{Unicode☘}
.... ခင်ဗျားသာ
ကြွေကျခဲ့ပါ....
ကြယ်ငယ်တွေ ငိုသလိုမျိုး...။
ဒါပေမယ့်
ပွေ့ထိန်းထားမယ့် ရင်ခွင်က
ခင်ဗျား ကြွေကျမှုအတွက်
နောင်တ,ရဖွယ် မရှိလောက်အောင်ပါပဲ။*****
အခုချိန်ထိဆို ကျွန်တော် စက်ဘီးစီးပြီး ကျောင်းသွားတာ တစ်ပတ်ပြည့်တော့မည်...။ အခုလည်း ကျောင်းဆင်းချိန် အများနည်းတူ ကျောင်းဝန်းအတွင်း စက်ဘီးကို လိုက်လျောညီထွေ တွန်းနေမိသည်...။ အမြဲတမ်း သူ့ထံမှ အကူအညီဖြင့် ကျောင်းတက်၊ ကျောင်းပြန် သော့ခတ်ရသည်...။ အခုလည်း သူကိုယ်တိုင် သော့ကို ဖြည်ပေးပြီး ကျွန်တော့်နောက်မှ တဖြည်းဖြည်း လိုက်ပါနေသည်...။
ဒီနေ့ နံနက်ပိုင်း မိုးကလည်း အနည်းငယ် ရွာသွန်းထားသည်မို့ အနည်းငယ် စိုထိုင်းစ ပြုနေသော မြေကြီးက မူလထက် အရောင်တောက်၍....။ ထို့နောက် မြေနံ့သင်းသင်းနဲ့အတူ လေအေးအေးလေးပါ သုတ်ဖြူးနေသည်...။ ညနေ သုံးနာရီခွဲပင် ရှိသော်ငြား မိုးအနည်းငယ် အုံ့တာမို့ သစ်ပင်များက နဂိုထက် အစိမ်းရောင် ပိုပြီးမှိုင်းနေသလို....။
နောက်တော့ ကျောင်းဝန်းပြင်ပရောက်ချိန်မှာတော့ စက်ဘီးကို အဆင်ပြေအောင် စီးမည့် နေရာရောက်လေတော့ ကျောင်းပတ်လည်ကို ကာရံထားသော ကျောင်းအုတ်တံတိုင်းတို့၌ ကပ်လျက် စိုက်ပျိုးထားသော စိန်ပန်းပင်တွေ ရဲနေအောင် ပွင့်လိုက်တာများ အရွက်ပင် ပျောက်မတတ်...။ မြေပြင်ပေါ်၌ မကြာသေးမီက ခ,ခဲ့သည့် မိုးသက်လေးကြောင့် စိန်ပန်းတို့ အတုံးအရုန်း ကြွေကျနေသည်....။ တစ်ချို့အပွင့်များဆို အချိန်မတန်သေးဘဲ လေအဝှေ့ကို မခံနိုင်သည်ကြောင့်သာ ကြွေကျတာမို့ ရဲရဲနီနေပြီး ပွင့်ဖတ်တို့က ပကတိ....။ တစ်ချို့ဆို အခိုင်လိုက်အတိုင်း ကြွေကျတာမျိုးတောင် ရှိသည်...။
ကျွန်တော်လည်း မြေကွက်လပ်မရှိအောင်ပင် ကြွေကျနေသည့် စိန်ပန်းနီတို့ကို မြင်လေတော့ ချနင်းပြီး မသွားရက်လေတော့ စက်ဘီးကို အသာအယာ ကွေ့ပတ်ရှောင်လိုက်ပြီး တစ်လှမ်းချင်းစီ လျှောက်နေမိသည်.... ။
YOU ARE READING
မြဲ(ၿမဲ)(complete)