When You Love Someone

114 11 2
                                    

ဒီနေ့ရဲ့Topicလေးကတော့
"တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါ"ပါ

တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါ
သူပင်ပန်းခက်ခဲနေချိန်မှာ
ကိုယ်ကသူ့အနားရှိပေးရုံကလွဲ
ဘာမှမတတ်နိုင်ခဲ့ရင်နာကျင်ရပါသတဲ့။

သူပြုံးပျော်နေတာမြင်ရတဲ့အခါမျိုးကျ
ကိုယ့်ရင်ထဲပန်းတွေပွင့်တာပေါ့။

သူငိုနေတာ နာကျင်နေတာမျိုးမြင်ရရင်လည်း
ကိုယ်ကပဲသူ့အစား ခံစားပစ်လိုက်ချင်တယ်ဆိုတဲ့
ခံစားချက်မျိုးတွေဖြစ်ပေါ်လာတတ်တယ်တဲ့....

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

Juneလ 7ရက်နေ့✨
Nation Online Liveမှာ ကိုကြီးကနောက်သုံးနှစ်လောက်ဆို ရိုက်ကွင်းနောက်ကွယ်မှာအလုပ်လုပ်ဖို့စဉ်းစားထားတယ်လို့ ပြောလာ‌တဲ့နေ့ပါ။အဲ့စကားကိုကြားတော့ကောင်လေး အတော်အံ့ဩသွားပုံပါပဲ။ပြီးတော့ ကိုကြီးရဲ့ပေါင်ကိုပုတ်ပြီးမကြားတကြားလေးပြောလိုက်တာက

"မသွားပါနဲ့ ကျွန်တော့်ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ဦး" တဲ့။

ချစ်သောတစ်စုံတစ်ယောက်နဲ့အချိန်အကြာကြီးထိ အတူတူရှိမနေနိုင်လောက်ဘူးဆိုပြီးရုတ်တရက်သိလိုက်ရတာက ခြောက်ခြားစရာကောင်းတယ်မဟုတ်လား?

Julyလ 30ရက်နေ့✨
နောင်အနာဂတ်မှာဘယ်လိုအလုပ်မျိုးလုပ်ချင်လဲတဲ့။
ကောင်လေးကဖြစ်နိုင်ရင် ဒီအနုပညာလောကထဲမှာပဲဆက်နေသွားချင်ပါသတဲ့။သရုပ်ဆောင်တာတွေမလုပ်တော့မယ့်တစ်ချိန်ကျ ရိုက်ကွင်းနောက်ကွယ်မှာပဲ ဖြစ်ဖြစ်လုပ်ချင်ပါတယ်လို့ဖြေလာပါတယ်။

"ဘာမှမလုပ်တတ်ရင်တောင် ရေခပ်‌ပေးတဲ့ကောင်လေးပဲဖြစ်ဖြစ် Slateရိုက်တဲ့သူပဲဖြစ်ဖြစ် လုပ်လို့ရပါသေးတယ်။ဒါကြောင့်မို့ အစ်ကိုရိုက်ကွင်းနောက်ကွယ်မှာအလုပ်လုပ်မယ်ဆိုကျွန်တော့်ကိုလည်းခေါ်ဖို့ပြောထားတယ်...."

အစ်ကိုနဲ့စခဲ့တဲ့လမ်းကို အစ်ကိုနဲ့ပဲအဆုံးသတ်ချင်တယ်။အစ်ကို့နားရှိ‌နေရဖို့ဆို မကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုရဲ့ အောက်ခြေသိမ်းအလုပ်‌တွေကနေစပြီးလေ့လာရမယ်ဆိုလည်းအဆင်ပြေပါတယ်။

You've reached the end of published parts.

⏰ Last updated: May 19, 2021 ⏰

Add this story to your Library to get notified about new parts!

BounPrem Paradise Where stories live. Discover now