Baby don't cry

1.3K 86 1
                                    

Ep (1) transfer from hmtown to korea...

China လို့ခေါတဲ့ တရုတ်နိုင်ငံရဲ့ hunan ပြည်နယ် changsha မြို့ ကြီးမှာ---zhang yi xing လို့ ခေါတဲ့ ကောင်လေးတစ်ယောက် အဖိုးအဖွားတို့နဲ့ အတူ နေထိုင်ပါတယ်၊ဖခင် ဖြစ်သူက သံအမတ်ဆိုတော့---yi xing ငယ်ငယ်တည်းက နိုင်ငံတကာကို လှည့်ပြီးတာဝန်ထမ်းဆောင်နေရတာကြောင့် yi xing နဲ့ အတူတူမနေနိုင်ကြဘူး၊အဲဒိ အတွက်ကြောင့်လည်း yi xing က ငယ်ငယ်လေးကတည်းက အဖိုးအဖွားနဲ့ သာနေခဲ့ရပြီး မိဘ မေတ္တာ ငတ်မွတ်ခဲ့ရသူပါ၊အဖိုးနဲ့ အဖွါးကတော့ yi xing ကို ချစ်ပေမယ့် အသက်အရွယ် ကြီးတာက တစ်ကြောင်းကြောင့် မိဘလောက်တော့ နွေးထွေးတဲ့ ဂရုစိုက်မှုတွေ မပေးနိုင်တာကတော့ အမှန်ပါပဲ---

မောင်နှမလည်း တစ်ယောက်မှ မရှိတာကြောင့် yi xing က စကားလည်းနည်းပြီး --သူ့အတွက် အကောင်းဆုံး အဖော်မွန်ကတော့ သီချင်းနားထောင်တာပါပဲ--''

အဲဒိ အတွက်လည်း ဂီတနဲ့ ပါတ်သက်တဲ့ any instruments မဆို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ပါတယ်၊ဒါပေမယ့် သူက သူ့အရည်အချင်းတွေကို ဘယ်တော့မှ ထုတ်ပြလေ့မရှိပါဘူး--'-အဲဒါကြောင့် သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေက လွဲလို့ကျန်တဲ့ ကျောင်းက သူငယ်ချင်းတော်တော်များများက yi xing ရဲ့ အရည်အချင်းတွေကို သတိမပြုမိကြပါဘူး---

Yi xing အဲလို ဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်း တခုကတော့--

သူငယ်ငယ်တုန်းက ကျောင်းပွဲတစ်ပွဲမှာ--သူတတ်ထားတဲ့ ဂီတကို ထုတ်ဖော်ပြခဲ့ဖူးပါတယ်၊ဒါပေမယ့် သူငယ်ချင်းနည်းတာက တစ်ကြောင်း---သူများသူငယ်ချင်းတွေလို လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး အားပေးမယ့် မိဘက မရှိတာက တစ်ကြောင်းကြောင့် yi xing တစ်ယောက် အဲဒိ အချိန်ထဲက စိတ်ဓါတ်ကျသွားခဲ့နဲ့ တူပါတယ်၊

တစ်နေ့ကျတော့ yi xing ရဲ့ မိဘ တွေဆီက စာရောက်လို့လာပါတယ်၊--

စာထဲမှာတော့---

အခု အမေတို့ ကိုရီးယားနိုင်ငံကို သံတမာန် အဖြစ်နဲ့ရောက်ရှိ နေကြောင်း--သားလေးရဲ့ ပညာရေး အတွက် ကိုရီးယား နိုင်ငံကို လာရောက်၍ မိဘများနဲ့အတူ ပညာသင်စေချင်ကြောင်း " ရေးထားခြင်းပင် ဖြစ်ပါတယ်၊

Baby don't cryWhere stories live. Discover now