Precarious Devotion
LuHan ထိုနေရာမှ လှည့်ထွက်သွားတော့မှ ရေချိုးခန်းထောင့် အမှောင်ထဲကနေပြီးတော့ ခြေတစ်စုံလှမ်းထွက်လာခဲ့သည်။ ထွက်လာခဲ့သူက ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေဆဲ ဖန်ကွဲစတွေကို အသာအယာ ရှောင်တိမ်းကာ ဧည့်ခန်းထဲဝင်လာခဲ့သည်။
နေအပူကြောင့် ခြောက်သွေ့နေသော ကြမ်းပြင်က သူ့ခြေထောက်ကို ခပ်ကြမ်းကြမ်းထိတွေ့သည်။ လေဒဏ်၊ နေဒဏ်ကြောင့် ဆွေးနေသာ ပြတင်းပေါက်လိုက်ကာတို့ကလည်း လေထဲမှာ တဖျတ်ဖျတ် လွင့်ပါးနေဆဲ။
သူညာဘက်ကို ကြည့်မိတော့ သူ့ကိုကျောပေးထားသော အရောင်မသဲကွဲသော ပုံရိပ်တစ်ခု။ သူ့ရင်ထဲကအခုပဲ တစ်ချက်စစ်ခနဲ နာလာသလား။ ကွန်ပျူတာ screen ပေါ်မှာ ပေါ်လာသော စာကြောင်းတွေနှင့်အတူ စာရိုက်သံက စည်းချက်ကျကျ ထွက်ပေါ်နေသည်။
သူ ဆိုဖာပေါ်ထိုင်ရင်း ကွန်ပျူတာနှင့် အလုပ်ရှုပ်နေသော မိုးရေတွေစိုရွှဲနေသည့် အသားဖြူဖြူ ဆံပင်ညိုညိုကောင်လေးကို ကြည့်နေမိသည်။ အပြင်ကပျံ့လွင့်လာသော တူရိယာသံလေးတစ်ခုကို ကီးဘုတ်ရိုက်သံတွေနဲ့အတူ နားဆင်ရင်း သူပြုံးလိုက်မိသည်။
~<>•<>•<>•~
Soo တဲ့။ သူ့ကို အဲ့ဒီ့နာမည်ခေါ်တိုင်း သူပြုံးပဲပြုံးမိပါသည်။ Lu ဆိုသော မျက်လုံးလက်လက်လေးတွေနှင့် သူမို့လို့ သူ့ကို မိန်းကလေးနာမည်မျိုး ပေးတတ်ပါပေသည်။ ဒါကြောင့်လည်း သူက Lu လို့ပြန်လည် ခေါ်တွင်ခဲ့တာပဲလေ။
သူတို့နှစ်ယောက်ရဲ့ နှလုံးသားတို့ စတင်ခုန်စပြုလာတာက နီးကပ်လျက်ရှိေူာ လွန်ခဲ့တဲ့နှစ်တွေကပါ။ Soo ဆိုသောသူ့ရဲ့ ကလေးဘဝက အားနည်းချက်တစ်ခုက အပူဆိုတဲ့အရာ။ အပူကို စတင်ကြောက်ရွံ့ခဲ့တာ သူ့မိသားစုကို မီးတောက်မီးလျှံတွေ ဝါးမျိုပြာကျစေခဲ့တဲ့နေ့က စပြီးတော့ဖြစ်သည်။ အဲ့ဒီ့တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ ဂဃနဏ မမှတ်မိ။ ဒါပေမဲ့ သေချာတာက အနီရောင်မီးတောက်တွေ သူ့ကို စွဲလောင်ခဲ့အချိန်မှာ ပစ္စည်းတွေအားလုံးရဲ့ ကွဲအက်သံတွေကို ကြားခဲ့ရတယ်ဆိုတာပါ။
YOU ARE READING
Precarious Devotion
Fanfiction❛Precarious Devotion❜ - Do Kyung Soo & Luhan [DoLu/LuSoo/HanSoo] - Two Shots - Not Edited - Disappointment ㊣