Part -8

4.7K 333 0
                                    

" ရောက်ပြီ မမ ဒီနေ့အတွက် တကယ်ကျေးဇူးတင်ပါတယ်နော် "

" ရပါတယ် ခလေးရဲ့ ဒီလမ်းကြားထဲမှာနေတာလား "

" ဟုတ်ကဲ့ အိမ်က သိပ်မကောင်းတော့ အထဲဝင်ဖို့မခေါ်တော့ဘူးနော်"

" ရပါတယ် မမက သွားစရာရှိသေးတယ် နားတော့နော် သွားပြီ တာ့တာ "

" ဟုတ်ကဲ့ တာ့တာ "

........
At Neon Restaurant....

" ဟဲ့ ရတနာ နောက်ကျတယ်နော် ဘာလုပ်နေတာလဲ "

" ခလေးထိန်းနေလို့ "

" ဟမ် နင်ဘယ်တုန်းက ခလေးရ "

" နောက်တာပါဟ ဒီတိုင်း အကြောင်းရှိလို့ "

" အေးပါဟယ် ​စွတ်သောက်မနေနဲ့ ဒေါ်မာယာခင် ပြီးရင် ကျွန်မပဲ အိမ်လိုက်ပို့နေရမယ် "

" မသောက်ပါဘူး ဟ နည်းနည်းလေးပဲ ဝင်သေးတာ "

" ပြီးတာပဲ ရတနာ နင်ရော ဒီကို ခဏလာတာလား "

" အစကတော့ ခဏလာတာ အခုတော့ အကြာကြီးနေတော့မယ် "

" ဟမ် ဘာဖြစ်လို့ "

" မေးမနေပါနဲ့ လေးရာ အလကား ဖွန်ကြောင်မလို့နေမှာပေါ့ "

" ဟာ မာယာ နင်ဟာ အကြီးကို အဲ့လိုပြောစရာလား "

" 3လ လောက်ကြီးတာကို များ "

" ရန်မဖြစ်တော့နဲ့"

" omm ငါ့ကိုလည်း အကြံဉာဏ်လေးပေးကြပါအုံး "

" ဘာအကြံဉာဏ်လဲဟ "

" ဘာအကြံဉာဏ်ရှိမှာလဲ သူ့ယောကျာ်းကြီးကို ပြန်ရအောင်နေမှာပေါ့ ဒေါ်မာယာခင် တို့က တကယ် အစွဲအလန်းကြီးတာပဲ "

" နင်တို့ကလည်း ငါက သူ့ကို ချစ်လွန်းလို့ မဟုတ်ဘူး ငါနဲ့ယူထားပြီး တခြားလူနဲ့ ဖောက်ပြန်နေတာကို အေးအေး ပြန်ပါကွာ နင်တို့ခေတ်ပဲ ဆိုပြီး လွှတ်ထားမယ့်လူမဟုတ်ဘူး မုန့်လည်းမဝေစားဘူး ယောကျာ်းလည်း ဝေမစားနိုင်ဘူး ငါပိုင်တဲ့ဟာကို လုတာ တကယ်မုန်းတာ "

" အေးပါဟယ် နင်အဲ့လိုပြောတာကို ငါတို့ ကြားရတာ ၃၆၅ ခေါက်ကျော်ပြီ "

" ငါ အကြံပေးရမလား "

" ပြောကြည့်လေ "

" ဒီလိုလုပ်ကွာ ယောကျာ်းလေး တယောက်ကို နင့်ယောကျာ်းနဲ့ ဖောက်ပြန်နေတဲ့ နေတဲ့ ကောင်မလေး ဆီပို့လိုက် "

BEYONDWhere stories live. Discover now