ့ "
ကိုယ်တောင်မပြောရသေးဘူး ကိုယ့်ကိုကျော်ပြီးအခန်းထဲပြေးဝင်သွားသည်။

"Daddy ထတော့လေ "
လက်သေးသေးလေးတွေနဲ့သွေးရတုပါးကိုလာကိုင်သည်။
အလင်းကတော့ တံခါးပိတ်ပြီး စောင်ပြန်ခြုံကာဝင်အိပ်နေသည်။

"အင်း....daddy ခဏလောက်အိပ်ချင်သေးတယ်
လာသမီးကိုဖက်ပြီးအိပ်မယ် "
ကလေးကိုချီပြီးဆောင်ထဲထည့်ကာဖက်အိပ်လိုက်သည်။

"Daddy မရဘူး ထ သမီးဗိုက်ဆာလို့ ဘာမှလည်းမရှိဘူး မနက်စာလုပ်ပေးဦး "

The First Hate, The Last Love Where stories live. Discover now