10

2.1K 221 8
                                    

"စိတ်လှုပ်ရှားနေလား ကလေးလေး"

မျက်နှာလေး ဖြူဖျော့နေတဲ့ ရိပေါ်က လက်ဖျားလေးတွေလည်း အေးစက်နေသေးတယ်။ ဒီနေ့က ရှောင်းကျန့် ရိပေါ်ကို သူ့အိမ်နဲ့မိတ်ဆက်ပေးမယ့်နေ့။

"ကိုယ်ရှိတယ်လေ ကလေးရဲ့။ မကြောက်နဲ့နော်" လက်ဖဝါးနုနုကို ထွေးဆုပ်လို့ အားပေးတော့ ရိပေါ်က အားတင်းပြုံးပြရှာတယ်။ ကြောက်နေမယ်ဆိုတာ နားလည်ပေမယ့် ကိုယ်တို့တစ်ခါတည်းပဲ ရင်ဆိုင်လိုက်ကြရအောင် ရိပေါ်။ အခုရှုပ်ထားမှ နောင်ရှင်းမှာ ကိုယ်က မင်းကို အေးအေးချမ်းချမ်းပဲ ရှိစေ့ချင်ပြီ။

ရင်ခုန်နှုန်းတွေမြန်လွန်းနေတဲ့ ရိပေါ်တစ်ယောက် ကားကခြံဝန်းထဲကို ဝင်လာတာနဲ့အမျှ သိမ်ငယ်စိတ်ကလည်း တိုးလာရတယ်။

ရှောင်းကျန့်တို့က တကယ်ကို ကျိကျိတက်ချမ်းသာကြတယ်။ ခြံဝန်းတံခါးဝကနေ အိမ်တော်ရဲ့ ဆင်ဝင်အောက်ကို ရောက်ဖို့အရေးပင် မိနစ်နှစ်ဆယ်လောက် မောင်းရသေးတာမို့ အကျယ်အဝန်းက မနည်းမှန်းသိသာတယ်။ ကားရပ်လိုက်တာနဲ့ တံခါးလာဖွင့်ပေးတဲ့သူတွေက ဖွင့်ပေးကြတာမို့ ရိပေါ် စိတ်လှုပ်ရှားစွာနဲ့ပဲ ကားပေါ်ကဆင်းလိုက်ရတယ်။ ရှောင်းကျန့်လည်း ကားပေါ်ကဆင်းဆင်းချင်း ရိပေါ်ရှိရာဘက်ကို ပြေးလာတာမို့ စိတ်လေးတင်းလို့ ကိုယ့်ကိုယ်ကိုယ်သာ အားပေးလိုက်ရတော့တယ်။

ဟူး... စိတ်ကိုလျှော့...

"သခင်ကြီးတို့ စောင့်နေပါတယ် သခင်လေး"

အသက်ကြီးကြီးဦးလေးကြီး တစ်ယောက်ရဲ့အပြောကို ရှောင်းကျန့်က ခေါင်းတစ်ချက်ငြိမ့်ပြရုံနဲ့သာ တုန့်ပြန်လိုက်ပြီး ရိပေါ်လက်ကိုဆွဲလို့ အိမ်ထဲကိုခြေချတယ်။ အရာရာရင်ဆိုင်ဖို့အတွက် အသင့်ပြင်ရင်း...

"ကျွန်တော်တို့ရောက်ပါပြီ"

ရှောင်းကျန့်ရဲ့စကားအဆုံးမှာ သတင်းဖတ်နေပုံရတဲ့ ရှောင်းသခင်ကြီးက မော့ကြည့်လာပြီး မျက်နှာချင်းဆိုင် ဆိုဖာတွေမှာဝင်ထိုင်စေတယ်။ အိစက်နူးညံ့နေတဲ့ ဆိုဖာရဲ့အထိ‌အတွေ့ကလည်း ရိပေါ်တို့လို သာမန်လူတန်းစားတွေ လက်လှမ်းမမှီနိုင်လောက်တဲ့ ဇိမ်ခံပစ္စည်းမျိုးဆိုတာ သေချာနေပါတယ်။

Kiss Me QuickWhere stories live. Discover now