Yoongi's Pov
ကျွန်တော်က အလယ်တန်းကျောင်းသား တစ်ယောက်
ထွေထွေထူးထူး ပြောစရာမလိုပါဘူး ကျနော်က အမေပဲ ရှိတယ် ကျောင်းသွားတယ် စာတော်တဲ့ ကျောင်းသား မဟုတ်တဲ့ အတွက် ကျနော်က စာလုပ်မဖြစ်ဘူး ကျွန်တော်က basketball တော့ ကစားတယ် ဆင်းရဲသား စာရင်းမှာ မရှိပေမယ့် ကျွန်တော် ကျောင်းပြိုင်ပွဲမှာ မပါခဲ့ဘူး အကြောင်း အမျိုးမျိုးကြောင့်ပေါ့အမေ အမေ ဟူး.... အမေက ဘာအလုပ် လုပ်သလဲ
ဖြေရခက်ပါတယ် ဖြေနိုင်ဖို့လဲ အားမရှိလို့ပဲ အမေက
ယောက်ျားတွေကြားမှာတော့ တွေ့ရတယ် ကျွန်တော် မမေးဘူး မမေးခဲ့ဘူး သူလဲ ကျွန်တော်ကို ဥပေက္ခာပြုထားတာတော့ မဟုတ်ဘူး သူ့တာဝန် သူ့ အလုပ်အရတော့ စောင့်ရှောက်သင့်သလောက် စောင့်ရှောက်ပါတယ် ဒါကြောင့်လဲ
ကျွန်တော် မပြောခဲ့တာပါကျွန်တော်လို လူမျိုးက အေးအေးလူလူတော့ မဟုတ်ဘူး
ကျွန်တော် အချိန်ပိုင်း အလုပ်တွေကို အပြေးအလွှား လုပ်တယ်
ပင်ပန်းတယ် ခက်ခဲတယ် ဝမ်းနည်းတယ် ခြောက်ကပ်တယ် အထီးကျန်တယ်ဒါပေမယ့်....
ကျွန်တော်မှာ paradise ရှိတယ် ကျွန်တော်က သူ့ရှိရာ နေရာမှာပဲ ကျင်လည်တယ် သူသိလား သိမှာလဲ မဟုတ်ပါဘူး ဟက်
ကျွန်တော်က ယောက်ျားလေး သူကလဲ ယောက်ျားလေး
ဆန်းတယ် သူက............ ကျွန်တော် အတွက်__________One Middle School Day _________
Hoseok: မင်္ဂလာပါ ကျွန်တော်က Jung Hoseok လို့ ခေါ်ပါတယ်😊 ဒီနှစ် နွေရာသီမှာ ဒီမြို့လေးကို ပြောင်းလာခဲ့တာပါ
ဒီမြို့လေးမှာပဲ အခြေချမှာ မို့ ရှေ့လျောက် ကူညီပေးကြပါ သူငယ်ချင်းတွေ အားလုံးကိုလဲ ခင်ခင်မင်မင်နဲ့ နေချင်ပါတယ်Sam: ဟုတ်ပါပြီ Hoseokie ရေ နေရာလွတ်တွေ အများကြီးရှိတော့ သားကြိုက်တဲ့ နေရာ ထိုင်နော်
Hoseok: Nae
Hoseok သွားထိုင်တဲ့နေရာက မှုန်သုန်သုန် အကြည့်စူးစူးနဲ့ ထိုင်နေတဲ့ ကောင်လေးရဲ့ မျက်စောင်းထိုး ခုံလေး
ဘယ်သူ ဘယ်ဝါလဲ မသိရအောင် သူခေါင်းက အောက်ငိုက်စိုက်လုနီးနီးနဲ့ ရှည်ထွက်နေတဲ့ ဆံပင်တွေကြောင့်
သေချာတာက သူက ပိန်ပိန်သေးသေး ဖြူဖြူလေး ပုံမှန်ဆို သတိထားမိမှာတော့ မဟုတ်ပေမယ့် သူလာနေတာကို စိုက်ကြည့်နေတာကြောင့်
.
.
.
ဒီလိုနဲ့ စာသင်ချိန် တစ်ဝက် ပြီးလို့ Hoseok သူငယ်ချင်း အသစ်တွေနဲ့ မိတ်ဖွဲ့နေခဲ့တယ် Sushine Boy လို့ နာမည်ပြောင်တောင် ရှိတဲ့ သူအတွက် နေရာသစ်မှာ ပျော်မွေ့ဖို့ရာ
မခဲယဉ်းပါ ကျွန်တော် အားလုံးနီးပါးနဲ့ စကားပြောနေခဲ့တာ သူတို့ရဲ့ စပ်စုနိုင်လွန်းတဲ့ ကျွန်တော်ရဲ့ အတိတ်အကြောင်းတွေပေါ့ဒါပေမယ့် ဖုံးအုပ်ထားခဲ့တဲ့ တချို့ အကြောင်းအရာတွေကို ဖောင်ဖွဲ့ မနေတော့ဘူး
ကျွန်တော် ဘာလို့ ဒီကို ပြောင်းလာလဲ အဖေ ရဲ့ အလုပ်အပြောင်းအရွေ့ကြောင့်
ဘယ်သူနဲ့ နေလဲ အဖေ့ နောက်မိန်းမနဲ့ သူတို့ရဲ့ ကလေးနဲ့
အားလုံးအဆင်ပြေပါတယ်ပဲပေါ့
.
.
.
Bell တီးတော့မှ ကျွန်တော် သတိထားမိတယ် မနက်က
ကောင်လေး ! အေးတိအေးစက်နဲ့ ကောင်လေး ! သူကို စကားမပြောရသေးဘူးပဲ ပြောရမှာလား ?မပြောရင်ရော မရဘူးလား?
မနက်ထဲက သူ့အကြည့်ကကျွန်တော်ကို မနှစ်မြို့သလိုပဲ
စိတ်ရှုပ်စွာနဲ့ပဲ သူကို neglect list စာရင်းထဲ
ထည့်လိုက်မိတယ်
.
.
.
.
နေ့လည်က သူငယ်ချင်းထဲမှာ Taehyung နဲ့
လမ်းချင်းတူတယ်လို့ သိရတယ် သူကလဲ တူတူ ပြန်ဖို့ပြောတော့ လက်ခံလိုက်တယ်
ဝိုး ဒီလူက တကယ်ကို active boy ပဲ သူ့ဘေးပတ်လည် ရှိနေတဲ့ ရေအိုင်တောင် စိတ်ဝင်စားစရာတွေ အများကြီး ပြောတတ်တာပဲ တစ်လမ်းလုံး သူ့စကားတွေ အပြည့် အခုနေနေတဲ့ မြို့ ၊ ကျောင်း ၊ လမ်း စုံနေအောက်ကို ပြောတာ
အတော် အပျင်းပြေသား Taehyung က စာတော်တဲ့ ကျောင်းသား စာရင်းဝင်ဆိုတော့ သူနဲ့ စာအတူတူ လုပ်နိုင်ကြောင်း ဖိတ်ခေါ်တယ်
အဲ့အချိန်ကစပြီး သူနဲ့ကျွန်တော် သူငယ်ချင်းကောင်းတွေ လုပ်ခဲ့တာပေါ့
Taehyung မှာ အကိုနှစ်ယောက် ရှိတယ် Kim Seok Jinနဲ့ Kim Nam Joon
Seok Jin hyung က ဆေးကျောင်းသား အပြစ်မျိုးမထင်အောင် ချောတယ်
NamJoon hyung က အထက်တန်း နောက်ဆုံးနှစ်
ပျော်စရာကောင်းတဲ့ မိသားစုကြီး ရှိတာပေါ့ ဗျာ
.
.
.
. .
ကျွန်တော် အဲ့နေ့ ညက အိပ်မက်မက်တယ် ဟို အကြည့်စူးစူးနဲ့ ကောင်လေးက ကျွန်တော်ရှေ့ ဒူးထောက်နေတာ တဲ့
သူကြည့်ရတာ အရမ်းကို အကူအညီမဲ့နေတယ် ကျွန်တော်ကို ခွင့်တောင်းနေတယ် ဘာလဲဆိုတာတော့ ကျွန်တော်မကြားခဲ့ဘူး
:
:
:
:
:
:
:
:
: တချိန်မှာ ဒီမြင်ကွင်းက အမှန်တယ် ဖြစ်လာမယ်ဆိုရင်ရော........///////////////////
7.7.20
( N.Sweety )
![](https://img.wattpad.com/cover/231931759-288-k943772.jpg)
YOU ARE READING
All I need is You (Zawgyi + Unicode)
Romance" Darkness Needs Sunshine ဆိုသလို မင်းကိုငါလိုအပ်တယ် Hoseok " " ကြယ်တွေသိပ်များလွန်းတဲ့ galaxy ထဲမှာ ငါက မင်းအတွက် အမှုန့်အမွှား တခုပါ Yoongi "