Soft (Part-10)

835 56 12
                                    

အခုတော့ ရင်ခွင်ထဲက အကောင်ငယ်လေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေပြီ Jeongyeon Unnieလည်းအဆင်ပြေသည်ထင်ပါရဲ့ ကားပေါ်ရောက်ကတည်းက ဘာမှမပြော

"အားလုံး အေးဆေးပဲလား Unnie"

"အေးဆေးပဲ ဒါနဲ့ ဒီကလေးမကိုဘယ်လိုလုပ်မလဲ"

"ဟမ် ကျွန်မမသိဘူးလေ။"

"မသိလို့မရဘူး နင့်အိမ်မှာခေါ်ထားလိုက်"

"Unnie ရှင်သိရဲ့သားနဲ့ ကျွန်မက အိမ်မှာတစ်ယောက်ထဲပဲနေတတ်တာလေ"

"ခဏပါပဲ တစ်ပတ်လောက်နေရင် နင့် Entမှာ training ဆင်းခိုင်းမယ်"

"ဒီကလေးမလေးကိုလား"

"ဒါပေါ့ ငါ့အတွက်အကျိုးအမြတ်မရပဲ ငါဘယ်အလုပ်မှမလုပ်ဘူးဆိုတာသိတယ်မလား"

"အင်း တစ်ပတ်လောက်ပဲနော်"
-
-
At Seoul

"Oppa Sanaအိမ်ကိုအရင်သွားလိုက်နော် "

"Nae Mrs"

စကားသံတွေကိုတော့ Sanaနဲ့Tzuyuကြားမယ်မထင်
နှစ်ယောက်စလုံး နှစ်ခြိုက်စွာအိပ်ပျော်နေပြီမို့လို့ပေါ့

"Sana ထတော့ အိမ်ရောက်ပြီ"

Jeongyeon Unnieလှုပ်နိုးမှ Sanaတစ်ယောက် နိုးလာတယ် လူကလည်း လှုပ်လှုပ်ရွရွဖြစ်သွားတာကြောင့် ဖက်ထားတဲ့tzuyuပါ နိုးသွားတယ်ထင်ပါရဲ့
နိုးနေပြီမို့ ကလေးကိုအရင်စကားပြောကြည့်ပြီး
အိမ်ထဲခေါ်တာကောင်းမယ်

"Tzu "

"......."

"မင်း ခံစားချက်ကို တို့ကောင်းကောင်းနားလည်ပါတယ်
ဒါပေမဲ့ အိမ်ထဲအရင်၀င်ရအောင် မင်းအခု စိတ်ချရတဲ့နေရာရောက်နေပါပြီ"

"Sana Unnie tzuကဆိုးလားဟင်"

"မဆိုးပါဘူး မင်းနဲ့သိပ်မရင်းနှီးပေမဲ့ မင်းကဆိုးတဲ့ကလေးမဟုတ်ဘူးဆိုတာ တို့ကောင်းကောင်းကြီးသိတယ်"

Sanaစကားကြောင့် tzuတစ်ယောက် မျက်ရည်များကျနေရင်းနဲ့ပင် ခနဲ့တဲ့အပြုံးနှင့် ရီမိသည်။

"ဒါဆို ဘာလို့ ရောင်းစားခံရတာပါလိမ့်နော်"

"မတွေးနဲ့တော့ မင်းအခု တို့ပိုင်နက်ထဲရောက်နေပြီ
တို့ရယ် Unnieရယ်က မင်းကိုကောင်းကောင်းကြီးပျိုးထောင်ပေးမှာမို့လို့ အဲ့စိတ်ပျက်စရာကောင်းတဲ့ မင်းရဲ့အဒေါ်အကြောင်းမတွေးနဲ့တော့"

You've reached the end of published parts.

⏰ Last updated: Oct 07, 2021 ⏰

Add this story to your Library to get notified about new parts!

SoftWhere stories live. Discover now