🐰🐿: Unicode

1.6K 136 5
                                    

🐰🐿

*ဒုန်း ဒုန်း ဒုန်း*

မိုး​တောင် မလင်း​သေး။ မထ​သေးသ၍အဆက်မပြတ် တံခါးလာထုနိုးနေတဲ့ တစ်စုံတစ်​ယောက်ကြောင့် အိပ်​ရေးမဝ​သေးသော Jisoo စိတ်တိုတိုနဲ့ တံခါးကို ဆောင့်အောင့်ဖွင့်လိုက်သည်။

"အိမ်လခ နင်ဘယ်​တော့ပေးမှာလဲ"

"ပေးမှာ​ပေါ့ အ​ဒေါ်ရယ် ဘယ်လို​တွေ ဖြစ်​နေတာလဲ"

စိတ်မရှည်သလိုလို​ မပွင့်​သေးတဲ့မျက်လုံးကို မနည်းဖြဲရဲကြည့်ပြီး ခပ်ရှုံ့ရှုံ့မျက်နှာနဲ့ ပြော​​နေတော့ Jisoo ကို အိမ်ငှားအ​​ဒေါ်ကြီးက မျက်နှာခပ်မဲ့မဲ့နဲ့ ခြေဆုံး​ခေါင်းဆုံးသေချာကြည့်နေသည်။ ထို့​နောက် နှာ​ခေါင်းတစ်ချက်ရှုံ့လိုက်ပြီး

"ဘာလဲ သောက်ထားပြန်ပြီလား"

မနက်​စော​စောလာအတွန့်တက်​နေတဲ့သူ့ကို စိတ်ရှုပ်လာတာနဲ့ မျက်ခုံး​တွေတွန့်ချိုး၊ ခေါင်း​တွေကုပ်၊ ခြေ​တွေ​ဆော့ကာ

"နည်းနည်းပါ ပြောပြီးပြီးမလား လာ​ပေးမယ် သွား​တော့"

မသွား​သေးတဲ့သူ့ကို အတင်းသွားခိုင်းပြီး တံခါးကိုဝုန်းကနဲပြန်ပိတ်လိုက်သည်။ ထို့နောက် ယိုင်တိုင်ယိုင်တိုင်နဲ့ အိပ်ရာ​ပေါ်ပြန်လှဲချလိုက်ကာ ပြန်အိပ်ပစ်လိုက်သည်။ Jisoo မှာအကျင့်တစ်ခုရှိတယ်။ အိပ်​ရေးမဝ​​သေးတဲ့ကိုယ့်ကို ဘုမသိဘမသိလာ​နှောင်ယှက်တဲ့သူဟာ အကြီးမားဆုံးရန်သူပဲ။ ဥပမာ အခုလို​ပေါ့။

၁၂နာရီထိုးတဲ့အခါ အိပ်မှုန်စုံဖွားနဲ့ပြန်ထလာခဲ့သည်။ ရေမိုးချိုးပစ်လိုက်​တော့ အရက်​စော်ကမထွက်​တော့။ ဒီ​နေ့လည်း လုပ်​နေကျကိစ္စ​တွေကို အစဥ်မပြတ်ပြန်လုပ်ရဦးမယ်။ မနက်စာနဲ့နေ့လည်စာကို ကော်ဖီတစ်ခွက်သာ​ပေါင်းသောက်လိုက်ပြီး မျက်မှန်​လေးတပ်၊ ပြတင်း​ပေါက်နားက ဘောင်​ပေါ်ထိုင်ကာ ပေါင်​​ပေါ်စာအုပ်က​လေးတင်ပြီး စာအချို့​ရေးလိုက်သည်။

နာရီကိုတစ်ချက်ကြည့်လိုက်သည်။ အပြင်သွားဖို့အချိန်​ရောက်တာနဲ့ စာအုပ်ကိုစားပွဲ​ပေါ်ပစ်တင်လိုက်ပြီး အ​ပေါ်ထပ်တစ်ထပ်ကိုထပ်လိုက်သည်။ လက်ထဲမှာလဲ စာရွက်​တွေထည့်ထားတဲ့ အဝါ​ရောင်စာအိတ်တစ်ခုကိုကိုင်ထား​သေးသည်။ ထို့နောက် အိမ်တံခါး​သော့ခတ်၊ သော့​လေးကိုအင်္ကျီအိတ်ကပ်ထဲထည့်လိုက်လို့ ၂ထပ်တိုက်ခန်း​လေးပေါ်က လှေကားနဲ့ဆင်းလာကာ တစ်​နေရာရာကို လမ်း​​​လျှောက်သွားလိုက်သည်။ တိုက်​ရှေ့က စာတိုက်ပုံးထဲတစ်ချက်ကြည့်လိုက်ကာ နှာ​ခေါင်းတစ်ချက်ရှုံ့လိုက်တယ်။

Who Told U That I'm Not Fallin 4 U [Shot Story]Where stories live. Discover now