Zawgyi
"အိုက်ဂူး ဒီကလေးမလေးကချစ်ဖို့ကောင်းလိုက်တာဘယ်သူ့သမီးလေးပါလိမ့်"
သမီးဖြစ်သူလေးကိုမနက်တိုင်းမေးလေ့ရှိတဲ့မေးခွန်းမေးတော့ ချစ်စရာကောင်းအောင်ပြန်ဖြေတယ်
"ဒယ်ဒီ ဂျွန်ဂျောင်ဂု နဲ့ ပါး ကင်မ်ထယ်ယောင်း တို့ရဲ့သမီးလေး ဂျွန်ထယ်ရီ ပါရှင့်"
ချစ်ဖို့ကောင်းတဲ့ ထယ်ရီလေးရဲ့ပါးဖောင်းဖောင်းလေးထဲကိုနှာခေါင်းနစ်သည်အထိနမ်းလိုက်တယ် ။
"ကဲ ဆံပင်ဖြီးပြီးပြီ ကျစ်ဆံမြီး ကျစ်မလား ဆံပင်ကိုဒီတိုင်းအမြင့်စည်းသွားမလား ??"
"ကျစ်ဆံမြီးပဲကျစ်ပေး ပါး"
"ဟုတ်ပြီ"
ထယ်ရီလေးရဲ့ဂုတ်ထောက်နေပြီဖြစ်တဲ့ဆံပင်လေးတွေကိုကျစ်ပေးလိုက်သည် ။ ၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထယ်ရီ လေးက ဒီနေ့ကစပြီး ကျောင်းတက်ရတော့မှာမို့ ပျော်နေတယ် ။
"ဟာ သားအဖတွေပြင်ဆင်လို့မပြီးသေးဘူးလား ??"
"ထယ်ရီလေးကိုဆံပင်လုပ်ပေးပြီးရင်ပြီးပြီ ဂျောင်ဂု"
ကုမ္ပဏီသွားဖို့ရေမိုးချိုးပြင်ဆင်ပြီးသမီးလေးအခန်းထဲဝင်လာခဲ့သည် ။ ထယ်ရီ လေးက မှန်ရှေ့ကခုံမှာထိုင်နေပြီး ထယ် ကအနောက်မှာမတ်တပ်ရပ်ကာ ကျစ်ဆံမြီးကျစ်ပေးနေတယ် ။ မတ်တပ်ရပ်နေတဲ့ ထယ် ဘေးကိုသွားပြီးပုခုံးကိုဖက်လိုက်ပြီးမှန်ထဲက ထယ်ရီလေးကအလှဆုံးသောအပြုံးတွေနဲ့ပြုံးပြသည် ။ ထယ်က ကျွန်တော့နှုတ်ခမ်းကိုတစ်ချက်နမ်းပြီး ဆံပင်ဆက်လုပ်ပေးနေတယ် ။ မှန်ထဲကနေ အကုန်လုံးကိုတွေ့လိုက်တဲ့ ထယ်ရီ လေးကပြုံးစိစိနဲ့ ။
ထယ်နဲ့လက်ထပ်ခဲ့တာ ၆ နှစ်ရှိပြီချစ်သူရည်းစားသက်တမ်းက ၄ နှစ်ကျော်ရှိတယ် ။ ဟိုးငယ်ငယ်လေးထဲကတစ်ယောက်နဲ့တစ်ယောက်ချစ်ခဲ့ကြတာ ။ မှတ်မိသေးတယ် ကျွန်တော်တို့ ၅ နှစ်အရွယ်တုန်းကပေါ့ စကားတောင်မပီသေးတဲ့အရွယ် . . . .
"ဂျောင်ထု ထယ် တို့လုံးဝမထွဲကြေးနော် အသက်တွေကြီးယာရင် လူရီးတွေလို လက်ထပ်ကြမယ်"

ESTÁS LEYENDO
CAN'T HATE ||°KV°||
Fanfic❗️ This fic can include mature content ❗️ START DATE - 16.5.2021 END DATE - ..................