Zawgyi.
အချိန်ကာလ တွေ ကြာမြင့်ခဲ့တာတောင် ကိုယ်မင်းကို မှတ်မိခဲ့တယ် ကလေးငယ်။
ဧပြီလ၄ရက်က ဂျောင်ကုဆိုသော ကောင်လေး နဲ့ တွေ့ဆုံခဲ့ခြင်းက ပထမဆုံးတွေ့ဆုံခြင်းတော့ဟုတ်မနေခဲ့။လွန်ခဲ့သော ၂နစ်ခန့်က ဆံပင်မဲနက်နက်လေးကိုမှ ရှေ့ကို ဝဲကျနေကာ သမင်မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်လေး ..ဂျောင်ကု။
တကယ်တော့ ဂျောင်ကု ကို လွန်ခဲ့သော ၂နှစ်ထဲက jin hyungရဲ့ မိတ်ဆွေ ဟူ၍သိခဲ့နှင့်ပီးသား။ jin hyung. ခေါ်လာလို့ new year countdown festival ကိုအတူတူ လိုက်ပါလာတဲ့ ကောင်လေး။ကျွန်တော် အဲ့အချိန်ကတည်းက ကောင်လေးကိုသဘောကျမိပေမဲ့ သူကဆိုင်သူ ရှိနှင့်ပီးသားတဲ့။
အခုလိုပြန်တွေ့ရမယ်လို့ စိတ်ကူးတောင်မယဉ်ဖူး။
"ဂျောင်ကု..?"
"အိုဟိုး..jimin hyungက မှတ်မိသားဘဲ"
သူလည်းကျွန်တော်ကို မှတ်မိတယ်ဆိုတဲ့ အသိကြောင့် ပိတိတွေဖြာနေတာ ဖုံးဖိမရခဲ့။
တကယ်ပါ .. ထိုကောင်လေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက စတွေ့တဲ့အချိန်ကအတိုင်း လှနေတုန်း။
"မှတ်မိတာပေါ့..အခုjin hyung.နဲ့ဘဲတူတူလာတာလား"
ကျွန်တော့်အမေးကို သူခေါင်းငြိမ့်အဖြေပေးသည်။
"ကျွန်တော်hyungနဲ့တွေ့ချင်ခဲ့တာ"
ဘယ်အရာတွေက စတင်မှားယွင်းခဲ့ပြန်လည်းကလေးငယ်
မင်းပြောခဲ့တဲ့ ပျားရည် လို ချိုမြိန်တဲ့ အဲ့စကားတွေကြောင့်လား .. ဒါမှမဟုတ် အဲ့စကားလုံးတွေအပေါ်ရူးရူးမူးမူး ရင်ခုန်ခဲ့တဲ့အကို့ကြောင့်မြန်းလား....
ထိုနေ့ညက ကျွန်တော့်မျက်လုံးထဲ ဘယ်အရာမှ မမြင်ခဲ့။
ဂျောင်ကု တစ်ယောက်တည်းသာ ..
ကျွန်တော့်အတွက်အရက်စပ်ပေးနေတာလေးတွေ..အရာရာ ခိုးခိုးကြည့်ပီးမြတ်နိုးခဲ့သေးတာ။
YOU ARE READING
ကိုယ့်ကလေးငယ် (ကိုယ့်ကလေးငယ် )🐾Jikook
PoetryZ+U အကိုက မင်းအတွက် အမြဲလိုလို အနားမှာနေပီး ချစ်ပေးမဲ့သူတစ်ယောက်ပါ ဘာလို့ဆိုးရတာလည်း အခုတော့.. အကိုက မင်းအတွက် အမြဲလိုလို အနားမှာနေပီး ချစ်ပေးမဲ့သူတစ်ယောက်ပါ ဘာလို့ဆိုးရတာလည်း အခုတော့.. 🌿based on True story of author's relati...