Part 1

225 15 0
                                    

Unicode Ver.

လူတိုင်းက ကံမကောင်းနိုင်ဘူးလေ
ကျွန်မလိုပေါ့.....
ချစ်လျှက်နဲ့ ခွဲခဲ့ရတယ်...
သူမ ကို လွမ်းလိုက်တာဗျာ....

ကောင်းကင်ကြီးက မှောင်းအုံလာပြီး
ကောင်းကင်ကြီးလည်း သူမ လိုပဲ
ဝမ်းနည်းနေပါရဲ့.....
မင်းနဲ့ နေခဲ့ရတဲ့ ဒီအခန်းကို ငါခွဲရတော့မယ်:
ငါတို့ရဲ့ တီတိုးအသံတွေ ဒီအခန်းထဲမှာ တိတ်တဆိတ်ပျောက်ကွယ်တော့မယ်....
ကောင်တာကို အခန်းသော့ အပ်ပြီးထိုအခန်းမှအပြီးတိုင် သူမကထွက်လာခဲ့ပါပြီး.....
အပြင်ရောက်တော့ လောကကြီးကလည်း.သူမကို ထိုအခန်းမှ မထွက်သွားစေချင်ဘူးထင်ပါရဲ့...
လေအေးများလည်း တိုက်လို့
သူမရဲ့ လွမ်းဆွတ်တဲ့ စိတ်ကို ပိုပြီး တိုးဆွပေးလိုက်သလို...
နောက်ကြောင်းပြန်လှည့်ရင် ငါ့အတွက် ဒဏ်ရာတွေကြီးပဲ...
အနာဂတ်မှာပဲ ရှင်သန်တော့မယ်...
သူမကားပေါ် အထုတ်အပိုးတွေ တင်ပြီး
ထိုနေရာမှ အဝေးဆုံးကို ထွက်လာခဲ့ပါပြီး....

သူမ နေရာ သစ်မှာ စိတ်သစ်လူသစ်နဲ့ နေနိုင်အောင်ကြိုးစားရတော့မယ်..
ဒါမှသာ သူမအတွက် အကောင်းဆုံးမို့....

သူ အခန်းသစ်ကို ရောက်တော့..
Counter မှာ...

" အခန်းသစ်အတွက်ပြောထားတဲ့သူပါ "
" ဟုတ်ကဲ့ ရှင့် စစ်ဆေးပေးပါမယ်နော်.."

" ရပါတယ် "
"Mrs. Son Chaeyoung လား မသိဘူးရှင့် "
" ဟုတ်ပါတယ် "
" ရှင် ယူထားတဲ့အခန်းက ယာယီပဲ ရမှာပါ
အခန်းရဲ့ ပိုင်ရှင် အမျိုးသမီးက ဆေးရုံမှာမို့ပါ
တကယ်လို့ သူပြန်လာရင် ရှင် ဒီအခန်းကို ဖယ်ပေးရမှာပါ "

သူမ မှာရွေးစရာမရှိတော့...
အတိတ်က ဒဏ်ရာတွေက မေ့ဖျောက်ဖို့အတွက်..သူမ မှာရွေးစရာမရှိတော့....

" ရပါတယ်!ကျွန်မ ဒီအခန်းကို ယူလိုက်ပါမယ် .

Counter က ပေးတဲ့ သော့ကို ယူပြီး
အခန်းရှိရာ..
အမြင့်ဆုံးအထက်သို့ တတ်လာခဲ့သည်.....

သူမရဲ့ နေရာသစ်ကို သူမ ​စိတ်ထဲမှာ ကြိုဆိုနေပါပြီး 
အခန်းထဲရောက်တော့
အကုန်လုံးက သန့်သန့်ရှင်းရှင်းပင်..
Seoul မြို့၏ view ကလည်း အလွန်လှပလျှက်....
မင်းနဲ့ဆိုရင်တော့ ဒီအတိတ်ကိုငါမေ့နိုင်မှာပါ.

JUST LIKE HEAVEN Where stories live. Discover now