အခန်း(၁)နွေဦးပေမယ့် လေရှူးတွေသည်
နွေဦးဆန်မနေခဲ့.... မိုးလေပါသော
လေရှူးကြောင့် မကြာခင်မိုးသည်းထန်
နိုင်၏။ကားတွေကလည်းဒီနေ့မှပိုပိတ်သလို
ဒီလိုဆိုဟိုကိုအချိန်နောက်ကျမှရောက်တော့မည်သာ။ထိုစဥ် အမဆီကထပ်phဝင်ခဲ့ပြန်သည်
အခုလာနေပြီဖြစ်ကြောင်း
ဘာမှလက်မလွန်ဖို့ တားရင်း
ကားကိုခပ်မြန်မြန်
ကျော်တတ်ရင်းမောင်းနေခဲ့ရ၏။အထက်တန်း ရောက်နေပြီဖြစ်သော
တူမလေးက သူချစ်ရသူနှင့်ပျောက်သွားတာ
ရှေ့အပတ်ထဲကထုံးစံအတိုင်း လူငယ်သဘာဝချစ်ကြိုက်မိတော့
အိမ်ကအဆက်ဖြတ်ခိုင်းသည်ကို
လက်မခံကာမရမက ချစ်ရသူအနောက်လိုက်သွားခြင်းဒီအရွယ်လေးတွေက စိတ်ကစားတာကို
အဟုတ်ကြီးထင်နေကြ၏အချစ်ကို သိပ်ကိုလွယ်လွယ်လေး တွေးပုံ
အင်းလေ ခလေးတွေပဲကို....
ခလေးမို့လို့ ခလေးအတွေးတွေနေခြင်းပေါ့ဟိုရောက်သွားတော့ အိမ်ရဲ့အပေါ်ဆုံးထပ်
ဝါရန်တာမှာနစ်ယောက်သားအတင်းအကျပ်
ဖက်ထားကြ၏ တူမလေးဖက်ထားသည်ကို
သူကပြန်ပွေ့ထားကာ အမပြောသမျှ တောင်းပန်ပါတယ်
မခွဲပါနဲ့လို့သာ တသွင်သွင်ဆိုနေခဲ့၏ကောင်လေးပုံစံက အရမ်းကြီးလည်းဆိုးသွမ်း
မယ့်ပုံမပေါ်...အဓိကက
အမက မျိုးဂုဏ်ငွေဂုဏ်
နည်းနည်းကြည့်တတ်တော့ လက်မခံနိုင်သည့်ပုံမျက်လုံးဝိုင်းဝိုင်းလေးနဲ့ ရှေ့သွားကြီးကြီး
လေးနစ်ချောင်းက ဒီကောင်လေးရဲ့ရိုးသားမှု့ကို
ထင်ဟပြသနေခဲ့၏"Jimin ရောက်ပြီလား
ဒီကောင်ကိုအပြင်ဆွဲထုတ်သွားပေး"ကိုယ်ရောက်လာတာသတိထားမိသည်နှင့်
ဆွဲထုတ်ဖို့သာဆူနေတော့၏ကြည့်ရတာ ရိုက်နက်မောင်းထုတ် ပြီးသားပုံ..
ကောင်လေး၏မျက်နာတွင်လည်းဒဏ်ရာ
တချို့ရှိနေခဲ့၏။အမကို ကိုယ်ရအောင်ခလေးတွေကို
ပြောယူမည်ဟုကတိပေးကါ ထိုနေရာမှ
ထွက်သွား ခိုင်းလိုက်မိ၏။
သူဝင်ဝင်ပြောနေရင် ဆုံးမလို့ရမည်မဟုတ်ပါ
