Chapter3

74 4 0
                                    

ထိုသို့ နှစ်ဖွဲ့ပေါင်းမိပြီးနောက်ပိုင်း Sehun Chanyeol နှင့် Kris သည် တစ်တွဲတွဲ ဖြစ်လာခဲ့သည်.

နဂိုထဲကတော့အေး''ဆေး'' နေတတ်သော.Luhan ကတော့ Kai နဲ့စာတမ်းကိစ္စဆွေးနွေးလိုက် Lay နှင့်
တခါတရံ ကော်ဖီဆိုင်ထိုင်ကြသည်မှလွဲ၍

Sehun နှင့်အထူးတလည်တော့မရင်းနှီးခဲ့ပါ..

"Hun-na. .''

"Wae~ ''

"မင်း Luhan နဲ့ဘယ်လိုလဲ ငါတို့နှစ်ဖွဲ့သာ ရင်းနှီးသွားကြတာ.. မင်းတို့နှစ်ယောက်က စတွေ့တုန်းကအတိုင်း
ပုံမှန်ပါပဲလား..''

" အေး ရင်ထဲမှာတော့ ရှိပါတယ် Yixing ရာ..
သူက သူ့ဟာသူအေးဆေးနေတတ်တော့ ငါလဲ မနှောင့်ယှက်ချင်တာလဲပါတယ်. "

"အေးကွာ မင်းအဆင်ပြေတယ်ဆိုလဲ ပြီးတာပဲ..
အဲ..ခုနက မင်းရေချိုးခန်းဝင်နေတုန်း Yifan ဆီက ဖုန်းလာလို့ ဂျုံအင်ကိုင်လိုက်တယ်..''

"အေး Yifan က နှင်းလျှောသွားမလို့တဲ့.. ငါတို့ကိုလဲ
လိုက်မလား မေးတယ်.. မင်းကိုလဲ ဖုန်းပြန်ဆက်ပေး တဲ့''

"အေးအေး..ငါပြန်ဆက်လိုက်မယ်.. မင်းတို့ကလိုက်မှာလား..Yixing ရော..''

" ငါမလိုက်တော့ဘူး မင်းတို့တွေပဲသွားကြ..ငါ Assigement တွေလုပ်နေရတာနဲ့ ပိတ်ရက်ကလေးတော့ အိပ်ဦးမယ်..''

"ဒီကာလနဂါးကတော့.. အခုတလော.ကန်တင်းထိုင်လဲ
အသကုန် သေနေပြီးတော့..

ဂျုံအင် မင်းရော..''

" ငါလဲ နားဦးမယ် ပြီးခဲ့တဲ့အပတ် အိမ်ပြောင်းပြီးထဲက
ကောင်းကောင်းကိုမနားရသေးတာ..''

အိမ်ပြောင်းသည်ဆိုသည်မှ ပြီးခဲ့တဲ့အပတ် Sehun တို့
ဖုတ်ပူမီးတိုက် အိမ်ပြောင်းလာသည်ကိုသတိရမိသည်.

ကတိုက်ကရိုက်ဖြစ်သဖြင့် ဂျုံအင်တို့ကို အိမ်မှာ ပစ္စည်းချရန် အပ်ခဲ့ပြီး Sehun မှာ ရပ်ကွက်ရုံးသို့ စာရွက်စာတန်း
ကိစ္စ ပြေးရပြန်သည်.

အခုမှ စပြောင်းခါစဖြစ်သဖြင့် အမောင်ဆယ်ဟွန်းတစ်ယောက် လမ်းတွေလည်ကာ တော်တော်နှင့် ရပ်ကွက်ရုံး
မရောက်နိုင်ဖြစ်နေတုန်း လှုပ်လဲ့လှုပ်လဲ့လျှောက်လာသော
ဖြူပုပုသမင်လေးကိုတွေ့လိုက်သည်.

_Third wheel_Where stories live. Discover now