ZAWGYI
ဘေးနား တစ်ယောက်သောသူရှိနေတယ်ဆိုတဲ့ အသိ
က သူ့မျက်လုံးတွေအား မမှိတ်သွားအောင် ဆွဲ
ဆောင်ထားသည်။မဖြစ်ဘူး..သူအိပ်ပျော်မှ ရမည်။အိပ်မပျော်ပျော်အောင် အိပ်လိုက်တော့ သူအိပ်ပျော်
သွားသည်ထင်...တစ်ဖက်ဘေးစောင်းအိပ်ရတာ ညောင်းလာတော့ နောက်တစ်ဖက်ဘေးစောင်းအိပ်
မိသည်။ထိုအချိန်မှာဘဲ သူ့မျက်နှာအနံ့ ထိတွေ့လာသည့် နူးညံ့တဲ့အထိအတွေ့လေးတစ်ခု...မျက်လုံးတွေ ဖွင့်ချင်ပေမယ့်လဲအိပ်ချင်ဇောနဲ့မျက်လုံးတွေက ဖွင့်လို့မရ...ဆက်လက်မှိတ်ထားရင်းနဲ့သာ အထိအတွေ့အာရုံကို သူခံစားနေသည်။
သူ့နှုတ်ခမ်းပေါ် ကြာရှည်စွာတည်မြဲနေတဲ့ လက်
ကလေးတစ်ချောင်းက နူးညံ့သည်ထက်ပို၏။
ထို့နောက်ခံစားလိုက်ရတာက သူ့နှာဝလေးအား လာရိုက်ခတ်နေတဲ့ လေညှင်းနွေးနွေးလေး...
တဖြည်းဖြည်းနီးကပ်လာသည်နဲ့အမျှ အိပ်ယာခင်း
စအား လက်နဲ့ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။တစ်ယောက်ဝင်လေထွက်လေတစ်ယောက် ရှူရှိုက်
နေမိသလို နှာခေါင်းထိပ်လေးအချင်းချင်း ထိကပ်နေမှုကိုလဲ သူခံစားနေရသည်။သူသာ မျက်လုံးဖွင့်ကြည့်လိုက်မိရင် ဘာဆက်
ဖြစ်သွားမလဲ...ကြာလာတော့ သူမျှော်လင့်နေသည့် နူးညံ့မှုအထိ
အတွေ့လေး ရောက်မလာတော့ဘဲ ဖယ်ခွာသွား
သည်ကို ခံစားလိုက်ရ၏။
အင်း...မျှော်လင့်နေမိတဲ့ သူ့အမှားသာ...နေရာရွှေ့ပြောင်းသံနဲ့အတူ သူမျက်လုံးဖွင့်ကြည့်
လိုက်တော့ ကျောပေးအိပ်နေပြန်သော လူသားလေး...လူလည်လေး..သူများအိပ်နေတာကို အခွင့်အကောင်း
ယူပြီး ခိုးနမ်းဖို့ကြံတယ်ပေါ့...
ဒါပေမယ့် ဘာတွေကများ အကို့ရဲ့အကြံအစည်
ကိုတားဆီးလိုက်ပြန်ပြီလဲကွာ..ကျွန်တော်တို့နှစ်
ယောက်ကြားမှာ ရှိတဲ့ စည်းက အဲ့လောက်တောင်ပဲ ခြားထားသလား...ကျွန်တော်ခွင့်မပြုဘဲ ကျွန်တော့နှလုံးသားထဲဝင်လာ
တဲ့ အကိုက အခုလဲ ကျွန်တော့ခွင့်ပြုချက်မရဘဲ ထွက်သွားဖို့ပြင်နေပြန်ပြီ...
ဧည့်သည်အဖြစ်ရောက်လာတယ်ဆိုလဲ အိမ်ရှင်ဆီက
ခွင့်ပြုချက်ရမှ ပြန်သင့်တာပေါ့..
YOU ARE READING
𝙼𝚈 𝙱𝙴𝙻𝙾𝚅𝙴𝙳 [𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionတစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ တစ်ခါတရံ ကိုယ်သိပ်ချစ်တယ်လို့ထင်တဲ့သူဟာဘဲ ကိုယ်တစ်ကယ်မချစ်တဲ့လူတစ်ယောက် ဖြစ်နေတတ်သည် ❤ Main couple - Kookjin / Vmin Side couple - Taejin / Sope Yoai Romance