(2)

1.7K 257 64
                                    

(Unicode)

ညက သောက်ထားတဲ့အရှိန်ကြောင့် အတော်လေးနောက်ကျမှ ကျွန်တော်နိုးလာတယ်။ ခေါင်းကမူးတူးတူးဖြစ်နေတာမို့လို့ ချက်ချင်းမထသေးပဲ အိပ်ရာထဲမှာ ခွေလိပ်ပြီးနေနေတယ်။ နောက် နာရီကြည့်ဖို့အတွက် ခေါင်းရင်းစားပွဲပေါ်ကနေ ဖုန်းကိုကောက်ယူလိုက်တယ်။ ဆယ်နာရီတောင်ရှိနေပြီးပဲ။ ပြီးတော့ Missed Call တွေအများကြီးကိုတွေ့လိုက်ရတယ်။ Contact ကိုကြည့်လိုက်တော့ Taehyung ။ ထူးထူးဆန်းဆန်း ဘာအရေးကြီး ကိစ္စများရှိပါလိမ့်လို့တွေးရင်း ကျွန်တော်ဖုန်းပြန်ခေါ်လိုက်တယ်။

တစ်ဖက်က ဖုန်းကိုင်လာတော့ ကျွန်တော်မေးလိုက်တယ် ဘာကိစ္စရှိသလဲပေါ့။
Taehyung ကကျွန်တော့်ကို ဘာမှ မပြောသေးဘူး သူက ကျွန်တော့်ကိုစိတ်အေးအေးထားဖို့ပဲပြောနေတယ်။

"ဘာလဲကွာ မင်းငါ့ကိုမရစ်နဲ့မြန်မြန်ပြော "

ဖုန်းထဲကနေ Taehyung ပြောတဲ့စကားကို ကျွန်တော်ကြားလိုက်ရတော့ တစ်ကိုယ်လုံးတောင့်ခဲသွားသလိုပဲ။

"သူတို့ ဒီနေ့လေဆိပ်ကိုသွားကြတာမလား? "

"မနက်ပိုင်းလေဆိပ်သွားခင် သူ့အမျိုးသမီးက အမျိုးအိမ်သွားမယ်ဆိုပြီး Jimin ကလိုက်ပို့တာ သူကမင်းနဲ့ Jimin အကြောင်းကိုသိသွားတာနေမယ် လမ်းမှာပြဿနာရှာရော အဲ့တာရုန်းရင်းဆန်ခတ်ဖြစ်ရင်းကားက သစ်ပင်ကိုသွားတိုက်မိတာ "

"အခုဘယ်ဆေးရုံလဲ ငါလာခဲ့မယ် "

_______________________________________________

ဆေးရုံကိုအပြေးအလွှားသွားလိုက်တော့ ဆေးရုံအပေါက်ဝမှာ Taehyung နဲ့ဆုံတယ်။ သူ့နောက်ကနေပဲ ကျွန်တော် Jimin ရှိတဲ့ အခန်းကိုလိုက်သွားလိုက်တယ်။

အခန်းထဲကိုဝင်တော့ လက်မှာရော ခေါင်းမှာရောပတ်တီးစည်းထားတဲ့အမျိုးသမီးတစ်ဦးက Jimin နားမှာထိုင်နေသည်။ သူက Jimin လက်ထပ်ထားတယ်ဆိုတဲ့အမျိုးသမီးများလား? ။

ကုတင်ဘက်ကိုကြည့်လိုက်တော့ ကျွန်တော့်ကောင်လေးငယ်ဟာ သတိမေ့နေတယ်။ ခေါင်းမှာလည်းပတ်တီးနဲ့ မျက်နှာကလည်းပွန်းပဲ့ရာတွေ။ ကောင်လေးငယ်နားကိုသွားဖို့ ခြေလှမ်းလိုက်တယ်။

မူပိုင်(မူပိုင္) [M.Y.G×P.J.M]✔Where stories live. Discover now