Unicode
"ပြန်လည်သုံးသပ်တော်မူပါမင်းကြီး" ×all
"အတင့်ရဲလိုက်ကြတာ မောင်မင်းတို့ကငါကိုယ်တော်ရဲ့အမိန့်ကိုအာခံရဲတာလား"
"မင်းကြီးရှောင်းသခင်လေးကိုနှစ်သက်တယ်ဆိုလဲကြင်ယာတော်ပဲမြှောက်တော်မူပါ မိဖုရားခေါင်ကတော့လုံး၀မတင့်တော်ကြောင်းပါ"
"ဟုတ်ပါတယ်မင်းကြီး အိမ်နီးချင်းနိုင်ငံတွေကြားရင်လဲလှောင်စရာဖြစ်နိုင်ပါတယ်"
"ရှောင်းသခင်လေးကယောင်္ကျားတစ်ယောက်ဖြစ်တာကြောင့် နန်းသွေးလဲမမွေးပေးနိုင်ကြောင်းပါမင်းကြီး"
"ရှောင်းသခင်လေးသာနန်းသွေးကိုမွေးပေးနိုင်မယ်ဆိုရင် ကျွန်တော်မျ်ိုးတို့မိဖုရားခေါင်အဖြစ်လက်ခံပေးပါမယ်မင်းကြီး"
တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ယွီပင်းရဲ့ဖခင်ဖြစ်သူလက်ဝဲအမတ်ကြီးကဆိုလာတယ်။ ညီလာခံခန်းမတစ်ခုလုံးကရုတ်ချည်းတိတ်ဆိတ်သွားတော့တယ်။
"လက်ဝဲအမတ်ကြီး ဒါဘယ်လ်ိုအဓိပ္ပါယ်မရှိတဲ့စကားလဲ ယောင်္ကျားတစ်ယောက်ကဘယ်လ်ိုလုပ်ပြီးကိုယ်၀န်လွယ်နိုင်မှာလဲ"
"တော်၀င်သမားတော်ကြီး ၀င်လာခဲ့ မင်းကြီးနဲ့အမတ်တွေကိုရှင်းပြလိုက်"
တော်၀င်သမားတော်ကြီးကညီလာခံထဲကို၀င်ရောက်လာပြီး မင်းကြီးနဲ့အမတ်တို့ကိုအရိုအသေပြုလိုက်တယ်။
"မင်းကြီးကိုလျှောက်တင်ပြရစေ ကိုယ်၀န်လွယ်နိုင်တဲ့ယောင်္ကျားလေးရှိပါတယ်မင်းကြီး သူကတော့မွေးရာပါသားအိမ်ပါတဲ့သူပါ
ဒါပေမဲ့သူကယောင်္ကျားလေးတစ်သောင်းမှာတစ်ယောက်တောင်မရှိပါဘူး အရမ်းရှားပါတယ်"
"လွယ်နိုင်တာတော့ဟုတ်ပါပြီ ရှောင်းသခင်လေးကအဲ့လိုယောင်္ကျားမဟုတ်ဘူးဆိုရင်ကော"
"ဒါတော့စောင့်ကြည့်ရမှာပါ သုံးလနေလို့မှလက္ခဏာမပြဘူးဆိုရင် ရှောင်းသခင်လေးကကျွန်တော်တို့လိုပုံမှန်ယောင်္ကျားလေးပါပဲ"
"မင်းကြီးကျွန်တော်မျိုးတို့သုံးလစောင့်ပေးပါ့မယ် သုံးလပြည့်လို့ဘာမှမထူးခြားရင်ကြင်ယာတော်ပဲမြှောက်ရပါမယ်။ အမျိုးကောင်းသမီးတစ်ယောက်နဲ့လက်ထက်ယူပြီးနန်းသွေးမွေးပေးရပါမယ်"
YOU ARE READING
Bawdy-house{Three shot}