နွေဦးဖူးစာ ( Unicode )

130 9 0
                                    


(၁)

လူဖြောင့်စိတ်တိုဆိုတာက ရှောင်းကျန့်ရဲ့ နာမဝိသေသန တစ်ခုပဲ။ လူက ရခိုင်ဇာတိ ၊ ပုံမှန်ဆို အနေအေးပေမယ့် မတရားတဲ့ကိစ္စမျိုးနဲ့ ကြုံကြိုက်လာခဲ့ရင်တော့ ရှောင်းကျန့်တို့က လက်သံပြောင်တယ် ။

အထက်တန်းစာမေးပွဲမှာ အမှတ်ကောင်းလေတော့ ရှောင်းကျန့်တို့ ရန်ကုန်တက္ကသိုလ်မှာ တက်ခွင့်ရတယ်။ လူရိုးကလေး ရှောင်းကျန့်ရဲ့ တက္ကသိုလ်ကျောင်းသား ယူနီဖောင်းက ပုဆိုးရယ်၊ ဖြူသန့်နေတဲ့ အင်္ကျီလက်ရှည်ရယ် ။ ဂုတ်ထောက်နေတဲ့ ဆံပင်မတိုမရှည်နဲ့ ရှောင်းကျန့်က တက္ကသိုလ်ရဲ့ လူချောကလေး ဖြစ်လာတယ်။

ဟိတ်ဟန်လုပ်ခြင်း သိပ်မရှိပေမယ့် ရှည်လျားတဲ့ အရပ်အမောင်းရယ် ၊ ချောမောလွန်းတဲ့ ရူပကာရယ်၊ ကိုယ့်အကျိုး ရှိချင်ရှိ မရှိချင်နေ သူတစ်ပါး ဒုက္ခရောက်တာတွေ့ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကူညီချင်စိတ်ကလေးရယ်ကြောင့် ရှောင်းကျန့်က Universityရဲ့ The Whole King ဖြစ်လာခဲ့တယ်။ ကျောင်းသူပျိုမေတွေအကြား ရေပန်းစားချက်ကတော့ ဆိုဖွယ်မရှိအောင်ပါပဲ။

...

(၂)

"ဖုန်းလိုင်းတွေ ပြတ်သွားတယ်ကွ"

တက္ကသိုလ်တွေကို covid19 ကပ်ရောဂါကြောင့် ပိတ်ထားပေမယ့် ရှောင်းကျန့်တို့တတွေက ရခိုင်မပြန်ဘဲ အဆောင်မှာ စုပေါင်းစပ်ပေါင်း ဆက်ပြီး နေထိုင်ကြသေးတယ်။ အရာအားလုံးကလည်း အေးဆေးတယ် ။ ပကတိ ငြိမ်းလို့ချမ်းလို့။

ဒါပေမယ့် ဖေဖော်ဝါရီလရဲ့ ပထမဆုံးရက်မှာတော့ အခန်းတစ်ခန်းဆီက အော်သံကျယ်ကျယ်က အပူအပင်ကင်းကင်း အိပ်မောကျနေတဲ့ ရှောင်းကျန့်ရဲ့ မနက်ခင်းကို ပျက်စီးစေတော့တာပဲ ။

"ဘာတွေဖြစ်နေကြတာလဲ"

ရှောင်းကျန့်ရဲ့အမေးကို ဘယ်သူကမှ အရေးလုပ်ပြီး ဖြေပေးမနေကြဘူး။ အပြင်က ပြန်လာဟန်တူတဲ့ ပါမောက္ခဆရာဆီကိုပဲ အကျိုးအကြောင်း ပြေးဆင်းပြီး မေးမြန်းနေကြတာတွေ့ရဲ့ ။ ရှောင်းကျန့်ကတော့ တီဗီချန်နယ်လိုင်းတစ်ခုကို ကောက်ဖွင့်ကြည့်လိုက်သေးတယ်။ လိုင်းတွေပါ ပြတ်တောက်နေတဲ့အခါ ဆရာ့ထံ ရှောင်းကျန့်လည်း ရောက်ရတော့တာပဲ။

နွေဦးဖူးစာ By REDDY BRIDE Where stories live. Discover now