_unicode_
day 2 in the vintage castle
လူနေအိမ်သိပ်မရှိလို့ခြောက်ခြားစရာ
ကောင်းပေမယ့်ဒီပတ်ဝန်းကျင်ကိုထယ်ယောင်းသိပ်သဘောကျပါသည်။ ခြံဝန်းကြီးထဲကထွက်လိုက်ရင်ဖြင့်နေေရာင်ပျောက်လေးတဲ့စွန်းထင်းနေတဲ့လမ်းသွယ်လေးရယ်၊ဘေးနှစ်ဖက်ရှိ
အညိုရောင်သစ်ပင်ကြီးတွေရယ်၊
ကျေးငှက်လေးတွေရဲ့အသံလေးတွေပါ
ဖြည့်စွက်လိုက်တော့ တကယ်ကိုထယ်ယောင်းရဲ့စိတ်ကူးထဲက နေရာပင်။♧︎︎︎ ♧︎︎︎ ♧︎︎︎
၁ပတ်မှာရရက်ရှိလျှင်၈ရက်လောက်ကို
ဂျောင်ကုအားစိတ်ကောက်ခြင်းဖြင့်ထယ်ယောင်းနေထိုင်ပါသည်။ထိုအဆိုးလေးကိုဂျောင်ကုမှာလဲအပြစ်ကိုမမြင်ရက်ပေ။"ကိုယ်တကယ်တောင်းပန်တယ်နော် hyungie"
"သွား သွား အဲ့အလုပ်တွေပဲလုပ်နေ!ထယ့်ကိုစကားလာမပြောနဲ့"
"ဟာ ကလေးလေး"
အပေါ်ထပ်(ဒုတိယထပ်)သို့စောင့်အောင့်၍တက်သွားကာ...
ဒုန်း!
တံခါးကိုကျယ်လောင်စွာစောင့်ပိတ်လိုက်သောထယ်ယောင်း။
"အော် ဒီကောင်လေးနှယ် အဆိုးလေးရယ်ပါ"
ဂျောင်ကုလဲနောက်မှချော့မည်စိတ်ကူးကာအလုပ်ဆက်လုပ်နေလိုက်သည်။အခန်းထဲမှထယ်ယောင်းမှာတော့
"ဟွန်း အဖြေတောင်းတုန်းကတော့ထယ်ဘယ်လောက်ဆိုးဆိုးချော့ပါ့မယ်ဆိုပြီးအခုတော့လာမချော့ဘူးပေါ့"
ကုတင်ပေါ်တွင်ငုတ်တုတ်လေးထိုင်ကာ
ဂျောင်ကုအချော့ကိုစောင့်နေရှာသည်။
လက်ကလဲခေါင်းအုံးဖြင့်ကုတင်ကို
ဂျောင်ကုအလားတဖုန်းဖုန်းထုရိုက်နေပြန်သည်။နှုတ်ခမ်းလေးမှာလဲစူပုတ်ပုတ်။ခြုံငုံကြည့်လျှင်ပျားရည်မရလို့ဒေါသထွက်နေသည့်ဝက်ဝံလေးလိုပင်။၁၅မိနစ်လောက်သောင်းကျန်းပြီးအကြာမှာတော့ထိုဝက်ဝံပေါက်လေးပင်ပန်းကာအိပ်ပျော်သွားလေသည်။နာရီဝက် ခန့်ကြာသော်..
"အင့်..."
မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ..နိုးလာတဲ့ထယ်ယောင်း။