Ep 3

227 34 0
                                    

Zawgyi

"ဟော....Jennie unnie လာပြီ"
   Gentle monster jewelryဆိုင်ကြီးရဲ့ကောင်တာနောက်မှာရပ်နေသော အရောင်းဝန်ထမ်းကောင်မလေးက ဆိုင်ရှေ့မှာရပ်လာတဲ့ BMWကားကြီးကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်တော့ အနားမှာရှိနေတဲ့ဝန်ထမ်းမိန်းကလေးများက ကားပါကင်ရှိရာကို ငေးမျှော်ကြည့်လိုက်ကြသည်။
   ဒီဆိုင်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ Jennie Kimသည် နေ့တိုင်းလိုလိုပင် ဆိုင်ကိုလာနေကြဖြစ်သော်လည်း သူတို့မျက်စိထဲတွင်တစ်ခါမှရိုးသွားတယ် မရှိ....
   သူတို့အမြဲတမ်း အားကျချစ်ခင်စွာ ငေးမောကြည့်ရလောက်အောင်ပင် Jennieက ရင်သပ်ရှုမော လှပနိုင်ရှာသူဖြစ်သည်....
   အသက်က25ပင်သိပ်မပြည့်ချင်သေးသော်လည်း လူငယ်ပီပီ ပေါ့ပါးရွှင်မြူးသောအသွင်အပြင်ကို သူမထံတွင်မြင်ရခဲလှသည်...ကလေးမျက်နှာလေးလိုဖြူစင်ပြီးချစ်ဖို့ကောင်ပေမဲ့ တည်ငြိမ်တဲ့မျက်နှာထားနဲ့ သွားလာပုံရင့်ကျက်တာကြောင့် ဆိုင်ဝန်ထမ်းတွေအားလုံးက Jennieဆိုရှိန်ကြလေသည်....
   သူတို့အားလုံးငေးကြည့်နေဆဲမှာပဲ ကားတံခါးပွင့်လာကာ Jennieက ကားပေါ်မှ ဆင်းလာလေသည်...
   အရပ်အရမ်းမရှည်သော်လည်း သွယ်လျကျစ်လစ်ပြီးအနည်းငယ်ပြည့်တင်းသော ခန္ဓာကိုယ်က Chanel brand တွေနဲ့သာဆင်မြန်းထားသည် (ကလေးCeoလေးလိုပင်😁😁)အင်္ကျီအဖြူပြောင်လေးကိုအပေါ်ကအပြာနုရောင်coatလေးနှင့်အဆင်တူskirtလေးကိုဝတ်ဆင်ထားတာကိုပင် ဝင့်ထည်နေသည် ဘာမှဆင်မြန်းထားခြင်းမရှိတဲ့လည်တိုင်ကျော့ကျော့လေးကလည်း လှပလွန်းသည်...
   Jenက ဝတ်ထားသည့်coatနှင့်အရောင်တူအပြာနုရောင်လက်ကိုင်အိတ်လေးကိုလက်မှာချိတ်လျက် ပုံဆွဲစာအုပ် တစ်အုပ်ကိုရင်မှာပွေ့ပြီး ဆိုင်ထဲသို့လျှောက်ဝင်လာသည်...ဒေါက် သိပ်မမြင့်လှသော ပုံစံရိုးရှင်းသည့် အဖြူရောင်ဒေါက်ကလေးကိုစီးကာ ခပ်မှန်မှန်လေး လှမ်းလာပုံက တမင်ဟိတ်ဟန်ထုတ်ထားတာမဟုတ်ပါဘဲ အလိုလိုစတိုင်လ်ကျနေသည်....
   Jenရဲ့နောက်မှာတော့ jenရဲ့အမျိုးသမီး ဒရိုင်ဘာလည်းဟုတ်...ကိုယ်ရံတော်လို့လဲပြောလို့ရတဲ့ Jeongyeonကကပ်ပါလာသည်...အမျိုးသမီးဆိုသော်လည်းသူ့ပုံကအမျိုးသားလိုပင် ကြံ့ခိုင်သည်..ဆံပင်တိုတို မေးရိုးပေါ်ပေါ်နှင့်မျက်နှာကအရယ်အပြုံးနည်းသည့် မျက်နှာသေ..အရင်ကမာရသွန်အပြေးသမားဖြစ်ခဲ့ဖူးသူမို့ ခန္ဓာကိုယ်အချိုးအစားက ကြံ့ခိုင်သန်စွမ်းပုံပေါ်နေပြီး စမတ်ကျသည် ရှပ်အင်္ကျီအဖြူကိုအနက်ရောင်ဘောင်းဘီရှည်ထဲထည့်ဝတ်ကာ ခါးမှာခါးပတ်ကိုခပ်တင်းတင်းပတ်ထားသည်....ပုံစံကမိန်းကလေးတွေသဘောကျသည့် oppa typeလိုလို ဖိုက်တာလိုလိုပင်...Jeongyeonကို security service centreမှလစာကောင်းကောင်းပေးပြီးငှါးခဲ့တာဖြစ်သည်...ဝန်ထမ်းမိန်းကလေးတွေကJeongကို ရိသဲ့သဲ့လုပ်ချင်ကြသော်လည်း မျက်နှာတည်တာကြောင့်အနားပင်မကပ်ရဲချေ..
   Jenကို လှမ်းကြည့်ကာပြုံးပြနှုတ်ဆတ်နေတဲ့ ဝန်ထမ်းတွေကိုခေါင်းဆတ်ပြုံးပြလိုက်ပြီး ommaရှိနေမည့် ဆိုင်နောက်ဘက်ကရုံးခန်းသို့ဆက်လျှောက်လိုက်သည်...ရုံးခန်းထဲသို့ဝင်ခါနီးမှ Jeongကိုသတိရကာ
   "ဪ..unnie..jenက ရုံးခန်းမှာကြာအုံးမယ်...unnieအပေါ်ထပ်ခိုးကအခန်းမှာ အေးအေးဆေးဆေးနားနေလိုက်လေ ထမင်းစားရင်လဲစားလိုက်တော့..Jenသွားစရာရှိမှခေါ်လိုက်မယ်.."
   "Nae.."
   Jeong unnieက jenထက်၃နှစ်လောက်ကြီးသည်..စစ်သားတွေလို 'nae..'ဟုခပ်ပြတ်ပြတ်ပြောကာ လှည့်ထွက်သွားတာမို့ သူ့စတိုင်လ်ကိုပြုံးမိသေးသည်...
   အစကတော့bodyguardငှါးပေးတာ စိတ်တွေကျဉ်းကြပ်လို့ အမြဲလိုလိုunnieကိုရန်ရှာမိသည်...အဲ့ဒီတုန်းကjenအသက်18ပဲရှိသေးတာမို့ မရင့်ကျက်လှသေး..လွတ်လွတ်လပ်လပ်နေချင်ခဲ့သော jenက jeongကိုပြန်ရုတ်သိမ်းပေးဖို့ommaကိုခနခနပူဆာခဲ့ဖူးသည်...မေမေကတော့စိတ်မချဘူးဟုဆိုကာ မရုတ်သိမ်းပေးခဲ့ အချိန်တွေကြာလာတော့မှunnieကjenအပေါ်ကိုအလွန်သည်းခံပြီး စိတ်ထားလဲကောင်းတာကြောင့်ယုံကြည်စိတ်ချလိုက်တော့သည်...
   Jenရုံးခန်းတံခါးကိုဖွင့်ကာ ရုံးခန်းထဲကိုဝင်လိုက်တော့ စားပွဲပေါ်မှာထိုင်ပြီး မှန်ဘီလူးလေးနဲ့စိန်တွေကြည့်နေသောommaက jenကိုမော့ကြည့်လိုက်ရင်း...
   "Nini...အစောကြီးပါလား..ညကဒီဇိုင်းတွေဆွဲနေတာညဥ့်နက်မှ အိပ်ရတယ်မလား ommaညကniniအခန်းရှေ့ရောက်သေးတယ်...စိတ်ဝင်တစားပုံဆွဲနေတာနဲ့ မခေါ်တော့တာ..အိပ်ရေးဝဝအိပ်ပြီးမှလာခဲ့ရောပေါ့niniလေးရယ်..."
   "Jen အိပ်ရေးဝပါတယ်ommaရဲ့ အခုjenဆွဲထားတဲ့ပုံလေးတွေပြချင်တာနဲ့စောစောထွက်လာလိုက်တာ ဒီမှာကြည့်ပါအုံး jenဆွဲထားတာလှရဲ့လား..."
   Jenကommaဘေးကခုံမှာ ဝင်ထိုင်လိုက်ပြီး ပုံဆွဲစာအုပ်ကို စားပွဲပေါ်မှာချ၍ တစ်ရွက်ချင်း ခပ်ဖြည်းဖြည်းလှန်လျောရင်း....
   "ဒါလေးက ပုံရိုးတယ်ထင်ရပေမယ့် တော်ဝင်ဆန်ဆန်ပုံစံမျိုးလေး တစ်ဆင်စာပါ omma...လက်စွပ် နားကပ် လက်ကာက် ဆြွဲကိုး တစ်ဆင်စာလုံးဝတ်လိုက်ရင် အဆင့်မြင့်မြင့်လေးနဲ့အရမ်းလှနေမှာ...ဒါကလူငယ်အကြိုက်ပါးပါးသေးသေးလေး omma ကြိုက်ရဲ့လား..."
   Ommaကjenဆွဲထားတဲ့ ဒီဇိုင်းတွေကိုသေချာကြည့်လိုက်ပြီး....
   "Ommaကေတာ့ အင်မတန် ကံထူးတာပဲ"
   Jenကommaကိုကြည့်လိုက်ရင်း
   "ဘာဖြစ်လို့လဲomma ဒီလိုဒီဇိုင်းမျိုးလေးတွေအရောင်းအဝယ်တက်နေလို့လား"
   Ommaကjenရဲ့ခေါင်းလေးကိုခပ်ဖွဖွပုတ်ရင်း
   "အရောင်းအဝယ်ကောင်းတာထက်ပိုပြီးတတ်ဖိုးရှိတဲ့ကံကောင်းခြင်းမျိုးommaရခဲ့တာလေ၊niniလေးလိမ္မာရေးခြားရှိပြီး ommaအပေါ်လည်းသိတတ်တယ် တခြားသူဌေးသားသမီးတွေလို မိဘပိုက်ဆံဖြုန်းတဲ့အထဲမှာလဲommaရဲ့သမီးလေးကမပါပြန်ဘူး ပြီးတော့ommaရဲ့အလုပ်အတွက် အသုံးဝင်မဲ့ပညာကိုလေ့လာပြီး ommaကိုကူညီတယ် ပြီးတော့ခုချိန်ထိလဲ ရည်းစားကိစ္စအရှုပ်အရှင်းကိုမကြားခဲ့ရဘူး သမီးကိုစိတ်ဝင်စားသူတွေအရမ်းများပေမဲ့ တော်ရုံတန်ရုံလူမျိုးကိုဘဝခရီးဖော်အဖြစ် မစဉ်းစားတဲ့စိတ်နေမြင့်သူကလေးဖြစ်နေပြန်ရော ကဲommaဘယ်လောက်တောင်ကံထူးလိုက်သလဲ"
   "Jenလိမ္မာတယ်ဆိုတာ ommaတို့ဆုံးမတာတော်လို့ပါ"
   "ဆုံးမတိုင်းလဲနားမဝင်တဲ့သားသမီးတွေအများကြီးပါ ချစ်သမီးလေးရယ်"
   Jenက ommaစကားကိုပြုံး၍ နားထောင်ရင်း ကတ်တလောက်စာအုပ်လေးပေါ်မှာဒီဇိုင်းသစ်အတွက်လိုအပ်မည့် စိန်အလုံးရေနဲ့ ရွှေချိန်ကို ချရေးလိုက်ပါသည်။

နှလုံးသားသို့စူးဝင်လေသော......Where stories live. Discover now