|| BounPremတို့ရဲ့ First Metလေးက
သူများနဲ့မတူဘူးဆိုရင် ယုံကြမလား ||Kaset Fairဆိုတာ Bangkokရဲ့
နာမည်ကြီးတဲ့ Uni Marketတစ်ခုပါ။ကျောင်းသူကျောင်းသားတွေက
သူတို့ချက်ပြုတ်တတ်တဲ့ စားစရာတွေ
Street foodsတွေကိုရောင်းချကြတယ်။တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင်ပေါ့။
ရုပ်ရည်ရှိတဲ့ကောင်ချောလေးတွေကတော့
သူတို့ရဲ့ SNS Accတွေကို ဆိုင်ရှေ့မှာ
ရေးပြထားပြီးဝယ်သူတွေကို ဆွဲဆောင်ကြတယ်။ဒါဟာလည်း Kaset Fairကို ပွဲစည်စေတဲ့
အကြောင်းအရာတွေထဲက တစ်ခုပါပဲ။2019ခုနှစ်တုန်းကလည်း ခါတိုင်းလိုပဲ
Kaset Fairကိုကျင်းပခဲ့တယ်။အဲ့ဒီနှစ်တုန်းကတော့
စီနီယာအစ်ကိုကြီးတွေရဲ့နွားနို့ဆိုင်နဲ့
ကောင်ချောလေးတွေစုပြီးရောင်းတဲ့
ဝက်သားကင်ဆိုင်က အရောင်းရဆုံးပါတဲ့လေ။အံ့ဩစရာတော့မရှိပါဘူး။
နှစ်ဆိုင်လုံးက အစားအသောက်တွေကောင်းသလို
ရောင်းတဲ့ကောင်လေးတွေကလည်း
သဘောကောင်းကြတာကိုး။ဇာတ်လမ်းကဒီမှာစတာပါပဲ✨
နွားနို့ဆိုင်က ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နဲ့
ကိုကြီးတစ်ယောက် ဗိုက်ဆာနေတာကြောင့်
ဝက်သားကင်ဆိုင်မှာ အဆာပြေဝယ်စားဖို့
ဆုံးဖြတ်ခဲ့ပါတယ်။ဝက်သားကင်ရောင်းတဲ့
ကောင်လေးတွေထဲမှာ တရုတ်နဲ့တူတဲ့
ကောင်လေးတစ်ယောက်လည်း ပါပါသေးတယ်။နွားနို့ဆိုင်ကအစ်ကိုကြီးက
သူတို့ဆိုင် ပိုရောင်းကောင်းလို့ ငါတို့ကို
လာရွဲ့ပြီးဝယ်နေတာပဲလို့ ကောင်လေးကထင်မိပြီး
စိတ်ထဲမှာ အမြင်မကြည်မလင်ဖြစ်ခဲ့ပါတယ်။Kaset Fairပြီးသွားတဲ့အခါမှာတော့
အဲ့ဒီအကြောင်းအရာကို မေ့မေ့ပျောက်ပျောက်ပဲပေါ့။ဒီလိုနဲ့တစ်ရက်မှာ နာမည်ကြီး BL Fiction
Red Threadကို ရုပ်ရှင်ပြန်ရိုက်ဖို့ Castingရွေးနေကြောင်း သတင်းတွေပြန့်လာပါတော့တယ်။အနုပညာလောကထဲမှာ ၇နှစ်၈နှစ်လောက်
ရုန်းကန်ခဲ့ပေမယ့် ဘာမှဖြစ်ဖြစ်မြောက်မြောက်
မဖြစ်လာသေးလို့ စိတ်ဓာတ်ကျနေတဲ့ကိုကြီးက
ဒီတစ်ခါနောက်ဆုံးအကြိမ် ကြိုးစားကြည့်ခြင်းပဲ
ဆိုပြီး လူရွေးပွဲကိုသွားဖို့ ဆုံးဖြတ်ခဲ့တယ်။တစ်ခြားတစ်ဖက်မှာတော့
အနုပညာလောကထဲကိုခြေဆန့်ဖို့ကြိုးစားနေတဲ့
ကောင်လေးကလည်း castingအတွေ့အကြုံ
လိုချင်တာကြောင့် လူရွေးပွဲကိုသွားဖို့
ဆုံးဖြတ်ခဲ့ပါတယ်။Castingအရွေးခံလာတဲ့လူအုပ်ထဲမှာ
ကောင်လေးဟာ ကိုကြီးကိုတွေ့တာနဲ့
Kaset Fairတုန်းက လာရွဲ့ခဲ့တဲ့အစ်ကိုကြီးမှန်း
တန်းသိသွားခဲ့ပြီး ခပ်ခွာခွာနေရင်း
ရှောင်နေခဲ့ပါတော့တယ်🤣ကိုကြီးကတော့မမှတ်မိပေမယ့်
ကောင်လေးကိုမြင်လိုက်တာနဲ့တင်
သူနဲ့ တွဲဖက်သရုပ်မဆောင်ချင်ဘူးလို့
စိတ်ထဲက တွေးခဲ့မိပါတယ်တဲ့ရေစက်ဟာဆန်းကြယ်တယ်ဆိုယုံမလား?
ဟုတ်ပါတယ်။လူရွေးပွဲမှာ သူတို့နှစ်ယောက်
အရွေးခံခဲ့ရပြီး WinTeamဆိုတဲ့ couple
charactersနေရာကို ရခဲ့ကြပါတယ်။မျက်နှာကြောမတည့်တဲ့ နှစ်ယောက်က
ရိုက်ကွင်းဝင်တဲ့ချိန်ကလွဲရင် အပိုစကားတွေ
မပြောဖြစ်ခဲ့ကြပါဘူး။ဒါပေမယ့် နှစ်ယောက်သား
ဒီလိုသာဆက်ပြီး အခြေအနေတင်းမာနေရင် အတူတူသရုပ်ဆောင်တဲ့အခါ အခက်အခဲရှိနိုင်တာကို ကိုကြီးက ကောင်းကောင်းသိနေခဲ့ပါတယ်။ဒါနဲ့ပဲကောင်လေးကို သူနဲ့ပွင့်ပွင့်လင်းလင်း
ဆွေးနွေးဖို့ပြောတော့ ကောင်လေးကလည်း
လက်ခံလိုက်ပါတယ်။အဲ့နောက်ပိုင်းမှာတော့
workshopတွေမှာ အတူတူအချိန်ကုန်ဆုံးရင်း
တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြတာပါပဲ✨အဲ့ကနေပြီး အတူသွားအတူလာ
အမြဲအတူတူရှိနေကြရင်း ဒီနေ့လိုအခြေအနေထိ
ရောက်လာခဲ့ပါတော့တယ်💕နှစ်ယောက်သားရဲ့ First Metလေးကတကယ်ကို
ရုပ်ရှင်ဆန်ပါတယ်နော်>< အချိန်တွေယူပြီး တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလေးက
မြတ်နိုးစရာပါပဲ🥺💕သင်ခန်းစာ-ကိုယ်နဲ့ မျက်နှာကြောမတည့်တဲ့
သူနဲ့လည်း တစ်ချိန်မှာ ချစ်သူတွေ
ဖြစ်လာနိုင်ပါတယ်🙃🧛🏻
YOU ARE READING
BounPrem Paradise
Non-FictionBounPrem Paradiseဆိုတာ ကြာကြာနေမှတစ်ခါပွင့်အံလာတတ်တဲ့ ကိုယ့်ရဲ့ခံစားချက်လေးတွေကို စုထားတဲ့နေရာလေးပါပဲ🤎 အခုကWattpadထဲမှာလည်း collectionလေးအဖြစ်စုပြီးသိမ်းထားချင်လို့ပါ🥺💛 ကောင်လေးနှစ်ယောက်ကို အများကြီးချစ်ပေးကြပါဦး🥦💘