- 2 -

704 120 2
                                    

Unicode

နောက်နေ့ရောက်တော့ ကုန်းကျွင်း နင်းလာတဲ့စက်ဘီးအပြာလေးက ပုံမှန်ထက်နှေးနေတယ် ။ မျက်လုံးတွေကလည်း ကမ်းခြေတစ်ခုလုံးကို လှည့်ပတ်ကစားလို့ ။အကြောင်းက ဇင်ယော်ငှက်လှလှလေး နဲ့များထပ်တွေ့မလားလို့ပါ ။ နေပါဦး ကုန်းကျွင်းက ထူးဆန်းနေတယ်မဟုတ်လား ၊ မနေ့က အဲ့ဒီကျန်းကျယ်ဟန့် ဆိုတဲ့သူနဲ့ဆုံပြီးကတည်းက ပုံမှန်မဟုတ်တော့တာ ။ အဲ့ဒီလူက စိတ်ပိုင်းဆိုင်ရာပြသနာရှိနေပုံပါပဲ ၊ ဒါကြောင့်လည်း ကလေးဆန်နေတာ။ ပုံမှန် အဲ့လိုရောဂါရှိတဲ့သူတွေက ဘယ်လိုမျိုးလဲ သူမသိဘူး ၊ ဒါပေမယ့် အဲ့ဒီလူကတော့ တအားကိုချစ်ဖို့ကောင်းတယ်လို့ သူထင်တယ် ။ အဲ့တာဆို ထူးဆန်းတာ အဲ့ဒီလူမဟုတ်ဘဲ သူဖြစ်နေမယ်ထင်တယ် ။

အတွေးထဲမြောနေတုန်းမှာပဲ .. ရှာဖွေနေတဲ့ငှက်ကလေးကို ကုန်းကျွင်းရှာတွေ့သွားတယ် ။

ကမ်းခြေရဲ့ အစပ်လေးမှာ ရေထဲကို ခြေထောက်လေးနဲ့ သွားတို့ကြည့်လိုက် ၊ ရေစီးလာရင် ပြန်ပြေးလာလိုက်နဲ့ ၊ ဒီမြင်ကွင်းက သူ့အတွက်တော့အကြည့်လွှဲချင်စရာကိုကောင်းမနေဘူး ။ တကယ်ပဲ ကလေးလေးတွေ ရေစဆော့သလိုလေး။ဟော ဟော .. ရေအစပ်နားသွားလိုက် ပြေးလိုက်လုပ်နေရင်း ထိုင်လျှက်ပြုတ်ကျပြီ ၊ ဒါပေမယ့် ထိုလူက သူဘာသာပြုတ်ကျပြီး သဘောကျသလိုလေး ဗိုက်လေးနှိပ်ပြီးရယ်လို့နေသေးတာ ။ တကယ် ဘယ်လိုဟာလေးလဲ ။ သူလည်းပဲ အဲ့ဒီလူကိုကြည့်ရင်း ပြုံးနေမိတာ မယုံနိုင်စရာပဲ ။

မဖြစ်သေးပါဘူး ၊ ဒီမြင်ကွင်းလေးကို ထပ်ကြည့်ချင်သေးပေမယ့်လည်း ဦးလေးရန်တို့ဆိုင်ကို သွားရဦးမှာမို့ စက်ဘီးအပြာလေးကိုသာ နင်းထွက်လာခဲ့လိုက်တယ် ။ ဒါပေမယ့် သူ့ရဲ့ မျက်လုံးထဲမှာတော့ စောစောကရေဆော့နေတဲ့လူရဲ့ ပုံရိပ်တွေသာထပ်လို့ ၊ စိတ်တွေကလည်း အဲ့ဒီနေရာမှာပဲကျန်ခဲ့ပါလိမ့်မယ် ။


"ကောကော .. ငါ နင့်ကိုပြောစရာရှိတယ်"

"မပြောနဲ့"

"နင်ဟာလေ ငါပြောရင်ဘယ်တော့မှနားမထောင်ဘူး"

"ဘာလဲ နင်ပြောမှာ ကမ်းခြေလာတဲ့ ကောင်လေးတွေအကြောင်းပဲမလား ၊ ငါကဘာကိစ္စနားထောင်ရမှာလဲ ၊ စိတ်မဝင်စားဘူး "

HAN [ Complete ]Where stories live. Discover now