ချိုမြိန်သောချစ်ခြင်း (အပိုင်း ၂)

25 2 2
                                    

ဒင်းဒေါင် ဒင်းဒေါင်း…

ကျွန်တော်အတွေးလွန်နေ၍ ဖေဖေပြန်လာသည်ကိုပင် မသိလိုက်ချေ။

ဖေဖေ :‌ ဟေ့ဘယ်သူ့မှမရှိကျဘူးလား။တစ်
             ယောက်လောက်တံခါးလာဖွင့်ပါအုံး
             ဟ။

"အိမ်ရှေ့မှဖေဖေအော်ခေါ်သံကြား၍ကျွန်တော်ပြေးထွက်လာခဲ့သည်"

ဖေဖေ : ငါဒီလောက်ခေါ်နေတာမကြားရအောင်မင်းကဘာလုပ်နေတာလဲ။

နေသွေး : ကျွန်တော်အိမ်နောက်ဖေးရောက်နေလို့မကြားလိုက်တာပါဖေဖေ။

ဖေဖေ : မင်းအမေကောဘာလုပ်နေလဲ။

နေသွေး : နေမကောင်းလို့အိပ်နေတယ်ဖေဖေ

ဖေဖေ : အော်!အေအေ။ဖေဖေရေချိုးလိုက်မယ်ပီးရင်တို့သားဖတွေထမင်းစားကျတာပေါ့။

နေသွေး : ဟုတ်ကဲ့,ဖေဖေ။သားထမင်းပွဲပြင်ထားလိုက်မယ်။

ဖေဖေ : အေအေ။

'ခနကြာတော့ဖေဖေရေချိုးပီး၍ထွက်လာသည်။သားဖနှစ်ယောက်စကားပြောရင်းထမင်းစားနေချိန်မေမေမှနိုးလာကာ'

‌မေမေ : အော်ရှင်တို့သားဖတွေထမင်းစားနေကျပီလား။

ဖေဖေ : အေးမင်နေမကောင်းဘူးဆိုငါဆန်ပြုတ်ပြုတ်ပေးရမလား။

မေမေ : ရပါတယ်။မပြုတ်တော့ဘူး။

ဖေဖေ : အော်ဒါနဲ့သားမောင်လင်းသန့်‌တစ်ယောက်ပြန်ရောက်နေပီဆို။

'ဖေဖေကသူပြန်ရောက်နေပီကိုဘယ်လိုသိလဲဆိုတာတော့ကျွန်တော်မသိဘူးဖေဖေမေးချိန်ကျွန်တော်ဘာပြန်ဖြေရမှန်းမသိတာတော့အမှန်ပေ'

'ဒီလိုနဲ့ကျွန်တော်တို့မိသားစုထမင်းစားပီးကျရာအဖေနဲ့အမေမှ TVကြည့်ရန်ဧည့်ခန်းထဲသို့ဝင်သွားသည်'

'ကျွန်တော်လည်း အိပ်ခန်းထဲသို့ဝင်လာရာ မိုးဆွေဆီမှဖုန်ခေါ်ထားတာ တွေ့၍ ကျွန်တော်လည်း ပြန်ခေါ်လိုက်သည်'

နေသွေး : ဟဲလို!အေး မိုးဆွေမင်းငါ့ကိုဖုန်းခေါ်ထားတာတွေ့လို့ ငါပြန်ခေါ်လိုက်တာ ဘာလဲကိစ္စရှိလို့လား။

မိုးဆွေ : ဟာ! ဟေ့ဟျောင့် မင်းဆီ ငါက ကိစ္စရှိမှဖုန်းဆက်ရမာလားကွ။

နေသွေး : မဟုတ်ပါဘူးကွာ မင်းကဒီချိန် ဖုန်းမှမခေါ်ဘူးတာ။

မိုးဆွေ : ငါမင်းကိုပြစရာရှိတယ် မင်းလိုင်းတက်ခဲ့ကွာ။

နေသွေး : အေးအေး ငါတက်ခဲ့မယ်။

'မိုးဆွေဖုန်းချသွားပီးနောက် ကျွန်တော်လည်း လိုင်းပေါ်တက်ခဲ့ရာ ကျွန်တော်တို့သူငယ်ချင်းလေးယောက်ရဲ့group chat တွင်မိုးဆွေ ပုံတစ်ပုံ ပို့ထားသည် ကျွန်တော်လည်း ဝင်ကြည့်လိုက်ရာ ထိုလူမှာ ကျွန်တော်နဲ့အရမ်းရင်းနှီးခဲ့ဖူးသော သူ၏ဓာတ်ပုံဖြစ်နေ‌သည် အတိတ်ကချစ်ခဲ့ဖူးသောသူတစ်ယောက်ကို အပြင်မာပြန်တွေ့ဖို့မပြောနဲ့ဓာတ်ပုံထဲမြင်နေရသည်ကိုပင် စိတ်လှုပ်ရှားနေရသည် ထိုချိန်တွင်ဂျုးဂျုးမှ ကျွန်တော့်အားစလာသည်'

ဂျုးဂျုး : ဟဲ့သွေးနင့်လူကြီးကအရင်ကထက်တောင်ပိုချောလာတယ်နော် ငါနင်တို့ကို ပြန်ချိတ်ပေးရမလာ။

မင်းခန့် : ဟဲ့အမှောင်မစိတ်ထိန်းစမ်းနင်ကတစ်ကမ္ဘာလုံးမှာရှိသမျှယွကျားတိုင်းလင်ပေးစားနေတော့မှာလား။

မိုးဆွေ : ဟုတ်ပါ့ကွာ သူမှောင်ချက်က လက်လန်တယ်။

နေသွေး : မှောင်ကြီးနင်ကောလင်မယူသေးဘူးလာ ဟဲဟဲ။

ဂျူးဂျူး : အောင်မာလင်ယူစရာလားကိုယ့်ထမင်းကိုယ်စားပီး အရှမခံနိုင်ပါဘူးတော်
ဒါပဲအေ ငါဇာတ်လမ်းတွဲအသစ်သွားကြည့်တော့မယ်။

မိုးဆွေ : အေး ငါလည်းအိပ်တော့မယ်မနက်စောစောထရမာမို့ကွာ။

မင်းခန့် : အေအေ ကြွကြွ ငါလည်း ဂိမ်းဆော့တော့မယ်။

နေသွေး : အင်းပါ ငါလည်းအိပ်တော့မယ်။
               ဘိုင့်...

'ကျွန်တော်လည်းသူတို့ကို အိပ်တော့မည်ဟုပြောကာနှုတ်ဆက်ပီး လိုင်ပေါ်ကဆင်းခဲ့သော်လည်း ထိုညကကျွန်တော်အိပ်မပျော်ခဲ့ချေ'

💜💜💜💜💜💜💜💜💜💜💜💜💜💜

ချိုမြိန်သောချစ်ခြင်းWhere stories live. Discover now