2

2.6K 219 2
                                    

Unicode

Lisa manoban

Lisa အိပ်ရာက နှိုးနှိုးချင်း ငုတ်တုတ် ထထိုင်မိလိုက်သည်။ပြီးတော့ အခန်းပတ်ပတ်လည်ကိုကြောင်တောင်တောင် ဝေ့ဝဲကြည့်မိတယ်။

အခန်းကတော်တော်လေးကိုကျယ်ပါတယ်။ဒါပေမဲ့သူမစဉ်းစားမရတာက သူမကရောင်းစားခြင်းခံရပြီး ကားတစ်ကားထဲမှာ လိုက်လာရတယ်။ကားထဲမှာပဲ သူမ အိပ်ပျော်သွားတယ်။သူမ နှိုးလာတော့ အိပ်ခန်းကျယ်ကြီးတစ်ခုထဲက မွေ့ယာတစ်ခုပေါ်မှာရောက်ရှိနေပြန်တယ်။

သူကို ဘယ်သူက ဒီအခန်းထဲ သယ်လာပေးတာလဲ အတွင်းရေးမှူးလား။ Lisaသည် မွေ့ယာပေါ်ကနေ ဆင်းလိုက်သည်။ခြေဗလာ ဖြစ်နေသောကြောင့် ကြမ်းပြင်ရဲ့ ချောမွတ်တောက်ပြောင်နေတဲ့ အထိအတွေ့ကို ခံစားနေရတယ်။

သူမ သူ့ရဲ့လှေကားမရှိတဲ့ တဲအိမ်လေးကို သတိရမိသွားတဲ့အပြင် လွမ်းသွားသလိုလည်း ခံစားရသည်။တဆက်တည်းမှာပဲ သူမသာ အလုပ်ထွက်မလုပ်ပဲ ဒီတိုင်းသာနေနေခဲ့ရင် ရောင်းစားခံခဲ့ရမှာမဟုတ်ဘူးလို့လည်း တွေးမိပြန်တယ်။

အိပ်ခန်းပြင်ကို ဖြေးဖြးလေး ထွက်လာပြီးတော့ နေရာတိုင်းကို တမေ့တမောလိုက်ကြည့်မိသည်။အိမ်ရဲ့နံရံ အသုံးအဆောင်တွေကအစ ကြီးကျယ် ခမ်းနားလွန်းလှတယ်။Lisaရဲ့စိတ်နဲ့ခန္ဓာကိုယ်က ဒီလိုတန်ဖိုး ကြီးမားလှတဲ့ အသုံးအဆောင်တွေကြားထဲမှာ တဖြည်းဖြည်း သေးငယ်သွားသလိုပါပဲ။သူမ လှေကားပေါ်ကနေ ဟိုကြည့်ဒီကြည့်နဲ့ ဆင်းလာသည်။

* ဘာလဲဟ တစ်ယောက်မှမရှိကြဘူးလား.. ပြီးတော့ ဒီနေရာကရော ဘာလဲဟာ... ငါ့ကို ခေါ်လာတဲ့သူတွေကရော ဘယ်ရောက်သွားကြတာလဲ... *

" နိုးလာပြီလား သမီး "

အသံကြောင့် ဧည့်ခန်းထဲမှာ တစ်ယောက်ထဲ မတ်တ်ရပ်နေတဲ့ လီဆာက ခန္ဓာကိုယ်အနည်းငယ် တုန်သွားသည်။သူမ လှည့်ကြည့်လိုက်တော့အသက် ငါးဆယ်ကျော် ဦးလေးကြီးတစ်ယောက်က သူမကို နွေးထွေးစွာပြုံးပြနေ၏။

" ဟို ဦးလေးကြီးက "

" ဦးလေးကြီးက ဒီအိမ်ကြီးရဲ့ အိမ်တော်ထိန်းပါ အိမ်တော်ထိန်းယောင်းလို့လဲခေါ်လို့ ရပါတယ် "

ᎷᎽ ϘႮᎬᎬΝWhere stories live. Discover now