Zawgyi
တောင်ပေါ်ဒေသဆိုတဲ့အတိုင်း အေးစိမ့်စိမ့်လေး နေရောင်ခြည်အရှေ့ရပ်ကထွက်လာတာတောင် အထည်လွှာတွေ မချွတ်ရဲသေး...သောက်ရေတောင် ဒီလောက်အေးနေရင် ပိုးရေချိုးဖြစ်ပါ့မလား😣...
"ဆရာမလေး ဟိုဘက်ရေချိုးခန်းထဲမှာ ရေပူစက်တပ်ထားတယ် အရမ်းမအေးတာမလို့ ရေချိုးချင်ရင်ချိုးလို့ရတယ်နော်..."
"ဟုတ်ဦးလေး နွေ့အခန်းထဲမှာ ဘာလိုရေပူစက်မရှိတာလဲ..."
"ဘယ်လိုပြောရမလဲ သမီးလေးကနည်းနည်းဇီဇာကြောင်တယ် ရေအေးနဲ့ဘဲချိုးတယ် သူ့အခန်းထဲကနေအပြင်သိပ်မထွက်ဘူး..."
"အဲ့လိုဖြစ်တာအကြောင်းရင်းရှိလို့ဖြစ်မယ်ထင်တယ်..."
"အမှန်ဝန်ခံရရင် သမီးလေးသူငယ်ချင်း ပိုင်ကညာဆုံးသွားကတည်းကဆိုပါတော့ အဲ့ကတည်းက အခန်းထဲကမထွက်တော့တာဘဲ..."
ကြိုးစရှာတွေ့ပြီ သူငယ်ချင်းသံယောဇဉ်ကကြီးမားလို့ထင်တယ်🤨...
"ပိုင်ကညာက ဘယ်အချိန်ကဆုံးသွားတာလဲ ဦးလေး..."
"ဆယ်တန်းအောင်စာရင်းထွက်ခါနီး ၁၀ရက်အလိုပေါ့... ဘာဖြစ်လို့ဆုံးသွားလဲမသိပေမဲ့ သမီးလေးကတော့ သူ့ကြောင့်ဆိုပြီးတွေးနေလေရဲ့ စာတော်တာတော့ နှစ်ယောက်စလုံးတော်ကြတယ် သမီးလေးထက် ပိုင်ကညာလေးက ပိုတော်တယ် နှမြောဖို့ကောင်းတာတစ်ခု သူ့ကိုအရွယ်မတိုင်ခင်ဆုံးရှုံးသွားရတာဘဲ အောင်စာရင်းထွက်တော့ ပိုင်ကညာလေးက ၆ဘာသာဂုဏ်ထူးထွက်တယ်လေ သူ့မိဘတွေတော့ ယူကြုံးမရပေါ့😔..."
"နာရေးရော နွေသွားလား..."
"သွားတာပေါ့ ခုထိကို လတိုင်း ၁၃ရက်နေ့ဆို ပိုင်ကညာလေးမြေချထားတဲ့နေရာကို တစ်နေ့ကုန်သွားတယ် သမီးလေးအိပ်ပျော်မှ ဦးလေးတို့ပြန်ခေါ်လာရတယ်..."
"စာမေးပွဲကြောက်တဲ့ရောဂါကရော ဘယ်အချိန်ကစတာလဲ🧐..."
"ပိုင်ကညာဆုံးပြီးကတည်းက..."
"ဦးလေးရေ ကြီးဒေါ်ခေါ်နေတယ် ဆွမ်းကပ်ဖို့ကိစ္စတဲ့..."
"အေးပါ တိုးတိုးရယ် ဆရာမလေးကို ရေစပ်ပေးလိုက်ဦး..."
YOU ARE READING
ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)