[ If I could ride a bike
I'd zoom around the world
With you sitting there behind me
I'll take you to places
Past several faces
Just livin' life so carefree ]Osaka ရဲ့ နွေဦးက သိပ်ကိုနွေးထွေးပြီး လွမ်းဆွတ်စရာကောင်းတယ်။ ကြွေကျနေတဲ့ ဆာကူရာပန်းတွေက အမှတ် (၇) လမ်းမကြီးတစ်လျှောက် ဖြန့်ကျက်လွှမ်းခြုံနေပြီး ပန်းသွေးရောင်နုနုလေး ခြယ်သွမ်းသွေးလို့ လှရက်လွန်းတယ်။ သိပ်ကိုလှပတဲ့ နွေဦးမှာ နေရောင်ခြည်က ပါးပါးလျလျ မြေပေါ်သက်ဆင်းနေတာကလည်း စာဖွဲ့မရအောင် နူးညံ့လွန်းလှတာပါပဲ။
စက်ဘီးလေး ဟိုယိုင်ဒီယိုင်နဲ့ ရှောင်းကျန့်က အိုဆာကာရဲ့ ပန်းရောင်ခြယ် လမ်းမပေါ်မှာ စီးနင်းနေပြီး သူတက်ရောက်ရမယ့်ကျောင်းအသစ်ရဲ့ နယ်မြေထဲရောက်နိုင်ဖို့ ကြိုးစားနေရတယ်။
စက်ဘီးစီးရတာ သိပ်ခက်တာပဲ ..
အိုဆာကာလို လမ်းမကျယ်ကြီးမှာတောင် သူဟာ စက်ဘီးတစ်စီးနိုင်အောင်မထိန်းနိုင်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်နေဆဲ။ ရှောင်းကျန့်ဟာ တရုတ်ပြည်ကနေ ပြောင်းလာတဲ့ ပြည်မကြီးသားတစ်ယောက်ဖြစ်တဲ့ အားလျော်စွာ ကျဉ်းကျပ်ကျပ်ပြည်နယ်ထဲ လျှောက်လှမ်းခဲ့ရသူမလို့ စက်ဘီးမစီးတတ်တာ မထူးဆန်းပေမယ့် ဆာကူရာမြေမှာတော့ သူဟာ စက်ဘီးမစီးတတ်တဲ့လူထူးဆန်းလို့ သမုတ်ခံရလုနီးနီး။ယိုင်နဲ့နဲ့ဖောက်လာရတဲ့ စက်ဘီးခရီးက ဘယ်လိုလုပ်တွင်နိုင်ပါ့မလဲ တွေးရင်းမှ ကျောင်းကိုရောက်လာတယ်။ အိုဆာကာရဲ့ ကျောင်းသားတွေဟာ စက်ဘီးနဲ့ ကျောင်းလာကြတဲ့အရေအတွက်များတာမလို့ ကျောင်းဧရိယာထဲမှာ စက်ဘီးကလေးတွေရပ်ဖို့နေရာလေးထားထားပေးတာတွေ့တယ်။ သူစက်ဘီးပေါ်ကဆင်းပြီးတွန်းသွားချင်ပေမယ့် အနည်းငယ်နောက်ကျနေပြီဖြစ်တဲ့ ကျောင်းချိန်ကြောင့် အရှိန်ကလေးမြှင့်လို့ parking area ထဲဝင်လိုက်တဲ့အချိန်မှာ ဘေးဒုက္ခလှလှနဲ့တွေ့တော့တာပဲ။ စက်ဘီးတွေအကုန်လုံးကို ဝင်တိုက်မိတာနဲ့ လဲကျကုန်တာမလို့ ဟိုးဘက်ထောင့်က စက်ဘီးထောင်နေတဲ့ ကောင်လေးကပါ ရောယောင်ပြီး လဲကျသွားပါတယ်။ သူလည်းလန့်သွားတာမလို့ စက်ဘီးရပ်ပြီး ဟိုကောင်လေးကို ပြေးလို့ထူရတယ်။
YOU ARE READING
Miracle In Osaka (Completed)
FanfictionFor Aurora Book Publishing House's Donation Project ! < 3 Recommended Song - If I could ride a bike !