ဒီလိုနဲ့ သူမတို့လေးယောက် ကြည်ကြည်နူးနူး ro
ပေါင်းများစွာနဲ့ ဖြတ်သန်းကြရင်း Jennieနဲ့Lisa
တို့ရဲ့ အရေးကြီးဆုံးနေ့လေးကို ရောက်လာတော့သည်
Jennie ညက ကျောင်းသူကျောင်းသားများရဲ့အိမ်စာကို စစ်ရင်းနဲ့ အိပ်ရာဝင်နောက်ကျသွားတာမို့ နေရဲ့ အလင်းရောင်လေး သူမရဲ့မျက်နှာပေါ်သို့ ဖြာကျလာတော့မှ သူမလည်း နေရောင်ကြောင့် မျက်လုံးစူးသွားတာမို့ ဘေးကခေါင်းအုံးကို ယူပြီး သူမရဲ့ မျက်နှာပေါ်တင်လိုက်လေသည်
Jennie's mind~အာ ဒီလိုလည်းနေနေလို့မဖြစ်ပါဘူးလေ ထမှပါ ဒါနဲ့....
Jennieတစ်ယောက် သူမရဲ့ ဘေးကလစ်ဟာနေတာကို သတိထားမိတော့ မျက်နှာပေါ်က ခေါင်းအုန်းကို ယူပြီး ဘေးကိုချလိုက်သည် ပြီးနောက် သူမအလန့်တကြားနဲ့ ထလိုက်ပြီး
Jennie~Baby!..... ကျစ်! ဘယ်ကို သွားပြန်ပြီလဲ မသိဘူး အရင်နေ့တွေတုန်းကလည်း ဒီကလူကို ဂရုမစိုက်ဘူး အခုလည်း အပြင်ထွက်သွားပြန်ပြီ ထင်ပါရဲ့😒 ဒီနေ့.. ဒီနေ့ကို သူမေ့နေတာတော့ မဟုတ်လောက်ပါဘူးနော် မေ့လို့ကတော့ သေပြီသာမှတ်! 🗡️(ကြောက်စရာကြီး🤪)
Jennieလည်း စိတ်ထဲကနေ Lisaကို တွေ့တာနဲ့ ဘယ်လို ရန်တွေ့မယ်ဆိုတဲ့ အကြောင်းကို တွေးပြီး မျက်စောင်းတွေပစ်ပစ်ထိုးရင်းနဲ့ အိမ်အောက်ထပ်က ခွေးဟောင်သံကြားတော့ Jennieလည်း အိပ်ခန်းထဲမှထွက်လာပြီး အိမ်အောက်ထပ်ကိုဆင်းလာလေသည်
Jennie~omo! ချစ်စရာလေးပါလား ဒီကကလေးလေးက ဒီကိုဘယ်လိုရောက်လာတာလဲ
Jennieလည်း ခွေးချစ်သူမို့ ခွေးလေးတစ်ကောင်ကို ကလေးလေးတစ်ယောက်လို စကားတွေပြောနေမိသည်
Jennieလည်း ခွေးလေးကို ချီလိုက်ပြီး
Jennie~အမယ် နက်ခတိုင် လေးနဲ့ပါလား ချစ်ဖို့ကောင်းလိုက်တာ😍
Jennie အသည်းယားပြီး ခွေးလေးကို ဖက်နေတုန်း ထိုခွေးလေးက Jennieပေါ်ကနေဆင်းပြီး အိမ်ထဲကထွက်သွားတော့
Jennie~hey ကလေးလေး ဘယ်ထွက်သွားတာတုန်း!
Jennieလည်း အဲ့ဒီခွေးလေးနောက်လိုက်သွားပြီး အိမ်အောက်ဆင်းပြီး ဖိနပ်ဝတ်လိုက်ပြီး သွားဖို့အလုပ် အသွားတစ်လျှောက်လုံးမှာ နှင်းဆီပွင့်ဖတ်လေးတွေကို လမ်းတစ်ဖွယ်ခင်းထားပြီး ဘေးကိုကြည့်လိုက်တော့ 👡🚫 ဆိုင်းဘုတ်လေး ကိုတွေ့တော့ သူမလည်း စီးလက်စဖိနပ်ကိုချွတ်လိုက်ပြီး နှင်းဆီပွင့်ဖတ်လေးတွေပေါ် နင်းပြီး လာလိုက်သည် ခြံပေါက်ကထွက်တော့ ခုနကတွေ့ခဲ့တဲ့ ခွေးလေးက Jennieကို စောင့်နေလေသည် Jennieလည်းလာတော့ ထိုခွေးလေးလည်း Jennieရှေ့ကနေ လမ်းပြပေးပြီး ရှေ့ကဦးဆောင်သွားလေသည်
Jennieလည်း လမ်းသွားရာတစ်လျှောက် စိတ်ထဲတွင် ပျော်ရွှင်ကြည်နူးမှုတွေနဲ့ပြည့်နှက်နေလေသည်
Jennieလည်း သွားရင်းနဲ့ သစ်ပင်ကိုင်းပေါ်က စာလေးနဲ့ သူမအကြိုက်ဆုံးbearအရုပ်လေးကိုတွေ့တော့ စာလေးကိုဖွင့်ဖတ်လိုက်လေသည်
"ဆိုးမိုက်တဲ့ Babyဆိုးလေးရဲ့ ဘဝလေးထဲကို
ဝင်လာပေးခဲ့တဲ့ အတွက် မ ကို အရမ်းလည်း
ချစ်သလို ကျေးဇူးလည်းတင်မိတယ်"
Jennieလည်း အဲ့ဒီစာလေးကို ဖတ်ပြီး ပီတိဖြာတဲ့အပြုံးတွေနဲ့ သစ်ကိုင်လေးပေါ်က ဝက်ဝံရုပ်လေးကို ယူပြီး တင်းကျပ်စွာ ဖက်လိုက်လေသည်
ပြီးနောက် သူမလည်း ဆက်လျှောက်သွားပြီး
Balloonလေးတစ်ခု ကိုတွေ့တော့ ယူလိုက်ပြီး
Balloonရဲ့ ကြိုးမှာချီထားတဲ့စာလေးနဲ့နှင်းဆီပန်းလေးကိုယူလိုက်ပြီး နှင်းဆီပန်းအရိုးစိမ်းလေးမှာ ချီထားတဲ့ အပ်ချည်ကြိုးလေးကို မဖြည်ခင်မှာ စာလေးကို ဖတ်လိုက်လေသည်
"အဲ့ဒီအပ်ချည်ကြိုးမျှင်လေးကို မ ဘဝရဲ့ အရေးကြီးဆုံး လက်ချောင်းသွယ်သွယ်လေးပေါ်မှာ ချည်လိုက်ပါနော်"
Jennieလည်း ထိုအပ်ချည်ကြိုးလေးကို လက်သန်းကြွယ်ဆိုတဲ့ လက်ချောင်းလေးပေါ်မှာ
ချည်လိုက်ပြီး အပ်ချည်ကြိုးတန်းလေးကတစ်လျှောက် လျှောဆင်းလာတဲ့လက်စွပ်လေးက
Jennieရဲ့ လက်သန်းကြွယ်ထိပ်လေးပေါ် ရောက်လာတော့ Jennieလည်း အဲ့ဒီလက်စွပ်လေးကို လက်သန်းကြွယ်ထက်တွင် ဆင်မြန်းလိုက်လေသည်
Lisa~ကွက်တိဖြစ်သားပဲ
Jennieလည်း အသံလာရာလှမ်းကြည့်လိုက်တော့ Lisaတစ်ယောက် အနောက်တိုင်းဝတ်စုံလေးနဲ့ ဂုတ်ကျော်ဆံပင်လေးကို ချကာ smartကျလွန်းလှလေသည်
Lisaလည်း daisyပန်းစည်းအကြီးကြီးကိုကိုင်ပြီး Jennieရဲ့အရှေ့ကို လျှောက်လှမ်းလာခဲ့လေသည်
တစ်ယောက်နဲ့တစ်ယောက် ကြည်နူးမှုတွေနဲ့အပြန်အလှန်စိုက်ကြည့်ကြရင်းနဲ့daisyပန်းစည်းကို Jennieရဲ့လက်လေးထဲထည့်လိုက်ပြီး နောက် သူမ ဒူးလေးထောက်ပြီး လက်ဝါးလေးဖြန့်ကာ
Lisa~Will you marry me?
Jennieလည်းအံ့သြသွားပြီး ပျော်လွန်းလို့ မျက်ဝန်းထက်ကနေ မျက်ရည်တွေတောင် စီးကျလာလေသည်
Jennie~Yes!
Jennieလည်း Lisaရဲ့လက်ဝါးလေးကို ဆုပ်ကိုင်လိုက်ပြီး Lisaမတ်တပ်ရပ်လိုက်ပြီး Jennieရဲ့စိုအိအိနှုတ်ခမ်းပါးလေးကို တနူးတယလေး နမ်းလိုက်လေသည်
ချလပ်! 📸
အရှေ့မှာ remote ကိုကိုင်ထားသော Chaeyoung နှင့် cameraနဲ့ဓာတ်ပုံလှမ်းရိုက်နေသော Jisoo တို့ကို မြင်တော့
Jennie~Chaeyoungနဲ့Jisooတို့ပါမယ်ဆိုတာသိပြီးသားပဲ ဒါနဲ့ Chaeyoungက ဘာလို့remoteကို ကိုင်ထားတာလဲ?
Chaeyoung~ဒီလို တီချယ်ရေ တီချယ်အိမ်ကနေခြံပြင်အထွက် အခုဒီကို ရောက်တဲ့အထိ
Chaeက Doneနဲ့ တီချယ့်ကို အပေါ်ကနေ video လိုက်ရိုက်နေတာ
Jennie~aww ဒါနဲ့ Baby ဟိုကလေးလေးကော?
Lisa~ဘယ်ကကလေးလေးလဲ?
Jennie~ဟိုကလေးလေးလေ မ ရဲ့အိမ်ကိုရောက်လာတဲ့ကလေးလေးလေ
Lisa~သိပြီ အဲ့ခွေးလေးကို ငှားထားတာ အခုပြန်ပို့လိုက်ပြီလေ
Jennie~အဲ့ခွေးလေးကို မ လိုချင်တယ်
Lisa~မ လိုချင်ရင် Baby ရအောင်လုပ်ပေးမယ် တစ်ခုပဲ ကတိပေး
Jennie~ဘာကတိလဲ?
Lisa~အဲ့ခွေးလေးထက် Babyကို ပိုချစ်ရမယ်နော်
Jennie~ဟုတ်ပါပြီ Babyရယ် Babyကို မ က သူမတူတဲ့အချစ်တွေနဲ့ ချစ်တာ ဟုတ်ပြီလား
Lisa~ကျေနပ်တယ်😁
Chaeyoung~ကျေနပ်တယ်လုပ်မနေနဲ့ ငါတို့ကို တစ်ခုခုလေးပါလေး ကျွေးဖို့အစီအစဥ်လေးဘာလေး မရှိဘူးလား ငါတို့မှာ နင့်ကိုကူညီနေရတာနဲ့ မနက်စာတောင်မစားရသေးဘူး
Lisa~ကျွေးမှာပေါ့ ကြိုက်သာတာ အဝစားကြ
ပြီးရင် နင်နဲ့ Jisoo unnieနဲ့အလှည့်ရောက်ရင်လည်း ကူညီပေးမယ်
Chaeyoung ~ok
Jisoo~Chae အဲ့ကျရင် အဲ့ထက်ဆန်းပြီးromaticဆန်တာလေး လုပ်ပေးရမယ်နော်😙
Chaeyoung~လုပ်ပေးမှာပေါ့ sooအတွက်ပဲလေ
ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုမှာ လေးယောက်သား မနက်စာစားကြရင်း ရီကြမောကြနဲ့ပျော်ရွှင်နေကြလေသည်
Jennie~အာ့ကြောင့် Babyကအရင်နေ့တွေတုန်းက အဲ့planအတွက် စီစဥ်နေကြတာပေါ့
Jisoo~ဟုတ်တယ်ဟေ့ Lisa က နင့်ကို supriseဖြစ်စေချင်လွန်းလို့ အကောင်းဆုံးအကြံပေး ဆရာသမားတွေဆီသွားပြီးအကြံသွားတောင်းလို့ ငါတို့တောင် လိုက်ပေးလိုက်ရသေးတယ် ငွေလည်းတော်တော်ကုန်သွားတယ်
Jennie~Babyရယ် အဲ့လောက်ထိတောင် လုပ်ရသလား
Lisa~Babyအတွက် အဲ့တာတွေက ကိစ္စမရှိပါဘူး အဓိကက မ Babyရဲ့အနားမှာ တစ်သက်လုံးရှိနေပေးဖို့ပဲ
Love you all readers🖤Long time no see 😞