အပိုင်း(၁)

6K 147 1
                                    

Unicode💙

ဒီနေ့က ကိုကိုနဲ့ ကျွန်မ ချစ်သူသက်တမ်း( ၃ )နှစ်ပြည့်တဲ့ နေ့လေးပေါ့

အရင်ကဆို ကိုကိုက ကျွန်မကို Anni ရောက်တိုင်း အမြဲ အရုပ်လေးတစ်ရုပ်နဲ့ နေကြာပန်းစည်းတစ်စည်းပေးတယ်

ဒီနေ့တော့ အရင် နေ့တွေ ထက်ရင်ပိုခုန်နေမိတယ် ကိုကို က ဒီနေ့ အရေးကြီးပြောစရာရှိတယ်တဲ့

နှစ်ယောက်လုံးက ဘွဲ ့ရ ပြီးသားမို့ ကျွန်မအတွက်အရေးကြီးတဲ့ စကားက လက်ထပ်မယ်ဆိုတဲ့စကားလေးတစ်ခွန်းပဲ  ရှိပါတော့တယ်

ပြောရင်းနဲ့ ကိုကိုကား ရောက်လာပြီ

ကျွန်မ ဘဝ မှာ မေမေနဲ့ ဖေဖေက မရှိတော့တာ လွန်ခဲ့တဲ့ (၂)နှစ်လောက်တည်းက

အဲ့ထဲက ဘယ်သူမှ အနားမှာ မရှိတော့ဘူး

ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တယ်

ကျွန်မ ကို အိမ်ကြီးတစ်လုံး ကို အမွေပေးပြီး အနားကနေထွက်သွားခဲ့တယ် ဖေဖေ တို့ရဲ့ company က ဒေဝါလီ ခံလိုက်ရတယ်လေ

" မေ ၊ ဘာတွေ တွေးနေတာလဲ "

" အော် ဘာမှမဟုတ်ပါဘူး ဒီလိုပဲလျှောက်စဉ်းစားမိသွားတာ "

ကိုကိုက အရပ်ရှည်ရှည် အသားဖြူဖြူ စမတ်ကျတယ်  လူကြီးလူကောင်းလည်းဆန်သေးတယ်

Uni မှာထဲက ကိုကို့ကို တစ်ဖက်သတ်ချစ်လာခဲ့ရတဲ့ ကျွန်မဖို့ ကိုယ်ချစ်တဲ့လူဘေးနားမှာရှိနေရတာဟာ အပျော်ဆုံး ပေါ့

အခုဆို ကိုကို့ company မှာ ကျွန်မ အလုပ်လုပ်နေရတယ် လေ

ကိုကို နဲ့ ကျွန်မ က အချိန်တွေကို တူတူ ကုန်ဆုံးခွင့်ရလို့ ဝမ်းသာမိတယ် 

ကိုကိုက အရမ်းဂရုစိုက်ပေးတယ် တစ်ခုခုဆို မျက်နှာညိုးငယ်မခံဘူး

ကျွန်မရဲ့ ဖူးစာရှင်က ကိုကို ဆိုတာ သေချာနေပြီ

ဒီနေ့ ကိုကိုရဲ ့ အရေးကြီးတဲ့စကားကို ကြားဖို့ကျွန်မ ရင်တွေ ခုန်နေခဲ့ပြန်ပြီ

" မေ ၊ ရောက်ပြီ လေ ဆင်းတော့ "

" အော် ၊ ရောက်ပြီလား "

ကျွန်မဘဝရဲ ့ဖူးစာရှင် (Completed )Where stories live. Discover now