အထိန်းတော်ရှောင် 🍓
~~~~~~~~~~~
္ဗ" ရပ် "
"ရှောင်ရှောင်း မင်းကိုအဲ့မှာရပ်လို့ ကိုယ်ပြောနေတယ်နော်"
တံတားခုံးလေးပေါ်က ကျောပြင်လေးကငြိမ်သက်သွားတယ်
လရောင်ဆမ်းတဲ့ညတွေဟာလဲ ရှောင်ရှောင်းမရှိရင်အဓိပ္ပာယ်မဲ့လို့"မနက်ဖြန်စေ့စပ်ပွဲရှိတာမို့ မင်းသား အိပ်ဆောင်ဝင်ဖို့ အချိန်တန်ပါပြီ"
"ဘာလဲ အဲ့မျက်လုံးတွေကဘာလဲ ရှောင်ရှောင်း
မင်းကိုယ့်ကိုလိမ်လို့ ရမယ် မင်းကိုယ်မင်းတော့လိမ်လို့မရဘူးနော် "ပုခုံးနှစ်ဖက်ကိုတင်းတင်းကိုင်ကာ အလိုမကျမှုတွေကြောင့်ဆွဲခါမိတဲ့အထိပဲ...၊၊ ဝမ်ရိပေါ်မှာ သူ့ကိုသာပိုင်ဆိုင်ရရင် အရာရာစွန့်လွတ်ဖို့တွေးထားပြီးသား....
အဲ့လောက်ထိစွန့်စားဖို့ ပြင်ဆင်ထားတဲ့ ဝမ်ရိပေါ်ကပဲ ရူးသွပ်နေမိတာလား ?" အရှင့်သားကို ကျွန်တော်မျိုးတာဝန်ထမ်းဆောင်နေတာက အထိန်းတော်အရာမို့လို့ စည်းလွတ်ဘောင်လွတ်တွေ ပြောလို့မရပါဘူး ကျွန်တော်မျိုးကိုနားလည်ပေးပါ ...၊၊အထိန်းတော်တစ်ယောက်အနေနဲ့ပြောရမယ်ဆို မင်းသားနဲ့ ချင်းမင်းသမီး ကသာ အသင့်လျော်ဆုံးပါ "
" ဘာရည်ရွယ်ချက်လဲ....
ငယ်ငယ်ကတည်းက မင်းကိုယ့်ဘေးမှာအမြဲရှိနေပေးခဲ့တာတွေ
ကိုယ်လုပ်ကြံခံရတုန်းက မြှားကို ကိုယ်စားဝင်ခံပေးခဲ့တာတွေ...
ကိုယ့်ဘက်မှာအမြဲရပ်တည်ပေးခဲ့တာ မင်းပဲလေ ...၊၊ ကိုယ်မင်းကိုရူးလောက်အောင်ချစ်နေတော့မှ
တစ်ပါးလူဆီတွန်းပို့နေတာ ဘာရည်ရွယ်ချက်နဲ့လဲ ရှောင်ရှောင်း "
YOU ARE READING
Strawberry Flavour
Romance" မသင့်တော်ဘူးဆိုတာ ရှိသလား...? ကိုယ်တော်လိုချင်ရင် အရာအားလုံးက သင့်တော်တယ် မင်းကိုလဲ ခုချက်ချင်းသိမ်းပိုက်နိုင်တယ်ဆိုတာ သိတယ်မလား...ရှောင်ရှောင်း " " မသင့်တော်ဘူးဆိုတာ ရှိသလား...? ကိုယ်တော်လိုချင်ရင် အရာအားလုံးက သင့်တော်တယ် မင်းကိုလဲ ခုချက်ချင်းသိမ...