Part-2
တစ်နေ့
ရှောင်းကျန့် ဥယျာဉ်တော်ထဲဝယ် ရိပေါ်ရင်ခွင်ထဲ မှီတွဲ၍ ထိုင်နေရင်း...."ရိပေါ်..."
"အွင်း ပြောလေကျန့်ကော"ရိပေါ် ရှောင်းကျန့်အား ချယ်ရီသီးလေး ခွံ့ကျွေးရင်းနဖူးလေးအားနမ်း၍ မေးလိုက်သည်။
"ဟွင့် မင်းအသားယူတာနည်းနည်းတော့များနေပြီနော်"
"ဟားဟား...ဘယ်ကလာ ကိုယ်တော်ကတော့နမ်းလို့ကိုမဝသေးတာ"
"တိတ်စမ်း စကားအကောင်းပြောမလို့"
"အမိန့်တော်မြတ်အတိုင်းပါဘုရား"ရှောင်းကျန့် ရိပေါ်လက်လေးအားဆွဲယူ၍ မတ်"ထိုင်ကာ ရိပေါ်အား လေး"နက်"အကြည့်ချင်းဆုံစေပြီး
"ရိပေါ် ....အနောက်နန်းဆောင်နဲ့ကိုယ်လုပ်တော်နန်းဆောင်တွေမှာ နေရာလစ်လပ်နေတာ အတော်ကြာလှပြီ"ထိုစကားကြောင့် ရိပေါ်မျက်နှာ ချက်ချင်းတည်သွားသော်လည်း သူဘာမှမပြော ရှောင်းကျန့်ကိုသာ စူးစိုက်၍ ကြည့်နေလိုက်သည်။ရှောင်းကျန့်ခေါင်းလေးအနည်းငယ်ငုံ့သွားပြီး
"အဲဒါ ...."ဆိုကာ ရှောင်းကျန့်နောက်ထပ်စကားတို့ဆက်မထွက်နိုင်တော့။လှိုက်တက်လာတဲ့ ဝမ်းနည်းမှုတွေနဲ့ မျက်ဝန်းအိမ်မှာ ပုလဲရည်တို့ခလာကာ ရိပေါ်ရင်ခွင်ထဲပြန်တိုးဝင်၍ ငိုမိသည်။*ပျော့ညံ့လိုက်တာ။ရှောင်းကျန့်မိမိကိုယ်ကို ပျော့ညံ့နေမိ၍ မုန်းတီးမိသည်။သို့သော် သူဘယ်လိုစိတ်နဲ့ ရိပေါ်ကို အခြားသူတွေနဲ့ မျှဝေယူနိုင်ပါ့မည်လဲ*
"အင့်!!"ရှိုက်သံသဲ့သဲ့လေးထွက်ပေါ်လာတော့ ရိပေါ် အံကြိတ်တည်တင်းထားမိသော မျက်နှာကို လျှော့ချ၍
"ဘယ်သူလဲ? ကိုယ်တော့်ကျန့်ကောကိုဘယ်သူက ဒီလို လျှောက်တင်ဝံ့ခဲ့သလဲ?"
"ဟင့်အင် မင်းဘယ်သူ့ကိုမှအပစ်မတင်ပါနဲ့
ဒါက...ဒါက ဖြစ်သင့်တဲ့ကိစ္စပဲလေ""ကျန့်ကော!!!"
"အင့် ရိပေါ် မင်းငါ့ကိုမအော်ပါနဲ့"မျက်ရည်တွေ ပြည့်လျှံနေတဲ့ မျက်ဝန်းလေးတွေနဲ့ မဲ့မဲ့လေးပြောလာသော ကျန့်ကောကြောင့် ရိပေါ် စိတ်ကိုလျှော့၍ သက်ပြင်းချလိုက်ပြီး
YOU ARE READING
Wangဘုရင္ရဲ့Xiao မိဖုရား❤️💚Wangဘုရင်ရဲ့Xiao မိဖုရား💚❤️