(Unicode)လက်ပတ်နာရီကိုကြည့်လိုက်တော့ ကိုးနာရီဆယ့်ငါးမိနစ်ရှိပြီး ။ ကျွန်တော် Bar ရဲ့လူရှင်းတဲ့ ထောင့်တစ်နေရာမှာထိုင်ရင်း အရက်ခွက်ကိုကိုင်ထားတယ် ။ပြီးတော့ စင်ပေါ်မှာ ဂီတာတီးပြီး သီချင်းဆိုနေတဲ့ လူကို ငေးကြည့်လိုက်မိတယ်။ အဲ့ဒီလူက အောက်ကဂျင်းဘောင်းဘီ နက်ပြာရောင်ကို အပေါ်က shirtအပွအဖြူလေးနဲ့ တွဲဝတ်ထားတာ။ သူ့ဆံပင်ကတော့ မီးခိုးရောင်။ ဂီတာတီးနေတဲ့ သူ့ရဲ့ညာလက်ဖျံပေါ်မှာတွေ့ရတဲ့ ပင့်ကူပုံ Tattooကအထင်းသား။ သူ့ကိုငေးနေရင်းနဲ့ပဲ လက်ကကိုင်ထားတဲ့အရက်ခွက်ကို တစ်ငုံမော့သောက်လိုက်တယ်။ အရက်မော့သောက်လိုက်တဲ့ အခိုက်အတန့်လေးမှာတောင် ကျွန်တော့်မျက်လုံးတွေက အဲ့သီချင်းဆိုနေတဲ့လူဆီကနေ မခွာနိုင်သေးဘူး။ ငေးကြည့်နေတုန်းမှာပဲ ပုခုံးပေါ်လက်တစ်ဖက်ကရောက်လာတယ်။
"စိတ်ဝင်စားလို့လား? "
"အင်း "
ငေးနေတာကိုရပ်ပြီး Taehyung ဘက်မျက်နှာလှည့်ဖြေလိုက်တယ်။
"သူကငါ့သူငယ်ချင်းပဲ ဒီBarမှာ သီချင်းလာဆိုနေတာတော့ တော်တော်ကြာပြီး မင်းနဲ့မိတ်ဆက်ပေးရမလား? "
"မလိုပါဘူးကွာ"
နောက် စင်ပေါ်ကိုပြန်ကြည့်တော့ ခုနက လူကိုမတွေ့တော့ဘူး။
"မင်းကိုယ့်ကို ရှာနေတာလား ကောင်လေး? "
အသံလာရာကို လှည့်ကြည့်လိုက်တော့ Taehyung ဘေးမှာရပ်နေတဲ့လူ။ ခုနက ကျွန်တော်ငေးကြည့်နေမိတဲ့ သီချင်းဆိုတဲ့လူလို့ပြောရင် ပိုမှန်မယ်။
" Yoongi ဒါငါ့သူငယ်ချင်း Park Jimin တဲ့ ကြည့်ရတာ သူမင်းသီချင်းဆိုတာကို သဘောကျနေပုံရတယ် "
Taehyung ပြောတော့ ထိုလူက ခပ်ဟဟလေးရယ်တယ်။ ပြီးတော့ လက်တစ်ဖက်ကိုရှေ့သို့ကမ်းလာတယ်။
" ကိုယ့်နာမည်က Min Yoongiပါ ကိုယ်သီချင်းဆိုတာကို သဘောကျတယ်လို့ကြားရတဲ့အတွက် ဝမ်းသာပါတယ်"
ကမ်းလာတဲ့လက်ကို ကျွန်တော် လျစ်လျုရှုလိုက်တယ်။
" သဘောကျတယ်လို့ ကျွန်တော်မပြောရသေးပါဘူး "
YOU ARE READING
မူပိုင်(မူပိုင္) [M.Y.G×P.J.M]✔
Fanfiction//𝗼𝗻𝗲𝘀𝗵𝗼𝘁// 𝗧𝗼𝗽- 𝗠𝗶𝗻 𝗬𝗼𝗼𝗻𝗴𝗶 𝗕𝗼𝘁𝘁𝗼𝗺- 𝗣𝗮𝗿𝗸 𝗝𝗶𝗺𝗶𝗻