part 23 💜💞💝💜

1.1K 88 8
                                    

ပြတင်းပေါက် က​နေမျက်နှာ​ပေါ်ကို နမ်းရှိုက်လာတဲ့ ​နေ​ရောင်ခြည်​နွေး​နွေး​ကြောင့် ​ဂျောင်ကု အိပ်ယာက နိုးလာပီး မျက်လုံးမဖွင့်​သေးပဲ ဟိုစမ်းဒီစမ်းနဲ့လုပ်​နေမိသည် ။

​ဘေးနားက လစ်ဟာ​နေတဲ့ခံစားမှု​ကြောင့် မျက်လုံးကို အသာဖွင့်ကြည့်​တော့ ​ဘေးနားမှာထယ် က မရှိ​။  အောက်ဆင်းသွားပီထင်တယ်။ ​​

ဂျောင်ကုလဲ မျက်နှာသစ် သွားတိုက် လုပ်ပီး​အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။ ​အောက်ထပ်​ရောက်​တော့ မြင်​လိုက်ရတာက မီးဖိုခန်းထဲမှာတလှုပ်လှုပ်​နဲ့​ရှိ​နေတဲ့ ကျောပြင်ငယ်​လေး။ ​ဂျောင်ကု ထယ့် ကို   ​စ​နောက်ကာ ဖြင့် နောက်ဘက်က​​နေ သိုင်းဖက်လိုက်ကာ ပါးစပ်ကလဲ​မေးခွန်းတချို့ကို ​မေးလိုက်မိတယ်။

' ကင်မ် ....'

' ဟင် ..အင်း ..ဂျွန် .'

​ရှေ့က ​ပေါင်မုန့်မီးကင်စက်ထဲက​ပေါင်မုန့်အချို့ကိုယူရင်း ယိုသုတ်ရင်းတန်းလန်းက​နေပြန်​ဖြေလာတယ်။

' ကိုယ် စလိုက်တာ လန့်လဲမလန့်ဘူး  ..'

' လန့်မလားဂျွန် ရဲ့ .ဂျွန် ​ခြေသံက ကြား​နေရတာကို ကဲ ဖယ်​ပေးပါအုံး ...'

​​ဂျောင်ကု လဲ ထယ့်ကိုလွှတ်​ပေးပီး ခုံမှာဝင်ထိုင်လိုက်သည်။ ထယ်က ​ပေါင်မုန့် ယိုသုတ်နဲ့ ​ကော်ဖီ တစ်ခွက်ကို ​ဂျောင်ကု​ရှေ့သို့ချ​ပေးရင်း ​သူ့ အတွက် လဲ နို့တစ်ခွက် နဲ့ မုန့်ကို ချကာ ဂျောင်ကု​ဘေးနားမှာ လာထိုင်တယ် ။

' စားကြည့် ဂျွန် . ကင်မ် လုပ်ထားတာ​ကောင်းမ​ကောင်းမြည်းကြည့် ...'

' ကင်မ် လက်ရာဆိုအကုန်​ကောင်းပီးသား ...'

​ဂျောင်ကုက ​ပြောရင်းနှင့်ပင် ​​ပေါင်မုန့်ကိုစားလိုက် ​ကော်ဖီ ကို​သောက်လိုက်နှင့် ချစ်ရသူပြင်​ပေးတဲ့မနက်စာကို ဘုရင့် ပွဲ​တော်အုပ် လို အရသာခံကာစား​နေ​တယ် ။ 

ထယ်ကလည်း သူ့ နည်းတူစွာပင် ။ အစားစားရင်​ထော်ထွက်လာတဲ့နှုတ်ခမ်း​လေးကလဲ ရိုးရာမပျက် ​ဂျောင်ကု စိတ်ကို နိုးကြွ​စေသည် ။ စိတ်ကူးယဥ်​လို့ ကောင်း​နေတုံး .. အဖျက်အ​မှောင့်က

အရိပ်က​လေးလို ....Wo Geschichten leben. Entdecke jetzt