Zawgyi+Unicode
အခန်း (၆)
ချစ်ခွင့်ပန်တဲ့နေ့
ဇွန်တစ်ယောက်ပွင့်ဖြူကိုချစ်ခွင့်ပန်ရမှာကြောင့်လားမသိအနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ ပေးမယ့်လက်ဆောင်ကိုလည်း မမေ့အောင်သူလွယ်အိတ်ထဲလည်း းထည့်ထားလိုက်လေသည်။
အောက်ဆင်းလာတော့အမဖြစ်သူက သူ့ကိုတွေ့ုလိုက်တဲ့ခါ လက်ဟန်ခြေဟန်ပြပြီးလှမ်းခေါ်လိုက်လေရဲ့။
အနားရောက်တဲ့ခါသူနားကိုအနည်းငယ်ကပ်လိုက်ပြီးလေသံတိုးတိုးလေးဖြင့်မေးလာလေတယ်။
နင် ဒီနေ့လား"
အင်း ( ပြတ်သားတဲ့လေသံမျိုးဖြင့်သူပြန်ဖြေလိုက်လေသည်။)
သေချာလို့လား "
ဘာကိုလဲ "
သူ့ကိုချစ်တာသေချာလားမေးတာ ….နင်တို့နောက်မှ ပြသနာတတ်ရင် သူငယ်ချင်းတောင်ဖြစ်ဖို့မလွယ်တော့ဘူးနော် ငါရော အမေရောကပွင့်ဖြု မိဘတွေနဲ့ရင်းနှီးတာ "
ဇွန် သူ့အမရဲ့ စကားကြောင့် အနည်းငယ်တွေဝေသွားသည်။။ ဒါမယ့်ခဏတွင်းချင်းမှာပဲ အမြန်ပြန်ပြုံးပြလိုက်ကာ
သေချာပါတယ် ကျွန်တော်နောက်ကျတော့မယ် သွားပြီး အမကား ကိုကျွန်တော်ယူသွားမယ်နော် "
ပြောလည်းပြောခုံပေါ်က ကားသော့ကို ဇွန် ယူသွားပါတော့တယ်…။
ဟန် ရေမိုးချိုးပြီး ဇွန် အကူညီတောင်းထားတဲ့ ကိစ္စကိုလုပ်ရန် အိမ်ကနေထွက်လာခဲ့လေသည်…. သူပန်းကိုယူကာဇွန် ရှိတဲ့နေရာဆီအမှီပို့ပေးရမှာဖြစ်လေသည်….. ချိန်းထားတဲ့အချိန် အတိုင်း သူ ပို့ပေးချင်မိတယ် သူနောက်ကျရင်
ဇွန် စိတ်ပူပန်နေမှာကို သူမလိုလားတာကြောင့်ပါ….
ပန်းဆိုင်ရောက်တော့ ဆိုင်ရှင်က သူ့ကိုမြင်တာနဲ့မှတ်မိတဲ့ပုံပါပဲ နှုတ်ဆက်ကာ မှာထားတဲ့ပန်းကိုချက်ချင်း ထပေးလေတယ်။
ဟန်လည်းပန်းယူလာပြီးနောက် ကားငှားလိုက်ကာ ဇွန်ဆီသို့ ထွက်လာခဲ့လေသည်….။ကော်ဖီဆိုင်တစ်ခုတွင်ဖြစ်သည် ……ကော်ဖီဆိုင်ဆိုပေမယ့် လူရှင်းပြီး လူရှုပ်နေတာမျိုးမရှိပဲ လူသုံးလေးယောက်သာရှိလေသည်…. ဆိုင်လေးထဲတွင် သံစဉ် ငြိမ့်ငြိမ့်လေး ဖွင့်ထားတာက ဇွန်တို့ နှစ်ယောက်အတွက် ပိုရင်ခုန်စရာကောင်းနေလေသည်. ..အထူးသဖြင့် ချစ်ခွင့်ပန်မယ့် ဇွန့်အတွက်ပိုရင်ခုန်အောင်ဖန်တီးနေသလိုမျိုး….
"နင် ငါ့ကိုဒီခေါ်လာတာ ထူးထူးခြားခြား ပဲပုံမှန်ဆို နင့် မွေးနေ့နဲ့င့ါမွေးနေ့မှလာတာမဟုတ်ဘူးလား "
ပွင့်ဖြူက သံသယဖြစ်နေတဲ့ပုံစံနဲ့ မေးခွန်းတွေမေးတော့ ဇွန် ဖြေရခက်နေလေသည်.ထိုချိန်မှာပဲ ဟန်ဆီက ဖုန်း ဝင်လာပါလေတော့တယ်…..။ ဇွန် ဖုန်းကိုကိုင်လိုက်ကာ ပွင့်ဖြုကိုဖုန်းသွားပြောအုံးမယ်ဆိုပြီးလက်ဟန် ခြေဟန်နဲ့ပြလိုက်ပြီးတော့ ဇွန်ဖုန်းကိုင်ရင်းထွက်လာခဲ့လေသည်။
ဟန် မင်းဘယ်မှာလဲ "
ငါဆိုင်နားမှာပဲ ဒါမယ့်မင်းကိုမတွေ့ဘူး"
ဟန်က ဇွန်ကိုမတေ့ွခင်မှာပဲ ဇွန်က ဟန်ကိုအရင်တွေ့သွားပြီး ရောက်လာလေသည်.။ ဟန် ပန်းစည်းကိုလှမ်းပေးလိုက်ပြီး
နောက် ဇွန်ကို ပြုံးပြလိုက်ရင်း
အဆင်ပြေပါစေ..."
ဇွန် လည်းဟန်ဆီက စကားကိုကြားလိုက်ရတော့ ခေါင်းငြိမ့်ကာ အင်းလို့ပြန်ဖြေပြီး ထွက်သွားခဲ့လေသည်….။ထွက်သွားတဲ့ဇွန်ရဲ့ ကျောပြင်ကို ဟန်ငေးကြည့်ရင်း ရပ်ကျန်နေခဲ့မိတယ်။
YOU ARE READING
F.R.I.E.N.D သူငယ်ချင်း ( New BL)
Romanceတည်တည်ငြိမ်ငြိမ်နေတတ်တဲ့အကျင့်ရှိပြီး အမြဲအထီးကျန်နေသလိုခံစားနေရတဲ့ကောင်လေးက မိသားစုအများကြီးနဲ့အချစ်တွေကို လက်ခံရရှိထားတဲ့ကောင်လေး နဲ့တွေ့ဆုံလာတဲ့အခါမှာ မတူညီတဲ့အပြုမူ တွေနဲ့ ရန်ခုန်သံတွေဖြစ်တည်လာပုံကိုရေးဖွဲ့ထားဝာာဖြစ်ပါတယ်။ ရှုပ်ထွေးမှုအနည်းငယ်မှ...