Part 2

171 12 2
                                    

Unicode Ver


လူတိုင်းကလဲ အမြဲကံမဆိုးနေပါဘူး
တကယ်တော့ Son Chaeyoung က သနာစရာကောင်မလေးတစ်ယောက်!
ချစ်တဲ့သူနဲ့ဝေးကွာပြီး အတိတ်ထဲကနေ မရုန်းထွက်ချင်ဘဲနဲရုန်းထွက်ရတယ်...

အိပ်နေတဲ့ကောင်မလေးက အပြစ်ကင်းတဲ့မျက်နှာလေးနဲ့  ..
သူ့ရင်ထဲကအပူတွေကိုတော့ ဘယ်သူသိမှာလဲ? ?
သူနိုးလာပါပြီး  ..
မျက်လုံးလေးကိုဖွင့်ပြီး ပတ်ဝန်းကျင်သစ်ကို
စူးစမ်းနေလေရဲ့.
သူ ဒီနေရာမှာနေနိုင်ပါ့မလားဆိုပြီးတော့လေ

နေဝင်နေပါပြီး
အိပ်ခန်းထဲက ထွက်ပြီး chaeyoung ရေချိုးခန်းထဲကိုပဲ ဝင်လိုက်တယ် 
သူ တစ်နေ့လုံး ပင်ပန်းနေပြီးလေ

ရေချိုးခန်းကနေ အပြင်ထွက်တော့
သူအတွက် ဘဝ သစ်စဖို့ လုံလောက်နေပါပြီ
သူ လန်းဆန်းနေပြီးလေ..

အကျီ်က ကြီးကြီးလေ ဘောင်းဘီတိုတိုလေးနဲ့ ကလေး လူကြီး တစ်ယောက်ပင်!
ထို့နောက်  Seoul မြို့ရဲ့ ညအလှကိုကြည့်ဖို့
သူဧည့်ခန်းဘက်ကိုထွက်လာခဲ့တယ်!

Seoul မြို့ရဲ့အလှနဲ့ သူကြားမှာ ပိုင်းခြားထားသည်က မှန်လေး တစ်ချပ်ပင်..

မှန်ရှေ့က ဆိုဖာပေါ်က အမျိုးသမီး တစ်ယောက်ထိုင်နေသည်ကိုလည်း သူတွေ့သွားသည်..

အကျီ်အနီရောင် ဘောင်ဘီးရှည်လေးနဲ့
ဆံပင်ကလည်း ပခုံးကျော်ကျော် အနေအထား..
Chaeyoung လည်း ထိုအမျိုးသမီးကို မြင်တာနဲ့ သူခိုးလို့သာထင်သွားသည်..

Chaeyoung လဲ လန့်လန့်နဲ့
" မင်းဘယ်သူလဲ ဘယ်လိုဖြစ်လို့ ငါ့အခန်းထဲရောက်နေတ လဲ?

အဲ့တာ ငါက နငိ့ကို မေးရမှာ ဒါငါ့အခန်း
နင်က ထွကိသွားရမှာ နင်သိလား

မဟုတ်မှလွဲရော သူခိုး??? "

Chaeyoung လဲ ကြောက်လန့်လန့်နဲ့ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန် လှမ်းအော်လိုက်ချိန်..

ထိုအမျိုးသမီးက Chaeyoung နားလာပြီး သူ့လက်ဖြင့် Chaeyoung ပါးစပ်ကို ပိတ်ဖို့ကြိုးစားရာ မအောင်မြင်ပေ! !

Chaeyoung ရဲ့ အသားအရေကို သူမထိနိုင်
Chaeyoung ရော ထိုအမျိုးသမီးပါ အံသြ သွားသည်...

JUST LIKE HEAVEN Where stories live. Discover now