☞03

432 56 7
                                    

Yeonက အိပ်နိုင်လိုက်တာ ။ တစ်ချက်ကလေးတောင် မနိုးဘဲ အိပ်ပျော်တတ်တာ ကောင်းတယ်ပြောရမယ် ။ လူကအဖျားကြောင့် နွမ်းချင်နေပေမဲ့ Yeon အမြင်မှာ နေကောင်းနေမှ ဖြစ်ရအုံးမည် ။ ပါးပြင်ပေါ် ဒီနေ‌့တစ်ရက်တော့ မိတ်ကပ်ပါးပါးတင်မှ ။ ပုံမှန်အတိုင်းဘဲ Naဟာ မနက်စာပြင်ဆင်းချက်ပြုတ်ပြီးသွားတဲ့နောက် သူမတို့ အခန်းသို့ ရောက်လာခဲ့သည် ။ ရေချိုးနေပုံရတဲ့ Yeonကြောင့် Na အိပ်ယာတွေသိမ်းရင်း Yeonနဲ့ မနက်စာ အတူစားဖို့ စောင့်နေမိသည် ။ Yeonရေချိုးခန်းထဲက ထွက်လာတော့ ကုတင်ပေါ်မှာ ထိုင်နေရာက Naထလာပြီး Yeonအနားသို့ လျှောက်လာခဲ့ရင်း

" မောနင်း Yeon "

" ဘယ်သွားမလို့လဲ? "

" ဟွန် ? "

Naကို စိုက်ကြည့်နေတဲ့ Yeonမျက်လုံးတွေကနေ Na လွယ်လွယ်လေးဘဲ အဖြေရှာလို့ရလိုက်သည် ။ Na မိတ်ကပ်လိမ်းထားလို့ Yeonက အပြင်သွားမယ် ထင်နေတာ ဖြစ်လိမ့်မည် ။

" ဟုတ်တယ် Naဒီနေ့ အပြင်သွားစရာရှိလို့လေ "

" ဒီနာနေတဲ့ ခြေထောက်တွေနဲ့လား? "


Yeonက စိတ်ပူပေးဝာာလား? ရွဲ့နေတာလားတော့ Na သိပ် မသဲကွဲချင်ဘူး ။ အသာပြုံးမိသွားတဲ့ Naနှုတ်ခမ်းတွေကို Yeonဟာ လှမ်းကိုင်လာပြီး နှုတ်ခမ်းနီတွေဖျက်ပစ်လိုက်သည်။ 


" ဒီလို နှုတ်ခမ်းနီရဲရဲတွေ မဆိုးနဲ့ "


ရင်တွေခုန်သွားလိုက်တာ အတိုင်းမသိအောင်ပါဘဲ ။ Yeonက Naကိုဆို ဘယ်တုန်းကမှ စထိတတ်တဲ့သူ မဟုတ်ဘူးလေ ။ Na နှုတ်ခမ်းနီရဲရဲဆိုးထားတာ Yeonအတွက်နဲ့ပါ ။ Yeonကို Naနေကောင်းနေတယ်ဆိုတာ ပြချင်လို့ ဖြူရော်နေတဲ့ နှုတ်ခမ်းကို နှုတ်ခမ်းနီထူထူနဲ့ ဖုံးထားရတာ ။ Yeonက ဒီလိုဖျက်ပစ်တော့ Na ဆက်ပြီး ညာထားလို့မရတော့ရင် ဘယ်လိုလုပ်မလဲ ။

" ကိုယ့်ကိုကိုယ် လူလွတ်တစ်ယောက်လို့ ထင်မနေနဲ့ နင် ငါနဲ့ လက်ထပ်ထားပြီးသားနော် Im Nayeon "



Yeonက ဒီစကားကို သဝန်တိုလို့ပြောတာမဟုတ်မှန်းတော့ Naသိသည် ။ ဒါကိုဘဲ အကျေနပ်ကြီး ကျေနပ်မိသွားတာကလည်း Naကိုယ်တိုင်ဘဲ ။


Spring is Coming   || 2YeonWhere stories live. Discover now