(1)

121 9 3
                                    

"အဲ့ဒါဆို ငါကွေးသွားတာလားမသိဘူး ကယ်ကြပါဦး"

ကျိုးခဲ့ယွီရဲ့ ရုပ်ကလေးနဲ့မလိုက်အောင် ဆိုးရွားသည့်အသံဩဩကြီးက တစ်တန်းလုံးဟိန်းထွက်လို့သွားတာပင်။ ဒါပေမဲ့ သိပ်လည်းဂရုစိုက်မခံရ။ အားလုံးက သူ့အပူနဲ့သူ၊ အတိအကျပြောရရင် တစ်တန်းလုံးက ယောက်ျားတွေအားလုံး တူညီသော အပူတစ်ခုကို မျှဝေခံစားနေရသည်ဖြစ်ရာ ကျိုးခဲ့ယွီကို နားလည်ပေးနိုင်ကြသည်လေ။

"ဝမ်ကျန့်ရှုံး သားကြီး သားရည်တွေဘာတွေသုတ်လိုက်ဦး"

လျိုကျန်းက အော်စကာ မကြိုက်သော သူ့နာမည်ရင်းကြီးကို အော်ခေါ်ပြီး မျက်ခွက်ပြောင်စွာ အင်္ကျီလက်ခုံနဲ့ နှုတ်ခမ်းတွေကိုလာသုတ်ပေးသည်။

"သူ့ကိုမြင်လိုက်ရင် ဘယ်သူက ယောက်ျားလေးလို့ တန်းတွေးမှာလဲ။ စောက်ပိုတွေမလုပ်နဲ့"

"မရတော့ဘူး... နှလုံးသားထဲရောက်သွားပြီကွ။ မင်းမေ ထဲမှ...ငါကွေးသွားပြီ။ ငါသိတယ်။"

ကျိုးခဲ့ယွီနဲ့ ကျန်းကျားယွမ်တို့ရဲ့ရွှတ်နောက်နောက်စရိုက်တွေအရတော့ ဒါကအတည်ပြောနေတဲ့စကားတွေမဟုတ်တာလည်း အားလုံးသိကြသည်။

ပေကျင်းက ကျောင်းပြောင်းလာသူလေးကို တစ်တန်းလုံး ဝိုင်း၍ ငမ်းနေကြစဉ် ဆရာက ကျောင်းသားအဖြစ် မိတ်ဆက်ပေးလိုက်သောအခါ ဘယ်လိုဖြစ်သွားမလဲ စဉ်းစားသာကြည့်တော့။ တစ်တန်းလုံး အီးမှန်သည့်မျက်နှာတွေနှင့် သက်မတချချ။

ထုတ်ပြီးလည်းမပြောဘဲ ကြိတ်၍ဒုက္ခရောက်နေတာကတော့ အော်စကာ ဖြစ်ပါသည်။

အော်စကာက လက်ထဲကဘောပင်ကိုလှည့်ပတ်ကစားနေရင်း ရှေ့ဆုံးကရေရင် တတိယတန်းမှာ ဝင်ထိုင်လိုက်သော မက်မွန်သီးရောင်အစိုင်အခဲလေးကို ငေးကာ အားမလိုအားမရ ဖင်ဂနာမငြိမ်ဖြစ်နေသည်။

ဒီလောက်ကြည့်ကောင်းတာကို ရုပ်ရှင်ထဲမှာလောက် မြင်ဖူးတာကိုး။ မိတ်ဖွဲ့လိုက်ရကောင်းမလားပေါ့။

ပေကျင်းကပြောင်းလာလို့ သူတို့နယ်ကျောင်းလေးကလူတွေနဲ့ အရောင်အဝါမတူနေတာလား။ ဒီကအလှဆုံးမိန်းကလေးက သူနဲ့ယှဉ်ရင် နည်းနည်းလေး နောက်ရောက်သွားမလား။ အော်စကာ သူ့ကိုယ်သူ ထိုကောင်လေးနဲ့ယှဉ်ရပ်နေပုံကို ပုံဖော်မြင်ယောက်ရင်း သဘောတွေကျနေသည်။ လျိုကျန်းကိုတောင် ထမရိုက်ဘဲ သည်းခံပေးသလိုဖြစ်နေရာ အံ့ဩစရာကြီးပင်။

အတန်းထဲကအလှဆုံးကောင်လေးကငါ့ချစ်သူ (Yesi)Where stories live. Discover now