UNICODE VERSION
Honeymoonပြီးတော့
ကျတော်တို့အိမ်ပြန်လာခဲ့ကြတယ်၊
ကျတော့်Honeymoonက
သူများတွေလိုမျိုးပျော်စရာHoneymoon
မဖြစ်ခဲ့ပါဘူး။ ထားပါလေ ဘာပဲဖြစ်ဖြစ်
အခုကိုကိုက ကျတော့်အပိုင်ဖြစ်နေပြီပဲကို၊
ကိုကိုတစ်နေ့ထယ့်ကိုပြန်ချစ်လာမယ်လို့
ယုံကြည်တယ်။_____________
အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ
ထိုင်ကာ ကျတော်နဲ့ကိုကို့ကို
ပြုးံကာနှုတ်ဆက်နေသောယောက္ခမကြီးနဲ့
ကျတော့်ဖေဖေ။"ဖေဖေ..."
ကျတော်ဝမ်းသာအားရ ဖေဖေ့ကို
ပြေးဖက်လိုက်တော့။ ဖေဖေက
ကျတော့်ကို ပွေ့ဖက်ရင်းဆံပင်လေးတွေကို
သပ်တင်ပေးသည်။"ကင်ထယ်ယောင်း နင်အိမ်ထောင်ကျသွားမှ
ပိုချောလာသလိုပဲ""ဟင့်အင်း ဂျောင်ယွန်း...
ငါကလှတာ ကောင်လေးလှလှလေး"ကျတော် ဆိုဖာမှာထိုင်ရင်း
မိသားစုတွေနဲ့စကားပြောနေလိုက်တယ်။"ကျတော်ခရီးပန်းလာလို့ နားဦးမယ်"
ကိုကိုကတော့ အကုန်လုံးကို
လျစ်လျူရှုကာ အပေါ်တက်သွားဖို့ပြင်လိုက်သည်။"သား ဂျောင်ကု လာပါဦး"
ကိုကိုလည်း အပေါ်ထပ်ကို
သွားမယ့်ခြေလှမ်းတွေကိုရပ်တန့်ကာ"ဟုတ်ကဲ့"
"ရော့...ဒါအဖေ့ရဲ့လက်ဖွဲ့"
"အိမ်စာချုပ်?"
"မင်းတို့နှစ်ယောက်အတွက်လေ
မင်းတို့က အခုအိမ်ထောင်သည်ဖြစ်နေပြီဆိုတော့
ကိုယ့်အိမ်ကိုယ့်ယာနဲ့ တစ်အိုးတစ်အိမ်
ထူထောင်သင့်ပြီလေ"" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဖေ"
ကျတော်စိုးရိမ်နေခဲ့တာ
ဖေဖေ့ကိုလည်းကျတော့်ကို ပြောဆိုဆက်ဆံသလိုမျိုး
ဆက်ဆံမယ်ထင်လို့။ ကျေးဇူးတင်ပါတယ်
ဖေဖေနဲ့ လိုက်လျောညီထွေနေပေးလို့...။
YOU ARE READING
❄︎𝙄𝘾𝙔 𝙃𝙀𝘼𝙍𝙏❄︎
Fanfictionနူးညံ့ပြီးနွေးထွေးဖော်ရွေတဲ့ ကောင်လေးက ဘာလို့ဒီလောက်တောင် အေးစက်စက်နိုင်သွားရတာလဲ~JK ကျတော့်နှလုံးသားကို ခင်ဗျားကိုယ်တိုင်ပဲ အေးခဲအောင်လုပ်ခဲ့တာလေ~Tae Top_Kook Bottom_Tae Zawgyi+Unicode