Part 9
Unicode
ရာရာ Daddy ဂ Company ကိုလိုက်သွားပီး အငြိမ်မနေပဲ ဘာလုပ်ရမှန်းမသိသဖြင့် Company တစ်ခုလုံးလိုက်ကြည့်နေချိန်တွင်....
"ရာရာလေး.."
ရာရာလှည့်ကြည့်လိုက်တော့ Company မှ Marketing မန်နေဂျာ
ရာရာနဲ့အသက်သိပ်မကွာသဖြင့် ရာရာကုမ္မဏီလာတိုင်းစကားအတူ ပြောပေးကာ အဖော်လုပ်ပေးသော်လည်း.
Daddy တို့တစ်မျိုးထင်သွားမည်ကို အနည်းငယ်စိုးရိမ်သောကြောင့် ထိုလူကိုတွေ့တိုင်း ရှောင်နေမိသည်။
"ဗျ..ဗျာ.."
"ဒီမှာ ရာရာလေးစားဖို့မုန့်.."
"အာ...မယူတော့ပါဘူးဗျ"
"ယူပါရာရာလေးရဲ့ ရာရာစားဖိူ့ဆိုပီး ကိုယ်နေပူကြီး သွားဝယ်ပေးထားတာ"
"ဟို...ကျေးဇူးတင်ပါတယ် ဒါပေမဲ့ Daddy တို့က အဲ့လိုသူများပေးတာ မယူခိုင်းဘူး.."
"ဘာမှမဖြစ်ပါဘူးကွာ မုန့်လေးတစ်ခုလောက်နဲ့.."
"ဟို..."
"Baby!!"
ဂ အလုပ်ထဲစိတ်နှစ်ပီး ခနကြာမှ Baby အခန်းထဲမှာမရှိတော့မှန်း သတိထားမိကာ အတွင်းရေးမှူးကိုလိုက်ရှာခိုင်းမှ 9 ထပ်မှာဆိုပဲ...
အဲ့ကိုဘာသွားလုပ်နေတာလဲဆိုပီး လိုက်ရှာတော့ ဟိုမန်နေဂျာကောင်ကောင်က baby လက်ကိုအတင်းဆွဲထားပီး မုန့်ပေးနေတာ....
>>>>>>>>>>>>>>
"Baby.!!"ဂအသံကြားတော့ ဟိုမန်နေဂျာရဲ့လက်ကိုဖယ်ပီး လှစ်ကနဲ ဂဆီသို့...
"Daddy..အလုပ်ပီးပီလား."
"အင်း"
ဆိုပီး ရာရာ့ကိုယ်လေးကိုပွေ့ချီကာ ရုံးခန်းထဲသို့ ပြန်လာလိုက်သည်။ Sofa ပေါ်တွင်ထိုင်ပီး Baby ကိုယ်လေးကိြ သူ့အေပါ်တင်ကာ...
"ဟိုကောင် Baby ကိုဘာတွေ ပြောလိုက်လဲ အကုန်ပြန်ပြော.."
"ဗျာ..ဟို ဟို."
"ကိုယ်ပြောခိုင်းနေတုန်းပြောနော် CCTV ကြည့်ရင် ပိုဆိုးသွားနိုင်တယ်"
"သူက Baby ကို မုန့်ပဲပေးတာ Baby လဲငြင်းတယ်
Daddy တို့က အဲ့လိုမယူခိုင်းဘူးဆိုတာကို သူကအတင်းပေးတာ Baby အမှားဟုတ်ဘူးနော် Daddy မွ....."