ဇူဂျောင်လျန်ကချန်ရီကိုမတ်တပ်ရပ်ဖို့လက်ဝှေ့ပြလိုက်ရင်းမေးလိုက်သည်။
"မင်းဘာပြောတာလဲ?"
ချန်ရီကခက်ခဲစွာဖြင့်
"ဝမ်းနည်းကြေကွဲမိပါတယ် အရှင်မင်းကြီး"
ဇူဂျောင်လျန်လက်ပေါ်ကသွေးကြောတွေကပေါက်ကွဲလုနီးနီးဖြစ်နေသည်။ ရုတ်တရက် ချန်ရီကို တွန်းလိုက်ပြီး စားပွဲခုံပေါ်က ပစ္စည်းတွေကိုလက်နဲ့တိုက်ချလိုက်သည်။ ဗိမာန်အတွင်းမှာခဏချင်းပဲ မုန်တိုင်းဝင်သွားသလို အရာအားလုံးပြိုလဲပျက်စီးကုန်သည်။ ကပ်လှူပူဇော်ထားသော ပုဂံတွေ ခွက် တွေပါမကျန်အားလုံး တစစီကွဲကုန်သည်။ အပြင်ဘက်ကပူဇော်ဖို့စောင့်နေသူများကတော့အံ့သြသင့် စွာနဲ့ ဖြစ်နေသော်ဘဲဘယ်သူမှဝင်မကြည့်ရဲ..
ဇူဂျောင်လျန်ကအေးစက်စွာရယ်လိုက်ပြီး...
"မင်းသိပ်ဉာဏ်ကောင်းတဲ့အကြံပေးမဟုတ်ဘူးလား? ဧကရီက မင်းဆန္ဒအတိုင်း ဒီကိုလာပြီး သာမန်လူကိုကူညီဖို့ငါ့ကိုစည်းရုံးနိုင်ခဲ့တယ်။ မင်းကတော့ သူ့ကိုတောင်မကာကွယ်နိုင်ဘူး?"
ဇူဂျောင်လျန်ကနတ်ကွန်းဘက်ကိုမျက်နှာမူပြီးပြော နေရစဉ်မှာ ချန်ရီကတော့တချိန်လုံး ကြမ်းပြင်ပေါ်ဒူးထောက်နေသည်။ သူတစ်ခုတည်းသောပြောနိုင်တာက
"အရှင်မင်းကြီး..."
ဇူဂျောင်လျန်က ချန်ရီကိုဆက်မပြောစေဘဲ
"သူမဘယ်လိုသေသွားတာလဲ? အဲဒါ ဇူယူဟုတ်တယ်မလား?"
ချန်ရီအကြည့်တွေအောက်ချထားရင်းချက်ခြင်းပြန်မဖြေနိုင်။ ဉာဏ်ရှိသူတိုင်းဒီကိစ္စနောက်ကွယ် ကလူက ဇူယူမှန်းသိနိုင်သည်။ ဒါပေမယ့်အခုက ဇူဘုရင်ကနာကျင်ဝမ်းနည်းဒေါသထွက်နေ သည်။ ဇူဘုရင်က ဒေါသတကြီးနဲ့ သူ့လူတွေကို ဇူယူသတ်ဖို့အမိန့်ပေးမှာကို ချန်ရီကြောက်သည်။
သာမန်ပြည်သူများ၏ မျက်လုံးများတွင် ဇူဘုရင်နှင့် ဇူယူတို့သည်ညီအစ်ကိုများဖြစ်သည်။ ညီအစ်ကိုတွေကြားမှာ လူသိရှင်ကြားသတ်ခိုင်းမယ်ဆိုရင် လူမှုရေးစံနှုန်းအရလက်ခံနိုင်ဖွယ်မရှိပါ။ ဇူဘုရင်က ဇူယူကိုသတ်ခဲ့လျှင် လူများ၏လေးစားမှုကိုဆုံးရှုံးသွားမှာကို ချန်ရီစိုးရိမ် မိသည်။

YOU ARE READING
Ugly Empress - 2
HistoryczneAuthor(s) Yun Guo Shi Fei 云过是非 ******* Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove...