'မေမေကြီး ဘာတွေချက်နေတာလဲ'
ကျောင်းကနေပြန်ရောက်သည်နှင့်ထမင်းစားခန်းထဲကို တန်းဝင်ခဲ့မိသည်
စားပွဲပေါ်မှာဟင်းပွဲတွေပြည့်နေတာရယ် မေမေကြီးရော အိမ်အကူအဒေါ်ကြီးပါအလုပ်ရှုပ်နေတာရယ်ကိုကြည့်ပြီး ဧည့်သည်တစ်ယောက်ယောက်လာမယ်မှန်းသိလိုက်ရပြီဖြစ်သည်'သားကြီးက သူ့လက်ထက်မယ့်ကောင်မလေးကိုဒီနေ့ညနေခေါ်လာမယ်လို့ဖုန်းဆက်တယ် လူစုံအောင်လဲအကုန်လုံးကိုဒီညထမင်းဝိုင်းအမှီပြန်လာဖို့ပြောလိုက်ပါတဲ့
သားငယ်လဲရေသွားချိုးတော့လေ ခဏနေ သားကြီးတို့လဲရောက်လာတော့မှာ'ဘယ်ဟင်းနှိုက်စားရင်ကောင်းမလဲတွေးနေတုန်း မေမေကြီးရဲ့စကားကြောင့်
လက်ကတုံ့ဆိုင်းသွားသည်သားကြီးလက်ထက်မယ့်ကောင်မလေးလို့နားထဲမှာအထပ်ထပ်ကြားနေတာကြောင့် ဘယ်ဘက်ရင်ဘက်ခြမ်းက ဟာတာတာဖြစ်လို့နေသည်
'သားငယ် ဘာရပ်လုပ်နေတာလဲ ရေသွားချိုးတော့လေ'
မေမေကြီးကိုခေါင်းညိတ်ပြပြီး ထိုင်ခုံပေါ်ချထားတဲ့အိတ်ကိုဆွဲယူရင်း ထမင်းစားခန်းထဲကနေထွက်လာခဲ့မိသည်
အခန်းထဲသို့ရောက်သည်နှင့်ကျောပိုးအိတ်အမဲရောင်လေးကိုတံခါးဝမှာဖြစ်သလိုချထားမိပြီး ကုတင်ပေါ်သို့ပစ်လှဲချမိသည်
အဓိပ္ပါယ်မဲ့စွာမျက်နှာကျက်ကိုကြည်ရင်း ဝေ့တက်လာတဲ့မျက်ရည်ကြည်တွေကိုထပ်မကျလာအောင်ပုတ်ခတ်မိသည်
ခန္ဓါကိုယ်ကိုညာဘက်ဘေးတခြမ်းကိုစောင်းလိုက်မိသည်
ကုတင်နှစ်ခုကြားမှာ မီးအိမ်လေးတင်ထားသည့်စားပွဲသေးလေးသာခြားသော တစ်ဖက်ခြမ်းက ကိုကို့ရဲ့ကုတင်ကသပ်ရပ်လို့နေသည်အထက်တန်းဒုတိယနှစ်အထိ ကိုကို့ ကုတင်မှာအိပ်ခဲ့ဖူးတဲ့အချိန်တွေက မနေ့တစ်နေ့ကလို
အတွေးလွန်နေချိန်အခန်းတံခါးကိုဖွင့်ဝင်လာသော ကိုကို
'စည်းကမ်းမဲ့တဲ့လုပ်ရပ်တွေကို မကြိုက်ဘူးလို့ပြောထားတာမမှတ်မိဘူးလား ညီ'
ကိုကို့စကားအဆုံး ကုတင်ပေါ်ကနေထကာ ကျောပိုးအိတ်ကိုကောက်ယူပြီး
စာကြည့်စားပွဲပေါ်တင်လိုက်သည်
ပြီးတော့ သူလဲအခန်းထဲကထွက်လာခဲ့သည်အပေါ်ထပ်ကနေဆင်းလာချိန် အောက်ထပ်မှ မိသားစုတစ်ခုလုံးရဲ့ရယ်သံက
တစ်အိမ်လုံးကိုလွှမ်းမိုးလို့နေသည်အိမ်ရှေ့တံခါးမကြီးကနေထွက်ရင် မမြင်ချင်တဲ့သူနဲ့မြင်ရမှာမို့
နောက်ဘက်တံခါးပေါက်ကနေထွက်ပြီး ခြံရှေ့သို့ပတ်ထွက်ရတော့သည်•••••
ညီ အခန်းထဲကထွက်သွားသည်နှင့် သက်ပြင်းရှည်တစ်ခုချမိသည်
အဝတ်ဗီရိုကိုဆွဲဖွင့်ကာ ပေါ့ပါးတဲ့အဝတ်တစ်စုံကိုရွေးထုတ်နေတုန်း
ပြတင်းပေါက်ကနေ ညီ့အရိပ်ကိုမြင်လိုက်တာကြောင့် လှမ်းကြည့်မိတော့
ခေါင်းငိုက်စိုက်ကျလျက် ခြံထဲကထွက်သွားသည်ကိုတွေ့ရသည်ဘာတွေများအတွေးလွန်နေလို့ ဒီအချိန်ထိတောင် ကျောင်းဝတ်စုံမလဲရသေးတာလဲ ညီရာ
အဝတ်အစားလဲပြီးအောက်ထပ်ကိုပြန်ဆင်းတော့
ဧည့်ခန်းထဲမှာထိုင်နေတဲ့ မိသားစုတစ်စုလုံးက Hanaကိုသဘောကျလို့နေသည်
ညီရော သဘောကျပ့မလား'မေမေ Hanaဗိုက်ဆာနေရောပေါ့ စားကြရအောင်လေ'
'မဆာသေးပါဘူး Chanရဲ့ ဒီမှာ အန်တီတို့ အမတို့နဲ့ စကားပြောလို့ကောင်းနေတုန်းလေ'
အပြုံးချိုချိုလေးနဲ့ပြန်ဖြေတဲ့ Hanaကိုဘာကြောင့် ညီနဲ့တူတယ်လို့ သူတွေးနေမိတာလဲ
ခေါင်းထဲမှာရော ဘာကြောင့် ညီ့အကြောင်းတွေကြီးပြည့်နေရတာလဲ~~~
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အခန်းတံခါးကိုဖွင့်ပြီး တံခါးဝကနေ ကိုကို့ကိုရပ်ကြည့်နေမိသည်
ကိုကိုကတော့အိပ်ပျှော်လို့နေသည်တံခါးကိုအသာအယာပိတ်ပြီး စာကြည့်စားပွဲမှာဝင်ထိုင်ကာ စားပွဲပေါ်ကိုခေါင်းမှောက်ချလိုက်သည်
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ရှိုက်သံသဲ့သဲ့ထွက်ပေါ်လာသည်
ဘယ်ဘက်ရင်ဘတ်က အရမ်းနာတယ်ကိုကို~~~•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
2021.05.20 (Thu)
YOU ARE READING
Love is Painful
Fanfictionခင်ဗျား ကျွန်တော့်ကိုချစ်လာအောင် ဖန်တီးယူရတာတွေများလာတဲ့အခါ~~~