Fake BF-3

1.6K 201 8
                                    

#Unicode

မှတ်တိုင်တွင်ဘတ်စ်ကားအလာကိုထိုင်စောင့်နေတုန်းရုတ်တရက်သူ့ရှေ့သို့ကားတစ်စီးရောက်လာသည်။မှန်ချလာတော့ဘယ်သူလဲဆိုပီးကြည့်လိုက်ရာသူ့ကိုလက်ပြလာသောtaehyung..။

"Jin လာခဲ့ သွားမယ်"

"ဟမ် ဘယ်သွားမလို့လဲtae"

"မနက်က မင်းကိုငါတို့တနေရာသွားမယ်လို့ပြောထားတယ်လေ မေ့သွားပီလား"

"အဲ့တာတကယ်လား ငါကjungkookရှေ့မှာမို့
ဟန်ဆောင်နေတယ်ထင်တာ"

"မဟုတ်ဘူး တကယ်ပြောတာ သွားမယ် လာ"

"အာ့ဆိုလည်းသွားမယ်လေ"
သူလည်းtaehyungခေါ်ရာနောက်သို့လိုက်လာခဲ့တော့သည်။

<<<<<<TS>>>>>>

"ဒီနေ့အတွက်ကျေးဇူးပါ taeငါတကယ်ပျော်ရွှင်ခဲ့ရပါတယ်"

taehyungကသူ့အိမ်အထိအပြန်လိုက်ပို့ခဲ့သည်။taehyungကိုဖက်ရင်းကျေးဇူးတင်စကားပြောတော့taehyungကသူ့ကိုပြန်ဖက်လာသည်။

Jungkookကိုလိုက်နေတဲ့အချိန်အတွင်းမှာသူကိုယ်ကိုပျော်ရွှင်အောင်လုပ်ဖို့ကို​မေ့နေခဲ့သည်။တချိန်လုံးjungkookအတွက်ဘဲတွေးနေမိတာကိုး။ဒီနေ့တော့jungkookဆီကတခါမှမရဘူးတဲ့ကြင်နာမှုမျိုးကိုtaehyungဆီကရလိုက်သည်။taehyungကသူ့ကိုအချစ်ခံဖို့ထိုက်တန်တဲ့လူသားအဖြစ်ခံစားမိအောင်ကိုနွေးထွေးပေးသည်။

taehyungနဲ့အတူပန်းခြံထဲလျှောက်သွားခဲ့တယ်။သူ့အကြိုက်ဆုံးဖြစ်တဲ့ရေခဲမုန့်နဲ့cotton candyကိုလည်းtaehyungကဝယ်ကျွေးတယ်။
ခြားရဟတ်စီးရာထိပ်ဆုံးရောက်တော့သူကြောက်နေခဲ့သည်ကိုtaehyungကသူ့လက်ကလေးကိုဆုပ်ကိုင်လာပီးသူရှိတယ်မကြောက်နဲ့တဲ့။taehyungနဲ့အတူရှိရတာနွေးထွေးပီးလုံခြုံသလိုခံစားလာရသည်။
သူtaehyungအပေါ်ယိုင်လဲလို့မဖြစ်ဘူးနော်။
မဟုတ်သေးပါဘူး....။

~~~~~~~~~~~~~~>>>>>

ဒီနေ့တနေ့လုံးကတော့သူဘဝတလျှောက်လုံး
အတွက်အောက်မေ့ဖွယ်နေ့ရက်လေးပါဘဲ။သူအချစ်ဆုံးလူသားလေးနှင့်တနေ့လုံးပျော်ရွှင်ဖွယ်ဖြတ်သန်းခဲ့ရသည်။jinကသူ့လက်ကိုယူပီးခါးပေါ်တင်လိုက်
တုန်းကရုတ်တရက်လန့်ကာပျော်လွန်းလို့ဘာလုပ်
ရမှန်းတောင်မသိတော့။

Fake BoyfriendWhere stories live. Discover now