PARDON:
"ကျွန်တော် မချစ်တတ်ဘူး၊ ရှောင်းကျန့်ဆိုတဲ့ ခင်ဗျားကိုမှ မဟုတ်ဘူး၊ တခြားဘယ်သူ့ကိုမှ.... အတိအကျပြောရရင် ကိုယ့်ကိုယ်ကိုတောင်မှ မချစ်ဘူး"
"တော်သေးတာပေါ့၊ မင်းမချစ်ပေမယ့် ကိုယ့်ကိုမမုန်းသလို မင်း ဥပေက္ခာပြုတဲ့အထဲလည်း ကိုယ်မပါဝင်ပေလို့။ ကျေးဇူးတင်ပါတယ် လောင်ဝမ်... ကိုယ် စောင့်နိုင်ပါတယ်၊ မင်း ကိုယ့်ကို ပြန်ချစ်လာမယ့်နေ့ကို ကိုယ်စောင့်နိုင်ပါတယ်"
"PARDON ME, FORGET ME"လူတစ်ယောက်ကို သဘောကျခြင်းမှာ အချိန်အကန့်သတ်တစ်ခုရှိနိုင်မလား။ ငါ ကြုံတွေ့ခဲ့ရသလောက်ဆိုရင် သေချာပေါက် အချိန်အကန့်သတ်တစ်ခုရှိတယ်။
သိတတ်ခါစ အရွယ်-
မနက်ခင်းတိုင်း ခြံထဲ ပန်းလာလာခူးတတ်တဲ့ အရှေ့အိမ်က မမကို ပြတင်းပေါက်ကနေ ခိုးခိုးကြည့်နေတတ်တဲ့ ငါ့ အစ်ကို။ သူက အရမ်းအရှက်အကြောက်ကြီးတယ်။ အဲ့မမကို သူတစ်ခါမှ သဘောကျကြောင်း ဖွင့်မပြောဖူးသလို အဲ့မမလာတဲ့အချိန်ဆိုရင် ခြံအောက်ဆင်းပြီး သူမနဲ့အတူ အချိန်ကောင်းလေးတစ်ခုဖန်တီးမယ့်အစား အိမ်ပေါ်ပဲ ပြေးတက်သွားကာ၊ အဲ့လို ပြတင်းပေါက်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်တတ်တယ်။
အဲ့ဒါကလည်း အချိန်တစ်ခုအထိပါပဲ။ နောက်တော့ အဲ့မမလည်း ပန်းလာမခူးတော့သလို ငါ့အစ်ကိုကလည်း သူမကို မမျှော်တတ်တော့ဘူး။ သိချင်စိတ်နဲ့ သွားမေးမိတော့ သူမ ပန်းလာမခူးတော့တာက သူမကို နေ့တိုင်း ပန်းဆက်သမယ့် ကောင်လေးရှိသွားလို့တဲ့လေ။ ငါ သိချင်စိတ်နဲ့ ထပ်ပြီးမေးလိုက်မိတယ်။ -အစ်ကိုက ဘာဖြစ်လို့ အဲ့မမကို ဖွင့်မပြောရတာလဲ၊ အဲ့မမနဲ့ အစ်ကိုနဲ့က အတန်းတူတူပဲမဟုတ်ဘူးလား- လို့ မေးတော့... "တချို့အရာတွေက ရယူပိုင်ဆိုင်ရမှ မဟုတ်ဘူး၊ ဒီအတိုင်း သူ့ရဲ့ဖြစ်တည်မှုကို မြင်ရရုံလေးနဲ့တင် ကျေနပ်နေရတာ"... ငါ့အစ်ကိုဟာ အဲ့လို ပြန်ဖြေခဲ့တယ်။ အဲ့တုန်းက ငါ့အတွေးက ငါ့အစ်ကိုဟာ သိပ်ကို သူရဲဘောကြောင်တာပဲလို့။
YOU ARE READING
P A R D O N
FanfictionOne shot "ကျွန်တော် မချစ်တတ်ဘူး၊ ရှောင်းကျန့်ဆိုတဲ့ ခင်ဗျားကိုမှ မဟုတ်ဘူး၊ တခြားဘယ်သူ့ကိုမှ.... အတိအကျပြောရရင် ကိုယ့်ကိုယ်ကိုတောင်မှ မချစ်ဘူး" "တော်သေးတာပေါ့၊ မင်းမချစ်ပေမယ့် ကိုယ့်ကိုမမုန်းသလို မင်း ဥပေက္ခာပြုတဲ့အထဲလည်း ကိုယ်မပါဝင်ပေလို့။ ကျေးဇူးတ...