Unicode
ပင်လယ်ပြင်က လာတဲ့ ရေလှိုင်းတွေက ကျောက်ဆောင်တွေကို တဝုန်းဝုန်းနဲ့ ရိုက်ခတ်နေတယ် ။ သဲသောင်ပြင်ပေါ်က ဇင်ယော်ငှက်အချို့ကလည်း နားလိုက်ပျံလိုက်နဲ့ ။ ခပ်လှမ်းလှမ်းက ကြားနေရတဲ့ သီချင်းသံသဲ့သဲ့ကလည်း နားထဲတစ်ချက်တစ်ချက်တိုးဝင်လာသေးတယ် ။ ပင်လယ်ပြင်နဲ့နီးတာကြောင့် တိုက်ခတ်လာတဲ့လေအေးတွေကလည်း အင်္ကျီအပါးလေးဝတ်ထားတဲ့ ကိုယ်ပေါ် ရက်ရက်စက်စက် တိုက်ခတ်တာမို့ ခန္တာကိုယ်က အနည်းငယ် ချမ်းစပြုနေပြီ ။ ဒါပေမယ့်လည်း ဒီနေရာကနေ မခွာနိုင်သေးဘူး ။ ဘာလို့ဆို အဲ့ဒီလူက ပြောခဲ့တယ် ၊ သူ့ကို ဒီနေရာမှာစောင့်နေတဲ့ ၊ သေချာပေါက်ပြန်လာခဲ့မယ် တဲ့လေ ။ အဲ့တာကြောင့် .အချိန်လေးနည်းနည်းလေး လွဲသွားမှာတောင်စိုးရိမ်တာကြောင့် သူက ဒီနေရာမှာ နေ့ညမပြတ်စောင့်နေတတ်တယ် ။ နေ့လည်ပိုင်း စိုက်ခင်းထဲသွားတဲ့အချိန်နဲ့ ညပိုင်းအိပ်တဲ့အချိန်ကလွဲရင်ပေါ့ ၊ ဒါတောင် အခုလို အဲ့ဒီလူကို သောက်ရမ်းလွမ်းတဲ့ညတွေဆို အိပ်မပျော်လို့ ဒီနေရာကိုထွက်လာပြီး ရောက်များလာမလားလို့ စောင့်နေတတ်သေးတာ ။ ဒါပေမယ့် သူက မေ့နေတာ ၊ အဲ့ဒီလူက ' စောင့်နေပါ ' လို့ပဲပြောခဲ့တာ ' ပြန်လာမယ် ' လို့တော့မပြောခဲ့ဘူးလေ ။
-------------------------------------------------------
နေရောင်ခြည်နွေးနွေးက ပင်လယ်ပြင်ပေါ် တစ်စတစ်စ ကျရောက်လာတယ် ။ မနက်ပိုင်းဆို ကမ်းခြေက ဦးလေးတို့ဆိုင်ကိုသွားပြီး ဝိုင်းကူနေကြမို့ အခုလည်း ပြင်ဆင်ပြီး သွားဖို့လုပ်ရတယ် ။ ဆိုင်မှာက ဦးလေးရဲ့သမီး သူ့ဝမ်းကွဲ ညီမ ရှပ်ပြာမ တော့ရှိပါရဲ့ ဒါပေမယ့် ကမ်းခြေလာသမျှ ကောင်လေးတွေကိုထိုင်ကြည့်ဖို့ကလွဲရင် သူမက အသုံးဘာမှမရှိဘူး ။ အဲ့တာကြောင့်ပဲ ဦးလေးရန်တို့က သူ့ကို အားကိုးနေတာ ။
"မာမား ၊ သား သွားပြီနော်"
"အေး သား ဂရုစိုက်သွားဦး "
"ဟုတ်ကဲ့ပါ မား"
မီးဖိုခန်းထဲကနေ အသံသာထွက်လာတဲ့ အမေဖြစ်သူကို သူလည်း နှုတ်ဆက်ပြီးသာထွက်လာလိုက်တော့သည် ။ စီးနေကြ စက်ဘီး အပြာရောင်လေးကို ထုတ်ပြီး ပုံမှန်လိုပဲ ခပ်ဖြေးဖြေးနင်းလာလိုက်တယ် ။ ကမ်းခြေရဲ့ လတ်ဆတ်တဲ့ အရသာက နေနေကြ ဖြစ်တဲ့ သူတွေကိုတောင် ရိုးအိသွားခြင်းမရှိဘဲ အမြဲလိုလို လန်းဆန်းစေတာမျိုး ။ မျက်လုံးတွေကို ခဏမှိတ်ပြီး ပြန်ဖွင့်လိုက်ချိန်မှာပဲ သူ့အရှေ့တည့်တည့်ကို လာတိုးတဲ့ စက်ဘီးအဖြူရောင် တစ်စီး ။
YOU ARE READING
HAN [ Complete ]
FanfictionGong Jun ♡ Zhang ZheHan သဲသောင်ပြင်ပေါ်ကို ခဏတာ လာနားသွားတဲ့ ဇင်ယော်ငှက်လေး ကို အမြဲသတိရနေတယ်တဲ့ ။ Cover photo by WangYue Started - April 12,2021 Finished - May 26,2021 My first JunZhe Fan Fiction