"လွင့်"

146 16 6
                                    

"ချစ်ခြင်းကတိမ်စိုင်လေးတစ်ခုဆိုရင်

မောင်က ကျနော့်အတွက်ဖမ်းဆုပ်ခွင့်မရှိတဲ့
တိမ်စိုင်လေး

ထွက်သွားခဲ့ခြင်းလည်းမရှိသလို

ပြန်လာဖို့လည်းမသေချာတဲ့

ကျနော့်ရဲ့တိမ်စိုင်လေး"

"လွင့်"..............................................

ဘဝမှာ တစ်စုံတစ်ယောက်အတွက်အချိန်ကုန်ခံရင်း ကမ်းကပ်မလာတဲ့ မေတ္တာတွေကို ခင်ဗျားတို့မျှော်လင့်ဖူးတယ်မလား..

ကျနော်တို့အားလုံးတစ်ကြိမ်တစ်ခါကတော့ရူးရူးမိုက်မိုက်ချစ်ခဲ့ဖူးကြပါတယ်...

သူ့ရဲ့ဖြစ်တည်ခြင်းမှန်သမျှဟာ ကိုယ့်အတွက်တော့ ဘုရားဆီချီးမြှင့်ထားတဲ့
အလှပဆုံးလက်ဆောင်မျိုးပေါ့....

ကျနော့်အတွက် ဘုရားရှင်ချီးမြှင့်ခဲ့တဲ့ အဲဒီ့လက်ဆောင်လေးကတော့ သိပ်ကိုသွေးအေးပြီး မာကြောလွန်းတဲ့

"မောင်"ဆိုတဲ့လူသားလေးပါပဲ....

မောင် ဆိုတဲ့နာမ်စားလေးက ကျနော့်မူပိုင်သုံးတဲ့ မောင့်ရဲ့နာမည်အဆုံးလေးပေါ့....

ကျနော်သိပ်ချစ်ရတဲ့ မောင့်ရဲ့နာမည်အရင်းက "ခန့်ညားမောင်"တဲ့..

ဟုတ်ပါတယ် မောင်ကနာမည်နဲ့လိုက်အောင်သိပ်ကိုခန့်ညားပြီး ယောကျာ်းပီသတဲ့
လူသားလေးပါပဲ....

ရိုးရိုးသာမာန် အဝတ်အစားလေးနဲ့တောင်မှ မောင်ဟာ ကျနော်တို့ကျောင်းမှာ နာမည်သိပ်ကြီးပြီး စာအတော်ဆုံး ကျောင်းသားစာရင်းထဲမှာ အမြဲထိပ်ဆုံးကပါပဲ

ပြီးတော့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်

ကျောင်းရဲ့မျက်နှာဖုံးလို့တောင်ပြောရမလားပဲ...

မောင် ပြုံးလိုက်တိုင်း ထင်းခနဲ ပေါ်လာတဲ့ပါးချိုင့်လေးနဲ့ သွားစွယ်ချွန်ချွန်လေးက ကျနော်သိပ်ချစ်ရတဲ့ မောင့်ရဲ့ အစိတ်အပိုင်းတွေထဲကတစ်ခုပါ..

ပြီးတော့မောင်ဟာ ဆရာမတွေသည်းသည်းလှုပ်ချစ်ရတဲ့ ကျောင်းသားတစ်ယောက်

လွင့်(BL own creation)Where stories live. Discover now