part38

6.8K 267 16
                                    

Unicoad

"ကိုကို...ကိုကို...ထပါအုံး...ကိုကိုမြန်မြန်သာနိုးလာပါနော်...နိုရာက ကိုကို့စကားကိုတစ်တွေမသိမ်းလိုက်နာပါ့မယ်...ကိုကိုနိုရာ့ကိုချစ်ရင်မြန်မြန်နိုးထလာပေးပါနော်"

နိုရာကအိပ်နေသောကိုကို့ ရဲ့ပတ်တီးဖြူစီးပတ်ထားသော လက်ကိုကိုင်ကာမျက်စိမှိတ်ထားပြီးတိုးတိုးတိုးတိုးနှင့်ထိုသို့ရွတ်ဆိုနေသည်

ထိုစဥ်ကိုကိုက မျက်လုံးလေးပွင့်လာသည် နိုရာကတော့မသိပေ

"တစ်ကယ်လား..."

"ဟင်..ကိုကို...နိုးလာတယ်"

"ကိုယ့်စကားနားထောင်မယ်ဆိုတာသေချာရဲ့လား"

ကိုကိုက အပြုံးရောင်သန်းရင်းမေးလိုက်သည်

နိုရာခေါင်းတစ်ဇတ်ဇတ်ငြိမ့်ပြီး

"ဟုတ်..ကိုကို..ကိုကို့စကားကို နားထောင်မှာမို့ မြန်မြန်သက်သာလာပါနော်"

"ဟုတ်ပါပြီကလေးရာ...."

"ကိုကို...ကိုကို့မေမေကြီးက....နှလုံးထဖောက်လို့ဆရာဝန်တွေကြည့်ပေးထားတယ်...ကံကောင်းလို့ဘာမှမဖြစ်တာ"

ထိုစကားကိုကြားတော့အာဏာ..တုံလှုပ်သွားခဲ့သည် မေမေသေလို့မဖြစ် လူဆိုတာတစ်နေ့ကျသေရမယ်ဆိုပေမယ့်လဲ စောစောကြီးထွက်သွားလို့မရဘူး။ ဖေဖေ့ကိုဆုံးရှုံးပြီးကတည်းက နောက်ထပ်တစ်ယောက်ယောက်ကိုများဖေဖေ့လိုထွွက်သွားမှာစိုးရိမ်ခဲ့ရသည်

"အင်း...မေမေ..ကိုယ့်ကြောင့်တစ်ခုခုဖြစ်သွားမှာကို ကိုယ်ကြောက်တယ် ကလေးရယ်...ကိုယ်.ထပ်ပြီး... ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး.... ကိုယ်....မင်းကိုလဲမဆုံးရှုံးချင်ဘူး ကလေးရယ်"

"ကိုကို...နိုရာကလေ..ကိုကို့နားမှာပဲ... ကိုကိုနဲ့သက်ဆုံးတိုင်နေမှာနော်..ကိုကိုစိတ်မပူပါနဲ့...ကိုကိုနားမှာအမြဲတမ်းရှိနေပါ့မယ်ကိုကို အဲ့တာကြောင့် ကိုကိုလဲ မြန်မြန်နေကောင်းရမယ်...."

"ဟုတ်ပါပြီ ကလေးရယ်"

"ကိုကိုဆန်ပြုပ်သောက်ရအောင်...ပြီးတော့ဆေးလဲတိုက်ရမယ်လို့ဆရာဝန်ကြီးကမှာသွားတယ်"

ကိုကို့ရဲ့house slave လေးကျနော် S2complete(ကိုကို့ရဲ့house slave လေးကျနော် S2)Where stories live. Discover now