6 လပိုင်း 4 ရက်နေ့။
ကလေးအကောင်နှစ်ထောင်စီရှိတဲ့ ခြင်မကြီး
နှစ်ကောင်ရှိခဲ့တယ်။ဒီပုံပြင်လေးရဲ့ခြင်ဇာတ်လိုက်တွေကတော့
အဲ့ဒီနှစ်ထောင်သောကလေးတွေထဲက နှစ်ကောင်ပါ။မေမေနှစ်ယောက်ကြားက နက်ရှိုင်းလှတဲ့
သူငယ်ချင်းသံယောဇဉ်ကြောင့်
ဒီခြင်လေးနှစ်ကောင်ရဲ့ဥတွေဟာ ဘေးချင်းကပ်ရပ်
ဖြစ်ခဲ့ကြတယ်။ဥသေးသေးလေးနှစ်လုံးထဲမှာ သေးငယ်လှတဲ့
အသက်လေးနှစ်ချောင်း၊ အသက်ရှူသံနှစ်စုံနဲ့
နှလုံးခုန်သံနှစ်ခု နေထိုင်လျက်ရှိတယ်။သူတို့ဟာအိပ်ပျော်နေကြတုန်းပါပဲ။
ညမှောင်လာတဲ့အချိန်မှာ ဥလေးတစ်လုံးက
လှုပ်ရှားတဲ့အရိပ်အယောင်တွေပြလာတယ်။အတွင်းကအကောင်လေးဟာ ကောင်းကင်ကြီးဆီ
ဆန့်ထုတ်လိုက်တယ်။သူကခေါ်လိုက်တယ်။ "မေမေ" ဒါဟာ
ဒီကမ္ဘာကြီးမှာသူပထမဆုံးပြောခဲ့တဲ့စကားပါ။ဒါပေမယ့် ခြင်ကလေးကသိပါ့မလား...သူ့မေမေဟာ
လူသားတစ်ယောက်ရဲ့လက်ဝါးချက်မှာ
သေဆုံးခဲ့ပြီဆိုတာကိုလေ။လူသားတွေမှာ လူသားတွေရဲ့ဝမ်းနည်းခြင်းတွေ
ရှိကြတယ်။ ဒါကတော့ ခြင်ကလေးတစ်ကောင်ရဲ့
ဝမ်းနည်းခြင်းသေးသေးလေးကလွဲလို့ ဘာမှ
မဟုတ်ခဲ့ပါဘူး။ခဏကြာတော့ သူ့ဘေးကဥကလေးဟာလည်း
လှုပ်ရှားစပြုလာတယ်။ ဟိုဟိုသည်သည်
ယိမ်းသွားတာကို ဘယ်သူကမှသတိပြုမိမှာ
မဟုတ်ပါဘူး....သူက အရမ်းကိုသေးငယ်လွန်းတယ်
လေ။သူကပြောတယ်။ "မေမေလား?"
ဒါဟာ သူ့ရဲ့ပထမဆုံးစကားဖြစ်သလို
သူတို့ရဲ့ပထမဆုံးသောစကားဝိုင်းမှာ တုံ့ပြန်ခဲ့တဲ့
ပထမဆုံးစကားလည်းဖြစ်ခဲ့တယ်။ဒါကကျွန်တော်တို့ပုံပြင်လေးရဲ့အစပါပဲ။
2006 ခုနှစ် ဇွန်လရဲ့ 4 ရက်မြောက်နေ့ပေါ့...။ခြင် A ကနှုတ်ဆက်လိုက်တယ်။
"ဟိုင်း....မင်းကငါ့လိုပဲလား?"
ခြင် B ကပြန်ဖြေလိုက်တယ်။
"အင်း.....ငါတို့ကအတူတူပဲ"
YOU ARE READING
(COMPLETED) ခြင်ထီးလေးနှစ်ကောင်ရဲ့ပုံပြင် [ဘာသာပြန်]
Short StoryType - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translation.