"သခင်လေး
သခင်ကြီးက ဧည့်ခန်းဆောင်ကို လာခဲ့ဖို့ခေါ်ခိုင်းလိုက်ပါတယ်ဗျ""ဘာအတွက်လဲ "နှင်းပွင့်သဏ္ဌန် ဖြူလွလွ ဝတ်စုံရှည်နဲ့ ခန့်ညားသည်ဆိုတာထက် လှပလွန်းနေသည့် သခင်လေးက အမေးတော်ရှိလာသည်။ဇင်ယော်တောင်မျက်ခုံးနဲ့ ကြည်လင်တောက်ပနေတဲ့ မျက်ဝန်းလွှာတို့မှာ အလိုမကျမှုတို့က ယှက်သန်းလျှက်
သို့သော် ထိုအမူယာလေးကိုက တနည်းတဖုံကြည့်လို့ကောင်းနေပြန်တော့သည်။"ဧည့်ခန်းဆောင်သို့ ကြွရောက်လာတဲ့ ဧည့်သည်တော်တွေနဲ့ တွေ့ဆုံစေဖို့ ထင်မိကြောင်းပါ သခင်လေး"
"ဧည့်သည်တော်တွေ ?
စံအိမ်ကို ဘယ်ကဧည့်သည်တော်တွေ ရောက်လာတာတုန်း""ဒါကိုတော့ ကျွန်တော်မျိုးမသိရှိကြောင်းပါ သခင်လေး"
"ဟင်း...ထားပါတော့
ခနနေ လာခဲ့မယ် ဟုတ်ပြီလား"ဆိုကာ လက်ထဲကဆုတ်တံကို မှင်ရည်ပြန်စွတ်၍ ဆွဲလက်စ ပန်းချီကားအပေါ်အာရုံပြန်စိုက်လျှက်ရှိသော သခင်လေးအား ရှောင်တုန်း ငေးကြည့်နေမိသည်။လှလိုက်တာ တကယ်ကို ပြီးပြည့်စုံလွန်းအောင် လှပပါသည်။
ရှည်လျားသွယ်လျတဲ့ လက်ချောင်းလေးတွေက ကားချပ်ပေါ် ဟိုဒီကျော့ရှင်းစွာ ရွေ့လျားနေဟန်က ကားချပ်ပေါ်ကပန်းချီကားနဲ့တင့်တယ်လိုက်လေခြင်း လိုက်ဖက်လှလေခြင်း၊အိုး...လှရက်လိုက်လေခြင်း။ရှောင်းကျန့် ဆွဲလက်စပန်းချီကားအားလတ်စသတ်ရန်ကြိုးစားသော်ငြား အာရုံကမလာတော့။မှန်သည် ရှောင်ရှောင်းကျန့်ဆိုသောသူသည်ကား ယခုကဲ့သို့ စိတ်အေးသက်သာစွာပန်းချီရေးဆွဲနေချိန် အနှောင့်ယှက် တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မည်သို့မျှ ပြန်၍ အာရုံစုစည်းမရတော့ချေ။ဟင်း ဘယ်တတ်နိုင်မလဲလေ ဟုသာမိမိဘာသာ ဖြေသိမ့်ရင်း မတွေ့မြင်ရသေးသော ထိုဧည့်သည်တော်အား ရွှေစိတ်တော်က ငြိုမိသည်။
ရှောင်တုန်း ဆွဲလက်စစုတ်တံကိုအသာချရင်း ဝတ်ရုံလက်ကိုခါ၍ ထလိုက်သော သခင်လေးကို မဝံ့မရဲ ကြည့်ရင်း သခင်လေး တော့ ရှောင်သခင်ကြီးအား ရွှေစိတ်တော် ကောက်ချေအုန်းတော့မည်။သခင်လေးက သူပန်းချီဆွဲနေချိန်ဆို သေရေးရှင်ရေးမှ လွဲ မည်သည့်အကြောင်းကြောင့်နဲ့မှ အနှောင့်ယှက်မပြုရဟု အိမ်တော်တစ်ခုလုံးအား အမိန့်တော်ထုတ်ထားခဲ့သည်။ထိုအမိန့်တော်အား သခင်ကြီးနဲ့သခင်မကြီးပင် လွန်ဆန်ခြင်းမရှိခဲ့။ယခုလည်း ရောက်ရှိလာသော ဧည့်သည်တော်က ရှောင်းတုန်းကြားရသလောက်တော့ နန်းတွင်းက အဆင့်မြင့်အရာရှိတစ်ဦးဖြစ်မည့်ပုံပင်။
YOU ARE READING
Wangဘုရင္ရဲ့Xiao မိဖုရား❤️💚Wangဘုရင်ရဲ့Xiao မိဖုရား💚❤️