အခန်း(၁)
Zawgyi+Unicodeတကယ်လို့အရာအားလုံးအသစ်ကပြန်စလို့ရမလားလို့ငါမေးခဲ့ရင် သေချာပေါက်
နင် ငါ့မေးခွန်းကိုလှောင်ရယ်ပြီးဖြေလိမ့်မယ်...
ဘာလဲ ပြန်စမယ်ဆိုရင် နင်က ငါနဲ့ မဆုံချင်လို့လားဆိုပြီး
တကယ်လို့သာနင်ငါ့ကို ပြန်ဖြေခဲ့ရင် သေချာပေါက် ငါ အင်းဆိုပြီး ခေါင်းငြိမ့်ခဲ့မိမှာပဲ.....
ကောင်လေးတစ်ယောက် တည်ငြိမ်တဲ့မျက်နှာ
သွင်ပြင်နဲ့တောင်တန်းတွေရဲ့အလှပကိုရှုစား
ကြည့်ရှူနေပေမယ့် မျက်ဝန်းကတော့ ဆွေးမြေ့စွာတစ်စုံတစ်ယောက်ကိုလွမ်းနေကြောင်းသက်သေထူနေလေရဲ့......တကယ်လည်းဟုတ်ပါတယ်
သူ တစ်စုံတစ်ယောက်ကို သတိရနေတာပါ......လွန်ခဲ့သောသုံးနှစ်ခန့်
ဟန်တစ်ယောက် ကျောင်းကနောက်ကျနေပြီဖြစ်သော်လည်း လက်မှာကိုင်ထားသောမုန့်ကိုအမိရစားကာကျောင်းတော်ကြီး
ထဲကို တစ်ရှိန်ထိုး အမြန်ပြေး ဝင်လာလေသည်။ သူကျောင်းခန်းထဲသို့မဝင်ခင် တစ်စုံတစ်ယောက် ကိုသတိထားမြင်မိလိူက်တာကြောင့်
သူ့ခြေလှမ်းများရပ်တန့်သွားကာ ထိုသူကိုကြည့်လိုက်လေသည်။
မင်းအဲ့မှာ ဘာလုပ်နေတာလဲ.....
သူမေးလည်းမေးချင်စရာပင် ။ ထိုသူက ကျောင်းခန်းအပေါက်၏အရှေ့ဘက်တွင်ရှိသောမြောင်းလေးထဲတွင် ဝင်ကာ
ခါးကုန်းပြီး တစ်စုံတစ်ခုကို ငုတ်ကြည့်နေလေသည်။ မြောင်းဆိုပေမယ် ရေမရှိပဲ ခြောက်နေသောကြောင့် လူဆင်းပြီး
လမ်းလျောက်လို့ရတဲ့အခြေနေမျိုးပါ.။ဒါမယ့် စာသင်ခန်းကနေလှမ်းကြည့်ရင်တော့ မြင်နိုင်တဲ့အနေထားမှာမရှိ..။
ဒါကြောင့်လည်းအတန်းထဲက ဆရာမက ထွက်လာကြည့်တာမျိုးမရှိတာလည်းပါမယ်။
ထိုကောင်လေးက ဟန်ရဲ့ မေးခွန်းကိုကြားလိုက်ပြီးနောက် ခါးကုန်းနေရာမှ ပြန်မတ်လိုက်ကာ
လက်ထဲမှာလည်းကြောင်လေးတစ်ကောင်နဲ့ သူ့ကို ပြုံးပြီး ကြည့်လိုက်ရင်း
ကြောင်လေးတွေ့လို့.... လက်ကလေးက ကြောင်လေးကိုပါမြှောက်ပြရင်းပြောလိုက်လေသည်။
ဟန်က သူသိချင်တာကို သိပြီးသွားတဲ့ခါ ဘာမှပြန်မပြောတော့ပဲစာသင်ခန်းထဲသို့ ဝင်သွားတော့တယ်။
ကြောင်တောင်တောင်လေးရပ်ပြီးကျန်ခဲ့တဲ့ ထိုကောင်လေးရဲ့ နာမည်က ဇွန်တဲ့.......
YOU ARE READING
F.R.I.E.N.D သူငယ်ချင်း ( New BL)
Romanceတည်တည်ငြိမ်ငြိမ်နေတတ်တဲ့အကျင့်ရှိပြီး အမြဲအထီးကျန်နေသလိုခံစားနေရတဲ့ကောင်လေးက မိသားစုအများကြီးနဲ့အချစ်တွေကို လက်ခံရရှိထားတဲ့ကောင်လေး နဲ့တွေ့ဆုံလာတဲ့အခါမှာ မတူညီတဲ့အပြုမူ တွေနဲ့ ရန်ခုန်သံတွေဖြစ်တည်လာပုံကိုရေးဖွဲ့ထားဝာာဖြစ်ပါတယ်။ ရှုပ်ထွေးမှုအနည်းငယ်မှ...