ချစ် ခြင်း၏အစ
___________________________________*ကျွန်တော် ညနေကျောင်းအ ပြန် အချစ်ကို အိမ် ပြန်ပို့ပီး တစ်လနေလို့ ၁ခါမရောက်တဲ့ Maeနဲ့pawဆီ ခြေ ဉီးတည့်လာပါတော့တယ် လာရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ကိစ္စ အသိပေးရုံလေးသာ~~*
"ဟယ်!!အကိုလေး အိမ်လာတယ်"
*ကျွန်တော်လဲ အိမ်အပေါက်ရောက်ရောက် ခြင်း အိမ်က အကူကောင်မလေးက ပြောလိုက် ခြင်းသာ*
"Pawတို့ရှိတယ်မလား"
"ဟုတ်ကဲ့~~ရှိပါတယ် အကိုလေး"
*ဒါနဲ့ ကျွန်တော်လဲ အိမ် ဧည့်ခန်းထဲ ၀င်လာတော့ ကျွန်တော့်ရဲ့pawနဲ့maeကိုတွေ့ပါပီ *
"သားလေး~~အိမ်အလည်လာတာလား"
*ကျွန်တော့ကိုလဲ တွေ့ရောmaeက ပြာ ပြာသလဲ ထပီး လက်ဆွဲပီး ဇွတ်ထိုင်ခိုင်းနေတော့သည်။ pawကတော့ ခပ်တည်တည် ကျွန်တော့ကို အ ကြည့်တစ်ချက် ကြည့်ပီး သူ့ဖတ်နေတဲ့ စာ ကို ပြန်အာရုံစိုက်နေတယ်*
"အသိပေးစရာရှိလို့"
"ဘာများလဲ သားရဲ့ "
"ကျွန်တော် ကျောင်းပီးရင် ကျွန်တော့် ချစ်သူနဲ့ လက်ထက်တော့မယ်"
"သားမာ ချစ်သူတောင်ရနေပီလား သူက ဘယ်ကလဲ ဘာအလုပ်လုပ်လဲ"
"ကျစ်~~အဲ့တာတွေကြောင့် စိတ်မရှည်တာ ကျွန်တော်ပြောပီးပီလေ အသိပေးရုံပဲ ကျန်တာ သိစရာမလိုဘူး"
"တစ်ခုတော့ ပြောထားလိုက်မယ် သူက မိန်းကလေးတော့မဟုတ်ဘူး"
"ဘာ!!!"
*ထိုအာမေဋိတ်ကတော့ ဘေးနားက ငြိမ်နေတဲ့ Pawဆီက ထွက်လာတဲ့ အသံပင်*
"မင်းက ယောကျာ်းချင်းတွဲနေတာ မရှက်ဘူးလား ငါလုံးဝသဘောမတူနိုင်ဘူး off ငါပတ်ဝန်းကျင်မာ ဘယ်လိုမျက်နှာ ပြရမလဲ"
"အဟက်~~သဘောမတူလဲ ကျွန်တော်က ရအောင်ယူမာ ပတ်ဝန်းကျင်ကို ဂရုစိုက်နေတဲ့ထဲမာ ကျွန်တော် ပါတယ်များထင်နေလား"
"Off!!မင်း!!"
"အစထဲက အသိပေးရုံလို့ ပြောပီးပီပဲ အခုပြောပီးပီဆိုတော့ ကျွန်တော့်ကို ပြန်ခွင့် ပြုပါဉီး"